1
ဆွေ မျိုး သား ချင်း၏ နွား၊ သိုး၊ ဆိတ် လမ်း လွဲ သည် ကို တွေ့ မြင် လျှင်၊ မျက် နှာ မ လွှဲ ဘဲ၊ အ မှန် ပြန် ပို့ ရ မည်။
2
ပိုင် ရှင် ကို မ သိ သော်လည်း ကောင်း၊ အ နေ ဝေး သော်လည်း ကောင်း၊ ကိုယ့် အိမ် သို့ မောင်း နှင်၍ ပိုင် ရှင် လိုက် ရှာ လျက် အပ် နှံ ခွင့် မ ရ မ ချင်း ထိန်း သိမ်း လော့။
3
ဆွေ မျိုး သား ချင်း၏ ပျောက် သော မြည်း ကို သော်လည်း ကောင်း၊ အ ထည် ကို သော်လည်း ကောင်း၊ အ ခြား တစ် စုံ တစ် ရာ ကို သော်လည်း ကောင်း၊ သင် တွေ့ လျှင်၊ မျက် နှာ မ လွှဲ ဘဲ၊ ထို နည်း တူ ပြု လော့။
4
လမ်း ခ ရီး တွင် ဆွေ မျိုး သား ချင်း၏ မြည်း နွား ဝပ် လဲ သည် ကို တွေ့ မြင် လျှင်၊ မျက် နှာ မ လွှဲ ဘဲ၊ မု ချ ကူ ညီ ထောက် မ လော့။
5
မိန်း မ သည် ယောက်ျား ဝတ် ဆင် ရာ ကိုလည်း ကောင်း၊ ယောက်ျား သည် မိန်း မ ဝတ် ဆင် ရာ ကိုလည်း ကောင်း၊ မ ဝတ် မ ဆင် ရ။ ဝတ် ဆင် လျှင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ်၏။
6
လမ်း အ နီး သစ် ပင် ရှိ၊ မြေ ရှိ သိုက် မြုံ၌၊ ဥ အ ထက် ဖြစ် စေ၊ သား ငယ် အ ထက် ဖြစ် စေ၊ ဝပ် နေ သော ငှက် မ ကို တွေ့ ကြုံ လျှင်၊ သား ရော အ မိ ပါ မ ယူ ရ။
7
သား ငယ် ကို နှိုက် ယူ သော် လည်း၊ ကောင်း စား လျက် တာ ရှည် ခွင့် ရ အံ့ သော ငှါ၊ အ မိ ကို လွှတ် လော့။
8
တိုက် အိမ် သစ် ကို တည် ဆောက် သည့် ကာ လ၊ အ မိုး မှ လူ ကျ သ ဖြင့် တိုက် အိမ်၌ သွေး သွန်း ပြစ် ရောက် မည် စိုး၍၊ စိန် တောင် ကို ကာ လော့။
9
သင် တို့ ကြဲ ရာ မျိုး မှ ရ သော အ သီး အ နှံ၊ စ ပျစ် သီး ပါ သီး သန့် ရာ ဝ တ္ထု ဖြစ် မည် စိုး၍၊ စ ပျစ် ခြံ တွင် မျိုး နှစ် မျိုး မ ကြဲ ရ။
10
နွား နှင့် မြည်း ကို ဖက်၍ လယ် မ လုပ် ရ။
11
သိုး ချည် လျှော် ချည် နှစ် မျိုး ရက် ထည် ကို မ ဝတ် ရ။
12
ခြုံ ထည် အ မြိတ် လေး ထောင့်၌ ပန်း ပွား များ ကို လုပ်၍ တပ် လော့။
13
အ ကယ်၍ လူ တစ် ဦး သည် မိန်း မ ကို ယူ လျက်၊ ဝင် ထွက် ပြီး မှ မေ တ္တာ ကုန် သည့် အ တိုင်း၊
14
ငါ ယူ သော ဤ မိန်း မ ထံ ဝင် သော်၊ က ညာ စစ် လ က္ခ ဏာ ကို မ တွေ့ ဟူ သော ပ ရိ ယာယ် စ ကား ဖြင့် အ သ ရေ ဖျက် လျှင်၊
15
ထို မိန်း မ၏ မိ ဘ တို့ သည် က ညာ စစ် လ က္ခ ဏာ ပါ ရှိ သော အ ထည် ကို မြို့ ရွာ လူ ကြီး တို့ ရှိ ရာ တံ ခါး ဝ အ နီး သို့ ဆောင် သွား ခင်း ပြ လျက်၊ အ ဘ က၊ သ မီး ကို ထို ယောက်ျား အား ကျွန် တော် ထိမ်း မြား ပါ ပြီ။ မေ တ္တာ ကုန် သ ဖြင့်၊ သင့် သ မီး၌ က ညာ စစ် လ က္ခ ဏာ မ တွေ့ ဟူ သော ပရိ ယာယ် စ ကား သုံး သော် လည်း က ညာ စစ် လက္ခ ဏာ ကို ကြည့် ကြ ပါ ဟု လျှောက် ဆို သည့် အ တိုင်း၊
