1
ငါ သည် သင် တို့ ထံ ပူ ပန် ခံ ရန် ပြန် လာ မည် မ ဟုတ် ဟု စိတ် ပြ ဋ္ဌာန်း ခဲ့၏။
2
သင် တို့ ကို ငါ ပူ ပန် စေ လျှင် ငါ့ ကို ဝမ်း မြောက် စေ မည့် သူ ကား ပူ ပန် ရ သူ သင် တို့ မှ တ ပါး မည် သူ ရှိ တော့ အံ့ နည်း။
3
ငါ့ ၏ ရွှင် လန်း ခြင်း အ ကြောင်း သည် သင် တို့ ရှိ သ မျှ၏ ရွှင် လန်း ခြင်း အ ကြောင်း ဖြစ် သည် ဟု သင် တို့ ရှိ သ မျှ ကို ရည် လျက် ငါ စိတ် ချ သည့် အ လျောက် ငါ့ ကို ရွှင် လန်း စေ အပ် သော သင် တို့ ထံ မှာ ပူ ပန် မည် စိုး ၍ ငါ မ လာ ဖြစ် ဘဲ စာ ရေး လိုက် ၏။
4
သင် တို့ ကို ပူ ပန် စေ ရန် မ ဟုတ်။ လွန် ကဲ သော မေ တ္တာ ရှိ ကြောင်း သိ စေ ရန် ကြီး စွာ သော စိတ် ဒု က္ခ နှင့် အ ပူ အ ဆွေး ခံ လျက် မျက် ရည် များ စွာ ကျ လျက် ရေး လိုက် ရ ၏။
5
ပူ ပန် စေ သူ ရှိ လျှင် ငါ့ ကို သာ မ ဟုတ်။ သင် တို့ ရှိ သ မျှ ကို မ နည်း မ များ ပူ ပန် စေ ကြောင်း အ ပြစ် ကြီး မ တင် လို၍ ငါ ဆို၏။
6
ထို သို့ သော သူ့ ကို အ များ စီ ရင် ပြီး ပြစ် ဒဏ် တော် လောက် ပြီ ဖြစ်၍၊
7
လွန် စွာ ပူ ပန် ခြင်း၌ မ နစ် မွန်း စေ ရန် ချမ်း သာ ပေး လျက် နှစ် သိမ့် စေ လျှင် သင့် လျော်၏။
8
ထို ကြောင့် ထို သူ့ အ ပေါ်၌ သင် တို့ မေ တ္တာ ကို တည် ပြန် စေ ရန် ငါ နှိုး ဆော်၏။
9
သင် တို့ သည် အ ရာ ရာ၌ လိုက် နာ မည်၊ မ နာ မည် ကို စုံ စမ်း လျက် သိ အံ့ သော ငှါ သာ ငါ ရေး ခဲ့ သည့် အ လျောက်
10
တစ် စုံ တစ် ယောက် ကို သင် တို့ ချမ်း သာ ပေး လျှင် ငါ လည်း ပေး မည်။ ငါ သည် ချမ်း သာ ပေး ရန် ရှိ ခဲ့ လျှင် ငါ တို့ အ ပေါ် တွင် စာ တန် တင် စား ခွင့် မ ရ စေ ခြင်း ငှာ ခ ရစ် တော့် ရှေ့ တွင် သင် တို့ အ တွက် ငါ ပေး ပြီ။ စာ တန် ၏ အ ကြံ အ စည် များ ကို ငါ တို့ သိ ကြ၏။
11
12
ငါ သည် ခ ရစ် တော်၏ သ တင်း တော် မြတ် အ တွက် တ ရော မြို့ သို့ ရောက် ရာ အ ရှင် ဘု ရား အား ဖြင့် ဆောင် ရွက် ခွင့် တံ ခါး ပွင့် သော် လည်း၊
13
ညီ တိ တု နှင့် မ ဆုံ မိ သော ကြောင့် စိ တ္တ သု ခ မ ရှိ သည် ဖြစ်၍ အ သင်း တော် ကို နှုတ် ဆက် ပြီး လျှင် မာ ကေ ဒေါ နိ ပြည် သို့ ထွက် သွား ရ၏။
14
သို့ ရာ တွင် ငါ တို့ ကို ခ ရစ် တော့် နောက် အောင် ပွဲ တွင် အ စဉ် ထုတ် ပြ လျက် အ ရပ် ရပ်၌ ကိုယ် တော် နှင့် သိ ကျွမ်း ခြင်း ရ နံ့ ကို ငါ တို့ ကြောင့် ထင် ရှား စေ တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ၏။
15
အ သို့ ဆို သော် ငါ တို့ သည် ကယ် တင် ရာ ရောက် လျက် နေ သူ တို့၌လည်း ကောင်း၊ ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် ရှေ့ ခ ရစ် တော်၏ အ မွေး အ ကြိုင် ဖြစ် သည့် အ လျောက်၊
16
တစ် ဖက် သား တို့၌ သေ ခြင်း ကို အ ထပ် ထပ် တိုး တက် စေ သော ရ နံ့၊ တစ် ဖက် သား တို့၌ ရှင် ခြင်း ကို အ ထပ် ထပ် တိုး တက် စေ သော ရ နံ့ ဖြစ် ကြ၏။ ထို သို့ ဆောင် ရွက် ရန် မည် သူ တတ် စွမ်း သ နည်း ဟု မေး လျှင်၊
17
အ များ တို့ ကဲ့ သို့ ဘု ရား သ ခင့် တ ရား တော် ကို ရော စပ် မြတ် စွန်း မှု မ ပြု ဘဲ ကြည် လင် သူ အ ဖြစ်၊ ဘု ရား သ ခင် သွန် သင် သူ အ ဖြစ်၊ မျက် မှောက် တော် တွင် ခ ရစ် တော် ကို အ မှီ ပြု၍ ဟော ပြော သော ငါ တို့ ပင် တည်း။