ယော​ရှု-17

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယော သပ် သား ဦး မ နာ ရှေ့ အ နွယ် မဲ ကျ၍ ရ သော နယ် ကား၊ မ နာ ရှေ့ သား ဦး၊ ဂိ လဒ် အ ဘ မာ ခိ ရ သည် သူ ရဲ ကောင်း ဖြစ်၍ ဂိ လဒ်၊ ဗာ ရှန် နယ် များ ကို ရ လေ ၏။
  • 2 မ နာ ရှေ၏ အ ခြား သား အ ဗျေ ဇာ၊ ဟေ လက်၊ အ သ ရေ လ၊ ရှေ ခင်၊ ဟေ ဗာ၊ ရှ မိ ဒ တို့ အ ဆက် များ လည်း အိမ် ထောင် အ လိုက် မဲ ကျ ၍ ပိုင် ရ ကြ၏။ ထို သူ တို့ သည် ယော သပ် သား မ နာ ရှေ၏ သား စဉ် မြေး ဆက် တို့ တည်း။
  • 3 မ နာ ရှေ့ တီ၊ မာ ခိ ရ မြစ်၊ ဂိ လဒ် မြေး၊ ဟေ ဖာ့ သား၊ ဇ လော ဖဒ်၌ ကား၊ သား ယောက်ျား မ ရှိ။ မာ လာ၊ နော အာ၊ ဟော ဂ လာ၊ မိ လ ခါ၊ တိ ရ ဇာ အ မည် ရှိ သော သ မီး များ သာ ရှိ သ ဖြင့်၊
  • 4 ထို မိန်း မ တို့ သည် ပ ရော ဟိတ် ဧ လာ ဇာ၊ နန်ု့ သား ယော ရှု နှင့် အ ကြီး အ ကဲ တို့ ထံ ချဉ်း ကပ်၍၊ ဆွေ မျိုး သား ချင်း တို့ အ တွင်း ကျွန် မ တို့ အ ပိုင် ရ စေ ခြင်း ငှာ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ ပါ ပြီ ဟု လျှောက် ဆို ကြ သည့် အ တိုင်း၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ၊ ဆွေ မျိုး သား ချင်း တို့ အ တွင်း အ ပိုင် ပေး ကြ ၏။
  • 5 ထို သို့ မ နာ ရှေ့ အ ဆက် မိန်း မ တို့ သည် ဆွေ မျိုး သား ချင်း တို့ အ တွင်း အ ပိုင် ရ ကြ သော ကြောင့်၊ ယော် ဒန် မြစ် တစ် ဖက် မ နာ ရှေ၏ သား စဉ် မြေး ဆက် တို့ ပိုင် ရ သော ဂိ လဒ်၊ ဗာ ရှန် နယ် များ မှ တစ် ပါး၊ ဆယ် ပိုင်း ကို မ နာ ရှေ့ အ နွယ် သား တို့ ရ ကြ၏။
  • 6
  • 7 မ နာ ရှေ့ နယ် စပ် သည် အာ ရှာ မြို့ မှ ရှေ ခင် မြို့ ရင် ဆိုင် မိတ် မေ သ မြို့ သို့ ရောက် ပြီး မှ လက်ယာ ဘက် အင် တာ ပွာ မြို့ သို့ ရောက် ၏။
  • 8 မ နာ ရှေ့ အ နွယ် သည် တာ ပွာ ခ ရိုင် ကို ပိုင် သော် လည်း မ နာ ရှေ နယ် တွင် ဧ ဖ ရိမ့် အ နွယ် သား တို့ ပိုင် မြို့ များ အ နက်၊ မ နာ ရှေ့ နယ် စပ် ရှိ တာ ပွာ မြို့ ကို လည်း ပိုင် ကြ၏။ နယ် စပ် သည် ကာ န ချောင်း တောင် ဘက် တစ် လျှောက်၊ ပင် လယ်၌ ဆုံး လေ၏။
  • 9
  • 10 ထို ချောင်း တောင် ဘက် နယ် သည်၊ ဧ ဖ ရိမ့် အ နွယ် ပိုင်၊ မြောက် ဘက် ကား မ နာ ရှေ့ အ နွယ် ပိုင် ဖြစ် ၏။ ပင် လယ် ကမ်း တစ် လျှောက် နယ် စပ် လျက်၊ မြောက် ဘက် အာ ရှာ နယ် နှင့်လည်း ကောင်း၊ အ ရှေ့ ဘက် ဣ သ ခါ နယ် နှင့် လည်း ကောင်း စပ် ၏။
