ယော​ရှု-22

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် ယော ရှု သည်၊ ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ နှင့် မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ ကို ခေါ် ၍
  • 2 ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ မှာ ထား သ မျှ ကို သင် တို့ စောင့် လျှောက် လျက် ငါ မိန့် ဆို သ မျှ ကို လည်း နာ ခံ ကြ ပြီ။
  • 3 နေ့ ရက် ကြာ မြင့် စွာ ယ နေ့ တိုင် ဆွေ မျိုး သား ချင်း တို့ ကို မ စွန့် ဘဲ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မိန့် တာ ဝန် ကို စောင့် ရှောက် ခဲ့ ကြ ပြီ။
  • 4 ယ ခု မှာ က တိ ထား တော် မူ ခဲ့ သည့် အ တိုင်း၊ ဆွေ မျိုး သား ချင်း တို့ အား ရန် ငြိမ်း ခွင့် ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သ ဖြင့် ယော် ဒန် မြစ် တစ် ဖက်၌ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ပေး ခဲ့ သော ကိုယ့် ပိုင် နယ်၊ ကိုယ့် တဲ များ သို့ ပြန် သွား ကြ လော့။
  • 5 သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ထား ခဲ့ သော အ မိန့် တော် နှင့် ပ ညတ် တ ရား တော် အ တိုင်း ပြု ကျင့် ၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး ခြင်း၊ နည်း လမ်း တော် တိုင်း၌ လိုက် လျှောက် ခြင်း၊ အ မိန့် တော် ကို စောင့် ထိန်း ခြင်း၊ ကိုယ် တော် ထံ ဆည်း ကပ် ခြင်း၊ စိတ် နှ လုံး အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ ဝတ် ပြု ခြင်း များ ကို သ တိ မူ ကြ လော့ ဟု မှာ ထား လျက်
  • 6 ကောင်း ကြီး ပေး ပြီး လျှင်၊ နေ ရာ တဲ များ သို့ ပြန် သွား ခွင့် ပြု လေ ၏။
  • 7 မ နာ ရှေ့ အ နွယ် တစ် ဝက် အား၊ ယော် ဒန် မြစ် အ နောက် ဘက်၌ ဆွေ မျိုး သား ချင်း တို့ အ တွင်း ယော ရှု အ ပိုင် ပေး ခဲ့ ပြီ။ ဗာ ရှန် ပြည် ၌ မော ရှေ ယ မန် ပေး ခဲ့ သော တစ် ဝက် ကို ပြန် လွှတ် သော အ ခါ
  • 8 ယော ရှု က၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ အ ဝတ် တန် ဆာ၊ တိ ရ စ္ဆာန် မှ စ သော စည်း စိမ် အ မြောက် အ မြား ပါ လျက်၊ နေ ရာ တဲ များ သို့ ပြန် သွား ပြီး လျှင် ဆွေ မျိုး သား ချင်း တို့ အား ရန် သူ့ ထံ မှ လက် ရ ပ စ္စည်း ကို ဝေ ငှ ကြ လော့ ဟူ၍ ကောင်း ကြီး ပေး လေ ၏။
  • 9 ထို အ ခါ ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ သည် မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် အ ရ၊ အ ပိုင် ရ ပြီး သော ဂိ လဒ် နယ် သို့ ခါ နာန် ပြည်၊ ရှိ လော မြို့ နေ၊ ဣ သ ရေ လ အ မျိုး သား တို့ ထံ မှ ပြန် သွား လျက်၊
  • 10 ခါ နာန် ပြည်၊ ယော် ဒန် ခ ရိုင် သို့ ရောက် သော် ယော် ဒန် မြစ် အ နီး ထင် ရှာ သော ပ လ္လင် ကြီး ကို တည် ကြ ၏။
  • 11 ခါ နာန် ပြည် က န ဦး၊ ယော် ဒန် ခ ရိုင်၊ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် နယ် အ ဝင်၊ ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ သည် ပ လ္လင် ကို တည် ကြ သည် တ ကား ဟု ဣ သ ရေ လ အ မျိုး သား တို့ ကြား သိ လျှင်၊
  • 12 ထို သူ တို့ ကို ချီ တက် စစ် တိုက် ရန် ရှိ လော မြို့ တွင် ပ ရိ သတ် အား လုံး စည်း ဝေး ကြ ၏။
