1
သင် တို့ သည် ရန် သူ တို့ ကို စစ် တိုက် ရန် ချီ ထွက် လျက်၊ သင် တို့ ထက် များ ပြား သည့် မြင်း တပ်၊ ရ ထား တပ် နှင့် ပြည့် စုံ သော ရဲ မက် တို့ ကို တွေ့ မြင် သည့် ကာ လ၊ အိ ဂျစ် ပြည် မှ ဆောင် တော် မူ ခဲ့ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပါ ရှိ တော် မူ သော ကြောင့်၊ မ ကြောက် မ ရွံ့ ကြ ရ။
2
စစ် မ တက် မီ၊ ပ ရော ဟိတ် တစ် ပါး ချဉ်း လာ လျက် ကိုယ့် ရဲ မက် တို့ အား နှိုး ဆော် ရ မည် မှာ အို ဣ သ ရေ လ လူ မျိုး၊ နာ ခံ ကြ လော့။
3
ရန် သူ တို့ ကို စစ် တိုက် ရန် ယ နေ့ ချဉ်း ဝင် ကြ တော့ မည်။ စိတ် ပျက် ကြောက် ရွံ့ ထိတ် လန့် တုန် လှုပ် ခြင်း မ ရှိ ကြ နှင့်။
4
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဘေး လွတ် စေ ခြင်း ငှါ၊ ဗိုလ် ထု နှင့် တ ကွ ကြွ ချီ၍၊ ရန် သူ တို့ ကို စစ် တိုက် တော် မူ လိမ့် မည် ဟု နှိုး ဆော် ပြီး မှ၊
5
တပ် ရေး တို့ က လည်း၊ သင် တို့ အ တွင်း၊ တိုက် အိမ် သစ် ကို တည် ဆောက် လျက် အိမ် တက် ပွဲ မ ပြု ရ သေး သူ ရှိ လျှင် စစ် ရေး၌ ကျ ဆုံး သ ဖြင့် အိမ် တက် ပွဲ ကို သူ တစ် ပါး မ ပြု ရစေ ခြင်း ငှါ အိမ် သို့ ပြန် သွား စေ။
6
စ ပျစ် ခြံ ကို စိုက် ပျိုး လျက် မ သုံး စား ရ သေး သူ ရှိ လျှင်၊ စစ် ရေး၌ ကျ ဆုံး သ ဖြင့်၊ သူ တစ် ပါး မ သုံး စား ရ စေ ခြင်း ငှါ၊ အိမ် သို့ ပြန် သွား စေ။
7
မိန်း မ ကို မှန်း ထား လျက် မ သိမ်း ပိုက် ရ သေး သူ ရှိ လျှင်၊ စစ် ရေး၌ ကျ ဆုံး သ ဖြင့်၊ သူ တစ် ပါး မ သိမ်း ပိုက် ရ စေ ခြင်း ငှါ၊ အိမ် သို့ ပြန် သွား စေ ဟူ ၍ လည်း ကောင်း၊
8
ကြောက် ရွံ့ စိတ် လျော့ သူ ရှိ လျှင် တပ် သား ချင်း တို့ စိတ် မ လျော့ စေ ခြင်း ငှါ၊ အိမ် သို့ ပြန် သွား စေ ဟူ ၍ လည်း ကောင်း၊
9
ရဲ မက် တို့ အား မိန့် ဆို သည့် အ ဆုံး၌ ရဲ မက် တို့ အ ပေါ် တွင် ဗိုလ် မှူး များ ကို ခန့် ထား ကြ လော့။
10
သင် တို့ သည် မြို့ တစ် မြို့ ကို တိုက် ယူ ရန် ချဉ်း ဝင် ကြ မည့် ကာ လ၊ အ သက် ချမ်း သာ ခွင့် ကို ကြော် ငြာ ကြ ရ သည့် အ တိုင်း၊
11
ခံ ယူ လို ကြောင်း တုံ့ ပြန်၍၊ တံ ခါး ဖွင့် ပေး ကြ လျှင်၊ မြို့ သူ မြို့ သား အ ပေါင်း တို့ သည် လ မိုင်း အ မှု ကို ထမ်း ကြ စေ။
12
မ ခံ ယူ ဘဲ ခု ခံ ကြ လျှင် ကား၊ ဝန်း ဝိုင်း သော သင် တို့ လက် တွင်း သို့ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သော် ယောက်ျား ဟူ သ မျှ ကို ဓား ဖြင့် လုပ် ကြံ လျက်၊
13
14
မိန်း မ၊ သူ ငယ်၊ တိ ရ စ္ဆာန် များ မှ စ၍၊ ဥ စ္စာ ပ စ္စည်း ရှိ သ မျှ ကို လက် ရ သိမ်း ယူ သ ဖြင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သည့် အ လျောက်၊ ရန် သူ တို့ ဥ စ္စာ ပ စ္စည်း များ ကို သုံး စား ကြ ရ မည်။
15
သင် တို့ နှင့် ဝေး ကွာ လျက် ဆို အံ့ သော လူ မျိုး ခြား တို့ မ ပိုင် ဆိုင် ရာ မြို့ ရွာ များ ကို ထို နည်း အ တိုင်း ပြု ကြ လော့။
16
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော၊ ဟိ တ္တိ၊ အာ မော ရိ၊ ခါ နနိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး ခြား တို့ ပိုင် ဆိုင် ရာ မြို့ ရွာ များ မှာ မူ ချင်း တို့ ဘု ရား များ အား ရွံ ရှာ ဖွယ် ဝတ် ပြု ခြင်း အ လိုက် သင် ကြား၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မ ပြစ် မှား အံ့ သော ငှါ၊ အ မိန့် တော် အ တိုင်း မြေ လှန် လျက်၊ ဇီ ဝ သက် ရှိ တစ် စုံ တစ် ရာ ကို မျှ အ ရှင် မ ထား ကြ လင့်။
17
18
19
မြို့ တစ် မြို့ ကို သိမ်း ယူ ရန် ကြာ မြင့် စွာ တိုက် ခိုက် ဝန်း ဝိုင်း ရ ကြ လျှင်၊ အ ပင် များ မှ အ သီး ကို စား ခွင့် ရှိ၏။ ပု ဆိန် ကို မြှောက် ဝင်၍ မ ခုတ် မ လှဲ မ ဖျက် ဆီး ကြ ရ။ ခြံ ရှိ အ ပင် များ သည် တိုက် ခိုက် ရ သော ရန် သူ မ ဟုတ် ချေ။
20
အ သီး မ သီး ဟု သင် တို့ သိ သော အ ပင် မျိုး ကို ကား ခုတ် လှဲ ဖျက် ဆီး သ ဖြင့် ခု ခံ သော မြို့ ကို ရ သည့် တိုင် အောင် က တုတ် လုပ် ခွင့် ရှိ ကြ ၏။