၁ ယော-4

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ချစ် သူ တို့၊ မိ စ္ဆာ ပ ရော ဖက် အ များ သည် ဤ လော က ထဲ သို့ ထွက် သွား ကြ ပြီ ဖြစ် သော ကြောင့် ဝိ ညာဉ် တိုင်း ကို မ ယုံ ဘဲ ဘု ရား သ ခင့် ဘက် တော် ပါ ဟုတ် မ ဟုတ် စံ ချ ကြ လော့။
  • 2 ဘု ရား သ ခင့် ဝိ ညာဉ် တော် ကို သိ ရ မည့် နည်း မှာ ယေ ရှု ခ ရစ် ကို လူ့ ဇာ တိ ဖြင့် ကြွ လာ တော် မူ ပြီ ဟု ဝန် ခံ သော ဝိ ညာဉ် တိုင်း ဘု ရား သ ခင့် ဘက် တော် ပါ ဖြစ်၏။
  • 3 ယေ ရှု ကို ဝန် မ ခံ သော ဝိ ညာဉ် တိုင်း မူ ကား ဘု ရား သ ခင့် ဘက် တော် ပါ မ ဟုတ် ဘဲ ခ ရစ် တော်၏ ရန် ဘက် တော် ဖြစ်၏။ ပေါ် လာ မည် ဟု သင် တို့ ကြား ဖူး သည့် အ တိုင်း ဤ လော က တွင် ယ ခု ပင် ရှိ လေ ပြီ။
  • 4 သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
  • 5 သူ တို့ သည် ဤ လော က ဘက် သား ဖြစ် သော ကြောင့် လော က ဆိုင် ရာ များ ကို ပြော ဆို သ ဖြင့် လော က သား တို့ နာ ယူ တတ် ကြ၏။
  • 6 ငါ တို့ မူ ကား ဘု ရား သ ခင် ဘက် တော် သား ဖြစ် သ ဖြင့် ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ သည် နာ ယူ တတ်၏။ ဘု ရား သ ခင့် ဘက် တော် သား မ ဟုတ် သူ သည် မ နာ မ ယူ တတ်။ ထို သို့ သော အား ဖြင့် သ မ္မာ ဝိ ညာဉ် နှင့် မိ စ္ဆာ ဝိ ညာဉ် ကို ငါ တို့ သိ ရ ကြ၏။
  • 7 ချစ် သူ တို့၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ကုန် အံ့။ ချစ် ခြင်း မေ တ္တာ သည် ဘု ရား သ ခင် မှ ဖြစ် လျက် မေ တ္တာ ရှိ သူ တိုင်း ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ ဖြစ်၏။
  • 8 မေ တ္တာ မဲ့ သူ ကား ချစ် ခြင်း မေ တ္တာ တည်း ဟူ သော ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ မ ဟုတ်။
  • 9 သား တော် အား ဖြင့် အ သက် ရှင် ကြ စေ ရန် ဧ က ပု တ္တ သား တော် ကို ဤ လော က သို့ စေ လွှတ် တော် မူ ရာ၌ ဘု ရား သ ခင့် ချစ် ခြင်း မေ တ္တာ တော် သည် ငါ တို့ တွင် ထင် ရှား၏။
  • 10 ဘု ရား သ ခင် ကို ငါ တို့ ချစ် ကြ ရာ၌ မ ဟုတ်။ ငါ တို့ ကို ဘု ရား သ ခင် ချစ် လျက် ငါ တို့ အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် သား တော် ကို စေ လွှတ် တော် မူ ရာ၌ ထင် ရှား သ တည်း။
  • 11 ချစ် သူ တို့၊ ဘု ရား သ ခင် သည် ငါ တို့ ကို ဤ မျှ လောက် ချစ် တော် မူ လျှင် ငါ တို့ ကို အ ချင်း ချင်း ချစ် သင့် ကြ၏။
  • 12 ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။
  • 13 ငါ တို့ သည် ကိုယ် တော်၌ တည် လျက် ကိုယ် တော် လည်း ငါ တို့၌ တည် တော် မူ ကြောင်း ဝိ ညာဉ် တော် ဆု ကို သ နား တော် မူ သော ကြောင့် ငါ တို့ ကို သိ ရ သည့် ပြင်၊
  • 14 သား တော် ကို ဤ လော က၏ ကယ် တင် ရှင် အ ဖြစ် ခ မည်း တော် စေ လွှတ် တော် မူ ကြောင်း ဖူး မြင် ခဲ့ သည့် အ တိုင်း သက် သေ ခံ ကြ၏။
  • 15 ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် ကြောင်း ဝန် ခံ သူ၌ ဘု ရား သ ခင် တည် တော် မူ လျက် ထို သူ လည်း ဘု ရား သ ခင်၌ တည် သည့် အ လျောက်၊
  • 16 ငါ တို့ အ ပေါ်၌ ဘု ရား သ ခင် သက် တော် မူ သော ချစ် ခြင်း မေ တ္တာ ကို ငါ တို့ သိ မြင် ယုံ ကြည် ခဲ့ ကြ ပြီ။ ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည် နှင့် အ ညီ ချစ် ခြင်း မေ တ္တာ၌ တည် သူ သည် ဘု ရား သ ခင်၌ တည် လျက် ဘု ရား သ ခင် လည်း ထို သူ၌ တည် တော် မူ၏။
  • 17 ငါ တို့ သည် ကိုယ် တော်၏ အ ဖြစ် အ နေ တော် အ တိုင်း ပင် ဤ လော က တွင် ရှိ နေ၍ တ ရား စီ ရင် သည့် နေ့ တော်၌ ရဲ ရင် ခွင့် ရ ရှိ ခြင်း အား ဖြင့် ငါ တို့ တွင် ချစ် ခြင်း မေ တ္တာ စုံ လင် ပြီ။
  • 18 ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။
  • 19 ကိုယ် တော် သည် ဦး စွာ ငါ တို့ ကို ချစ် တော် မူ သော ကြောင့် ငါ တို့ ချစ် ကြ၏။
  • 20 ဘု ရား သ ခင် ကို ချစ် သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် မု သာ သုံး သူ ဖြစ်၏။ မြင် ဘူး သော ညီ အစ် ကို ချင်း မ ချစ် သူ သည် မ မြင် ဘူး သော ဘု ရား သ ခင် ကို မ ချစ် နိုင်။
  • 21 ကိုယ် တော့် ထံ မှ ငါ တို့ ရ ရှိ သော ပ ညတ် တော် မှာ ဘု ရား သ ခင် ကို ချစ် သူ သည် ညီ အစ် ကို ချင်း ကို လည်း ချစ် ရ မည် ဟူ၍ တည်း။
回到本卷目录 回到本版本目录 回到首页