1
ထင် ရှား ပြီး သော အ သက် တော်၊ ခ မည်း တော် အ ပါး တွင် တည် လျက် ငါ တို့ အား ထင် ရှား ပြီး ထာ ဝ ရ အ သက် တော် ကို ငါ တို့ မြင် ရ လျက် သင် တို့ အား သက် သေ ခံ၍ ကြား ပြော သည့် အ တိုင်း အ သက် တော် တည်း ဟူ သော နှုတ် က ပတ် တော် နှင့် စပ် လျဉ်း ၍ အ စ အ ဦး က ပင် တည် ရာ ကိုယ် တိုင် တို့ ကြား ရ လျက်၊ ဒိ ဋ္ဌ မြင် ခဲ့ ရာ၊ သိ မြင်၍ ကိုယ့် လက် နှင့် စမ်း သပ် ခဲ့ ရာ အ ရေး၊
2
3
ငါ တို့ နှင့် အ တူ သင် တို့ လည်း ဆက် ဆံ ခွင့် ရ ကြ အံ့ သော ငှာ ထို သို့ သိ မြင် ကြား နာ ခဲ့ ရာ အ ရေး ကို ပင် သင် တို့ အား ကြား ပြော ကြ သ တည်း။ ငါ တို့ သည် ခ မည်း တော် နှင့် လည်း ကောင်း၊ သား တော် ယေ ရှု ခ ရစ် နှင့် လည်း ကောင်း၊ ဆက် ဆံ ခွင့် ရ ကြ ပြီ ဖြစ်၍
4
အ ပြည့် အ စုံ ဝမ်း မြောက် ရ အံ့ သော ငှါ ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ ရေး လိုက် ၏။
5
ကိုယ် တော့် ထံ မှ ငါ တို့ နာ ယူ၍ သင် တို့ အား ပြန် ကြား ရ သော ဗျာ ဒိတ် တော် မှာ ဘု ရား သ ခင် သည် အ လင်း ဖြစ် လျက် ကိုယ် တော်၌ မှောင် မိုက် အ လျှင်း မ ရှိ ကြောင်း တည်း။
6
ငါ တို့ သည် ကိုယ် တော် နှင့် ဆက် ဆံ ခွင့် ရ သည် ဟု ဆို လျက် မှောင် မိုက်၌ သွား လာ လျှင် အ ဟုတ် အ မှန် မ ကျင့် ကြံ ဘဲ မု သာ သုံး ကြ ၏။
7
အ လင်း၌ ကိုယ် တော် တည် နေ တော် မူ သည့် နည်း တူ အ လင်း ၌ သွား လာ လျှင် မူ ကား အ ချင်း ချင်း ဆက် ဆံ ခွင့် ရ ကြ လျက် သား တော် ယေ ရှု၏ အ သွေး တော် သည် အ ပြစ် အ မျိုး မျိုး နှင့် ငါ တို့ ကို စင် ကြယ် စေ ၏။
8
အ ပြစ် မ ရှိ ဟု ငါ တို့ ဆို လျှင် ဟုတ် မှန် ခြင်း ကင်း လျက် ကိုယ် ကို လှည့် စား ကြ ၏။
9
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
10
ပြစ် မှား ဘူး သည် မ ဟုတ် ဟု ငါ တို့ ဆို လျှင် မု သာ သုံး တော် မူ သည် ဟု ဆို ရာ ရောက် လျက် တ ရား တော် သည် ငါ တို့၌ မ တည် ချေ။