  • 11 အာ ရှာ နှင့် ဣ သ ခါ နယ် များ တွင် မ နာ ရှေ့ အ နွယ် ပိုင် သော မြို့ များ ကား၊ ကုန်း သုံး တန်း ဖြစ် သော ဗက် ရှန်၊ ဣ ဗ လံ၊ ဒေါ ရ၊ အ င်္ဒေါ ရ၊ တာ နက်၊ မေ ဂိ ဒ္ဒေါ မြို့ များ နှင့် နိ ဂုံး များ တည်း။
  • 12 မ နာ ရှေ့ အ နွယ် သား တို့ သည် ၎င်း မြို့ များ တွင် နေ ထိုင် သူ တို့ ကို မ နှင် ထုတ် နိုင် သ ဖြင့် ထို ခါ နာန် လူ မျိုး တို့ အ တင်း နေ ကြ သေး ၏။
  • 13 နောက် ကာ လ ဣ သ ရေ လ အ မျိုး သား တို့ အင် အား တိုး တက် သော အ ခါ ထို သူ တို့ ကို မ နှင် ထုတ် ဘဲ လ မိုင်း သား ဖြစ် စေ ကြ၏။
  • 14 ထို ကာ လ ယော ရှု ထံ ယော သပ် အ နွယ် သား တို့ က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မင်္ဂ လာ ကြောင့် ကြီး ပွား သော အ နွယ် ဖြစ် သူ ကျွန် တော် တို့ အား မဲ ကျ ရာ တစ် နယ် တည်း ပေး သည် မှာ အ သို့ ကြောင့် နည်း ဟု မေး လျှောက် ကြ သော်၊
  • 15 ယော ရှု က၊ ကြီး ပွား သော အ နွယ် ဖြစ် သူ သင် တို့၌ ဧ ဖ ရိမ် ခင် တန်း ကျဉ်း မြောင်း သည် ဖြစ် လျှင်၊ ဖေ ရ ဇိ၊ ရေ ဖိမ် လူ မျိုး တို့ ပိုင် ပြည် ရှိ တော အ ရပ် သို့ သွား၍ ခုတ် ထွင် ကြ လော့ ဟု မိန့် ဆို ရာ၊
  • 16 ယော သပ် အ နွယ် သား တို့ က၊ ဧ ဖ ရိမ် ခင် တန်း သည် ကျွန် တော် တို့ အ ဖို့ မ လောက် သေး သည် မှန် သော် လည်း ချိုင့် ရှိ ဗက် ရှန် မြို့ နှင့် နိ ဂုံး များ ၌ လည်း ကောင်း၊ ယေ ဇ ရေ လ ချိုင့် ၌ လည်း ကောင်း၊ နေ ထိုင် သော ခါ နာန် လူ မျိုး တို့ မှာ သံ ဖြင့် ပြီး သော စစ် ရ ထား ရှိ ပါ သည် ဟု လျှောက် ပြန် လျှင်၊
  • 17 ယော ရှု က၊ ခွန် အား နှင့် တ ကွ ကြီး ပွား သော အ နွယ် ဖြစ် သူ သင် တို့ သည် တစ် နယ် တည်း ကို မ ရ သင့်။
  • 18 တော ကြီး ဖြစ် သော ခင် တန်း ကို ခုတ် ထွင်၍ အ ပိုင် ရ ကြ မည်။ သံ ရ ထား တပ် နှင့် ခွန် အား ကြီး သော ခါ နာန် လူ မျိုး လူ တို့ ကို နှင် ထုတ် ပြီး မှ တော ခင် တန်း၊ အ ဆင်း ချိုင့် ကို လည်း ပိုင် ရ ကြ လိမ့် မည် ဟု ဧ ဖ ရိမ်၊ မ နာ ရှေ တည်း ဟူ သော ယော သပ် အ နွယ် သား တို့ အား ပြော ဆို၏။
回到本卷目录 回到本版本目录 回到首页