16
17
18
လူ ကြီး တို့ သည်၊ ဣ သ ရေ လ လူ မျိုး အ ပျို က ညာ၏ အ သ ရေ ဖျက် သော ထို သူ့ ကို ခေါ်၌ ကြိမ် ဒဏ် ပေး လျက်၊ အ ဘ အား ငွေ တစ် ရာ ကန် တော့ ကြေး ပေး စေ သည့် ပြင်၊ တစ် သက် ပတ် လုံး မ စွန့် မ ကွာ ရ သော မ ယား အ ဖြစ် သိမ်း ပိုက် ရန် စီ ရင် ကြ စေ။
19
20
က ညာ စစ် လ က္ခ ဏာ မ တွေ့ ကြောင်း မှန် လျှင် မူ ကား၊
21
ထို မိန်း မ ကို အ ဘ အိမ် ဝင်း တံ ခါး အ နီး သို့ ဆောင် သွား ပြီး လျှင်၊ ဣ သ ရေ လ လူ မျိုး တွင် ယုတ် မာ စွာ ပြု ကျင့် လျက်၊ အ ဘ အိမ်၌ ပင် ပြည် တန် ဆာ လုပ် သော ကြောင့် မြို့ ရွာ နေ ယောက်ျား တို့ သည် ခဲ ပစ် သတ် ဒဏ် ခတ် ကြ စေ။ သို့ မှ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် လိမ့် မည်။
22
အ ကယ်၍ လူ တစ် ဦး သည်၊ ကာ မ ပိုင် လင် ရှိ မိန်း မ နှင့် ဆက် ဆံ သည် ကို တွေ့ မိ လျှင်၊ ယောက်ျား မိန်း မ နှစ် ဦး လုံး သေ ဒဏ် ခံ ကြ စေ။ သို့ မှ ဣ သ ရေ လ လူ မျိုး တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် လိမ့် မည်။
23
အ ကယ်၍ လူ တစ် ဦး သည်၊ ယောက်ျား မှန်း ပြီး သော အ ပျို က ညာ ကို မြို့ ရွာ အ တွင်း တွေ့ ကြုံ ဆက် ဆံ လျှင်၊
24
မြို့ အ တွင်း ဖြစ် လျက် မ အော် သော မိန်း မ နှင့်၊ သာ မိ က မိန်း မ ကို ရှုတ် ချ သော ယောက်ျား နှစ် ဦး လုံး ကို မြို့ တံ ခါး ပြင် သို့ ထုတ် ပြီး လျှင်၊ ခဲ ပစ် သတ် ဒဏ် ခတ် ကြ လော့။ သို့ မှ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် လိမ့် မည်။
25
ယောက်ျား မှန်း ပြီး သော မိန်း မ ကို၊ တော အ ရပ်၌ တွေ့ ကြုံ၍ မု ဒိမ်း ကျင့် လျှင် မူ ကား၊ ကျင့် သူ ယောက်ျား သာ သေ ဒဏ် ခံ စေ။
26
မိန်း မ မှာ မူ၊ သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ကို မ ပြု သော ကြောင့်၊ ကင်း လွတ် စေ။ တော အ ရပ်၌ အ တွေ့ ခံ ရ သော မိန်း မ အော် သော် လည်း၊ ကယ် သူ မ ရှိ သည့် အ တွက် ထို အ မှု သည်၊ သူ တစ် ပါး ကို အ သေ သတ် သော လက် ရောက် မှု နှင့် တူ သ တည်း။
27
28
အ ကယ်၍ မ မှန်း သေး သော အ ပျို က ညာ ကို လူ တစ် ဦး တွေ့ ကြုံ ၍ ကိုင် ဆွဲ ဆက် ဆံ သည် ကို တွေ့ မိ လျှင်၊
29
ထို ဆက် ဆံ သူ သည် သ မီး ကို ရှုတ် ချ သည့် အ တွက် အ ဘ အား ငွေ ငါး ဆယ် ကန် တော့ ရ မည့် ပြင်၊ တစ် သက် ပတ် လုံး မ စွန့် မ ကွာ ရ သော မ ယား အ ဖြစ် သိမ်း ပိုက် စေ။
30
မည် သူ မ ဆို၊ အ ဘ နှောင်း မ ယား ကို မ သိမ်း ပိုက်၊ မ ဆက် ဆံ ရ။