1
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် နယ် အ တွင်း၊ သတ် သူ မ ထင် ရှား ဘဲ လူ သေ အ လောင်း ကို တော အ ရပ်၌ တွေ့ လျှင်၊
2
လူ ကြီး၊ တ ရား သူ ကြီး တို့ ထွက် လာ၍ လူ သေ ပတ် ဝန်း ကျင် ရှိ မြို့ များ အ ထိ တိုင်း တာ ကြ ရ သည် နှင့် အ ညီ၊
3
အ နီး ဆုံး သော မြို့ ရွာ ရှိ လူ ကြီး များ တို့ သည် စေ စား ခြင်း၊ ထမ်း ပိုး တင် ခြင်း မ ခံ ဘူး သော နွား မ တန်း ကို ယူ ၍၊
4
လယ် မ လုပ်၊ မျိုး မ ကြဲ၊ ရေ မ ပြတ် သော ချောင်း ရှိ ရာ ချိုင့် ထဲ သို့ ငင် သွား လျက်၊ လည် ကို ချိုး ကြ စေ။
5
ရှေ့ တော်၌ ဝတ် ပြု စေ ရန်လည်း ကောင်း၊ နာ မ တော် ကို အ မှီ ပြု၍ ကောင်း ကြီး မင်္ဂ လာ ပေး စေ ရန် လည်း ကောင်း၊ သင် တို့ ဘု ရား သခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ တိုင်း လက် ရောက် မှု မှ စ၍ အ မှု အ မျိုး မျိုး ကို ဆုံး ဖြတ် ရ သော လေ ဝိ အ နွယ် ပ ရော ဟိတ် တို့ လည်း ချဉ်း လာ ကြ ပြီး လျှင်၊
6
အ လောင်း နှင့် နီး သော ထို မြို့ ရွာ ရှိ လူ ကြီး တို့ သည် ချိုင့် တွင် လည် ချိုး ပြီး နွား မ တန်း အ ပေါ်၌ လက် ဆေး လျက်၊
7
ငါ တို့ သည် ဤ သွေး သွန်း မှု ကို လက် ရောက် မ ပြု။ မြင် လည်း မ မြင် ပါ။
8
အို ထာ ဝ ရ ဘု ရား၊ ရွေး နုတ် တော် မူ ခဲ့ သော ဣ သ ရေ လ လူ မျိုး တော် ကို ချမ်း သာ ပေး၍၊ လူ မျိုး တော် ဘောင် တွင် အ ပြစ် ကင်း သူ၏ သွေး သွန်း ပြစ် ကို ထား တော် မ မူ ပါ လင့် ဟု တောင်း လျှောက် ကြ သည့် အ တိုင်း သွေး သွန်း ပြစ် ချမ်း သာ ရ ကြ လိမ့် မည်။
9
သို့ မှ ထာ ဝ ရ ဘု ရား ရှေ့ ဖြောင့် မှန် စွာ ပြု ကျင့် လျက် သင် တို့ ဘောင် တွင် အ ပြစ် ကင်း သူ၏ သွေး သွန်း ပြစ် ကို ပယ် ရှား ရာ ရောက် ကြ လိမ့် မည်။
10
သင် တို့ သည် ရန် သူ တို့ ကို စစ် တိုက် ရန် ချီ ထွက် ကြ သည့် ကာ လ၊ လက် တွင်း သို့ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သည့် အ လျောက်၊
11
သုံ့ ဘမ်း သိမ်း သွား သူ များ အ နက် ရှု ချင် ဖွယ် လှ ပ သော မိန်း မ တစ် ယောက် ကို မြင်၍ သိမ်း ပိုက် ရန် ခင် မင် သော သ ဘော ရှိ လျှင်၊
12
အိမ် သို့ ခေါ် ဆောင် ပြီး မှ၊ ဆံ ရိတ် ခြင်း၊ လက် သည်း ဖြတ် ခြင်း၊