  • 13 ထို နောက် ဣ သ ရေ လ အ မျိုး သား တို့ သည် ပ ရော ဟိတ် ဧ လာ ဇာ့ သား ဖိ န ဟတ် နှင့် တ ကွ ဣ သ ရေ လ တစ် နွယ် လျှင် တစ် ယောက် ကျ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် အ ကြီး အ ကဲ တစ် ဆယ့် နှစ် ယောက် ကို ဂိ လဒ် နယ် ရှိ ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊
  • 14
  • 15 မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ ထံ စေ လွှတ်၍ ရောက် ကြ သော်၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် အား လုံး ဆင့် ဆို ကြ သည် ကား၊ သင် တို့ သည် ထာ ဝ ရ ဘု ရား ကို ယ နေ့ ပုန် ကန်၍ နောက် တော် မှ လွှဲ သွား လျက် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် သ စ္စာ တော် ကို ဖောက် ကျော် လျက် ပ လ္လင် ကို တည် ကြ သည် ကား အ သို့ နည်း။
  • 16
  • 17 သင် တို့ သည် ယ နေ့ ထာ ဝ ရ ဘု ရား နောက် တော် မှ လွဲ သွား ကြ သည် မှာ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် အ ပေါ် တွင် ကပ် ရော ဂါ သင့် ရောက် သည် နှင့် ယ ခု တိုင် ငါ တို့၌ မ ကင်း ရှင်း သေး သော ပေ ဂု ရ နတ် ကို ကိုး ကွယ် ခြင်း ပြစ် မှု သိမ် ဖျင်း သည် ဟု ထင် မှတ် သော ကြောင့် လော။ ထာ ဝ ရ ဘု ရား ကို ယ နေ့ သင် တို့ ပုန် ကန် ကြ သည့် အ တွက် နက် ဖြန် ဣ သ ရေ လ ပ ရိ သတ် အား လုံး အ ပေါ် တွင် အ မျက် ထား တော် မူ လိမ့် မည်။
  • 18
  • 19 သင် တို့ ပိုင် နယ် မ သန့် ခဲ့ လျှင်၊ ထာ ဝ ရ ဘု ရား၏ တဲ တော် တည် နေ ရာ၊ ထာ ဝ ရ ဘု ရား ပိုင် ရာ တော် သို့ ဖြတ် ကူး၍၊ ငါ တို့ အတွင်း ပိုင် နယ် ကို ယူ ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ လ္လင် တော် မှ တစ် ပါး၊ အ ခြား ပ လ္လင် ကို တည် ဆောက် လျက် ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ ငါ တို့ အား လည်း ကောင်း၊ ပုန် မ ကန် ကြ လင့်။
  • 20 ဇေ ရ သား အာ ခန် သည် မြေ လှန် ရာ ပါ ဥစ္စာ ကို ယူ၍ လွန် ကျူး သည့် ဒု စ ရိုက် ကြောင့် သူ့ ကိုယ် တိုင် သေ ဒဏ် ခံ ရုံ နှင့် မ ငြိမ်း ဘဲ ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် အ ပေါ် တွင် အ မျက် ဒဏ် သင့် ရောက် ခဲ့ ပြီ မ ဟုတ် လော ဟု ဆင့် ဆို ကြောင်း ပြန် ကြား ကြ ၏။
  • 21 ထို အ ခါ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် တို့ အား ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ က
  • 22 ကျွန် တော် တို့ သည် ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို ဖောက် ကျော်၍ ပုန် ကန် လို သော အ ကြံ နှင့် နောက် တော် မှ လွှဲ သွား ရန် သော် လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် ရန် သော် လည်း ကောင်း၊ ထို ပလ္လင် တည် မ တည် ကို ဘု ရား ထက် ဘု ရား ယေ ဟော ဝါ၊ ဘု ရား ထက် ဘု ရား ယေ ဟော ဝါ သိ တော် မူ ပါ ၏။ သင် တို့ လည်း သိ ကြ ပါ လိမ့် မည်။ ထို သို့ ပြု လျှင် ထာ ဝ ရ ဘု ရား ကိုယ် တော် တိုင် စစ် ကြော၍၊ ချမ်း သာ ခွင့် မ ရ သည် ဖြစ် ပါ စေ သော။
  • 23
  • 24 တည် သော အ ကြောင်း ကား၊ နောင် ကာ လ၌ ကျွန် တော် တို့ သား မြေး တို့ အား သင် တို့ သား မြေး များ က အို ရု ဗင်၊ ဂဒ် အ နွယ် သား တို့၊ ထာ ဝ ရ ဘု ရား သည် ငါ တို့ နှင့် သင် တို့ ကြား တွင် ယော် ဒန် မြစ် ကို နယ် စပ် အ ဖြစ် ထား တော် မူ သော ကြောင့် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် မည် သို့ ဆိုင် ကြ သ နည်း။ ထာ ဝ ရ ဘု ရား ကို တစ် စွန်း တစ် စ မျှ သင် တို့ မ ပိုင် ကြ ရ ဟု ဆို လျက် ကျွန် တော် တို့ သား မြေး တို့ ကို ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ကင်း စေ ကြ လိမ့် မည် ဟု စိုး ရိမ် သော ကြောင့် တည်း။