13
သုံ့ ဘမ်း ပါ အ ဝတ် လဲ ခြင်း၊ မိ ဘ တို့ အ တွက် တစ် လ တိုင် တိုင် မြည် တမ်း နေ ထိုင် ခြင်း များ ကို ပြု စေ ပြီး နောက်၊ သူ့ ထံ ဝင် ထွက် လျက် သ မီး ခင် ပွန်း ဖြစ် ကြ လော့။
14
ထို မိန်း မ အား စိတ် ကုန် လျှင်၊ ရှုတ် ချ ခဲ့ သည် ကို ထောက်၍၊ ကျွန် စေ စား ခြင်း၊ ရောင်း ခြင်း မ ပြု ဘဲ အ လို အ လျောက် ထွက် သွား စေ။
15
အ ကယ်၍ လူ တစ် ဦး၌၊ မေတ္တာ ရှိ၊ မေ တ္တာ မဲ့ မ ယား နှစ် ယောက် ရှိ ရာ၊ ထို နှစ် ယောက် ဖွား မြင် သော သား များ အ နက် သား ဦး သည်၊ မေ တ္တာ မဲ့ သူ၏ သား ဖြစ် လျှင်၊
16
သား တို့ အား အ မွေ ဝေ ပေး သည့် ကာ လ၊ သား ဦး ဖြစ် သူ၊ မေ တ္တာ မဲ့ သော မ ယား၏ သား အ စား၊ မေ တ္တာ ရှိ သော မ ယား၏ သား ငယ် အား၊ သြ ရ သ အ မွေ မ ပေး ဘဲ၊
17
ခွန် အား၏ က န ဦး ဖြစ် သည့် အ လျောက်၊ သြ ရ သ အ ခွင့် အ ရာ ကို ရ ထိုက် သူ၊ မေ တ္တာ မဲ့ သော မ ယား ၏ သား အား ပိုင် ဆိုင် သ မျှ အ နက် နှစ် ပုံ ကို ဝေ ပေး လျက် သြ ရ သ သား ဟူ၍ မှတ် စေ။
18
အ ကယ်၍ လူ တစ် ဦး ၌၊ မိ ဘ တို့ ဆုံး မ သော် လည်း၊ မ နာ ခံ၊ မ နာ ယူ၊ ခဲ ယဉ်း တော် လှန် သော သား ရှိ လျှင်၊
19
မိ ဘ တို့ သည်၊ ထို သား ကို မြို့ ရွာ လူ ကြီး တို့ ရှိ ရာ တံ ခါး ဝ အ နီး သို့ ဆွဲ ငင် ခေါ် ဆောင် လျက်၊
20
ကျွန် တော် တို့ သား သည်၊ မိ ဘ စ ကား ကို နား မ ထောင် ဘဲ၊ ခဲ ယဉ်း တော် လှန် သူ၊ အ သောက် အ စား လွန် ကြူး သူ ဖြစ် ပါ သည် ဟု လျောက် ဆို ကြ သည့် အ တိုင်း
21
မြို့ ရွာ နေ ယော က်ျား အ ပေါင်း တို့ သည် ခဲ ပစ် သတ် ဒဏ် ခတ် ကြ စေ။ သို့ မှ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် သ ဖြင့်၊ ဣ သ ရေ လ တစ် မျိုး လုံး ကြား သိ ကြောက် ရွံ့ ကြ လိမ့် မည်။
22
အ ကယ် ၍ သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ပြု သူ ကို သေ ဒဏ် ခတ် လျက် ကား တင် ကြ လျှင်၊
23
ကား တင် ခံ ရ သူ သည် ဘု ရား သ ခင့် ထံ အ မင်္ဂ လာ ရှိ သူ ဖြစ် သော ကြောင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် ကို မ သန့် အောင် မ ပြု ကြ အံ့ သော ငှါ၊ အ လောင်း ကို ကား တိုင်၌ ညဉ့် မ သိပ် ဘဲ နေ့ ချင်း မြေ မြှုပ် ကြ လော့။