  • 25
  • 26 သို့ နှင့် အ ညီ၊ နောင် ကာ လ၌ ကျွန် တော် တို့ သား မြေး တို့ အား သင် တို့ သား မြေး တို့ က ထာ ဝ ရ ဘု ရား ကို တစ် စွန်း တစ် စ မျှ သင် တို့ မ ပိုင် ကြ ဟု ဆို ခွင့် မ ရ စေ ခြင်း ငှာ ကျွန် တော် တို့ က၊ မီး ရှို့ ရာ သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး အဖို့ မ ဟုတ်။ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး ဖြင့် ဘု ရား ဝတ် ကို ပြု ခွင့် ရ သော ကျွန် တော် တို့ နှင့် သင် တို့ ကြား တွင်၊ သား စဉ် မြေး ဆက် သက် သေ ဖြစ် စိမ့် သော ငှါ၊ ပ လ္လင် တော် ကို တည် ကြ ကုန် အံ့ ဟူ၍ လည်း ကောင်း၊
  • 27
  • 28 နောင် ကာ လ သား စဉ် မြေး ဆက် တို့ အား ထို သို့ ဆို မိ လျှင်၊ မီး ရှို့ ရာ သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး အ ဖို့ မ ဟုတ်။ ကျွန် တော် တို့ နှင့် သင် တို့ ကြား တွင် သက် သေ ဖြစ် စေ ခြင်း ငှာ၊ ဘိုး ဘေး တို့ တည် လုပ် ခဲ့ သော ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ပုံ ကို ကြည့် ကြ ဦး လော့ ဟု ဆို ခွင့် ရ ကြ လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ကျွန် တော် တို့ အောက် မေ့ ကြ ပါ ၏။
  • 29 ကျွန် တော် တို့ သည် ယ နေ့ ထာ ဝ ရ ဘု ရား ကို ပုန် ကန် လျက်၊ နောက် တော် မှ လွှဲ သွား လျက်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ တဲ တော် ရှေ့ ပူ ဇော် ရာ ပ လ္လင် တော် မှ တစ် ပါး မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး အ ဖို့၊ ပ လ္လင် တစ် မျိုး ကို တည် ဆောက် သော ပြစ် မှု သည် ကျွန် တော် တို့ နှင့် ကင်း ဝေး ပါ စေ သော ဟု ဆို ကြ ၏။
  • 30 ပ ရော ဟိတ် ဖိ နပ် ဟတ် နှင့် လိုက် ပါ သူ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် ဖြစ် သော ပ ရိ သတ် အ ကြီး အ ကဲ တို့ သည် ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ ပြော ဆို သော စ ကား ကို ကြား လျှင်၊ နှစ် သက် ကြ သ ဖြင့်
  • 31 ပ ရော ဟိတ် ဧ လာ ဇာ့ သား ဖိ န ဟတ် က၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို သင် တို့ မ ဖောက် ကျော် သော ကြောင့် ထာ ဝ ရ ဘု ရား သည် ငါ တို့ အ လယ် တွင် တည် ရှိ တော် မူ ကြောင်း ယ နေ့ ငါ တို့ သိ ရ ကြ ပါ၏။ သင် တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ထာ ဝ ရ ဘု ရား လက် တော် မှ ယ နေ့ လွတ် မြောက် စေ ကြ ပြီ ဟု ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ အား ဆို ပြီး နောက်
  • 32 ထို သူ တို့ နေ ရာ ဂိ လဒ် နယ် မှ ဣ သ ရေ လ အ မျိုး သား တို့ နေ ရာ ခါ နာန် ပြည် သို့၊ အ ကြီး အ ကဲ တို့ နှင့် တ ကွ ပြန် သွား ကြား ပြော ကြ ၏။
  • 33 ဣ သ ရေ လ အ မျိုး သား တို့ သည် ထို စ ကား ကို နှစ် သက်၍၊ ရု ဗင်၊ ဂဒ် အ နွယ် သား တို့ နေ ရာ နယ် ကို ချီ တက် ဖျက် ဆီး မည့် အ ကြံ ကင်း ငြိမ်း လျက် ဘု ရား သ ခင် ကို သြ ဘာ ဆက် ကြ ကုန် ၏။
  • 34 ရု ဗင်၊ ဂဒ် အ နွယ် သား တို့ က လည်း ယေ ဟော ဝါ သာ လျှင် ဘု ရား သ ခင် ဖြစ် ကြောင်း ငါ တို့ ကြား တွင် သက် သေ တည်း ဟူ၍ ထို ပလ္လင် ကို ဧ ဒ ဟု သ မုတ် ကြ သ တည်း။
回到本卷目录 回到本版本目录 回到首页