1
တ တိ ယ ကြိမ် သင် တို့ ထံ ငါ ရောက် လာ သည် မှာ သက် သေ ခံ နှစ် ဦး သုံး ဦး ထွက် ဆို က ပြစ် မှု ရှိ သ မျှ တည် စေ မည်။
2
ပြစ် မှား မြဲ ပြစ် မှား သူ တို့ မှ စ၍ ကြွင်း သူ တို့ အား ဒု တိ ယ အ ကြိမ် ငါ ရှိ စဉ် အ ခါ ပြော ဆို ခဲ့ သည့် အ တိုင်း ငါ့ အား ဖြင့် ခ ရစ် တော် မိန့် ဆို တော် မူ ကြောင်း သက် သေ ကို သင် တို့ ရှာ ကြ သည် ဖြစ်၍ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဆို ဦး မည် မှာ ငါ ပြန် ရောက် လျှင် ညှာ မည် မ ဟုတ်။ ထို အ ရှင် သည် သင် တို့ နှင့် စပ်၍ အား မ နည်း ဘဲ သင် တို့ ဘောင် တွင် တန် ခိုး နှင့် ပြည့် စုံ တော် မူ၏။
3
4
အား နည်း ခြင်း အ ဖြစ် ကြောင့် ကား တင် ခံ သည် မှန် သော် လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် အ သက် ရှင် လျက် ရှိ တော် မူ သည့် နည်း တူ ကိုယ် တော်၌ အား နည်း သော ငါ တို့ လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် ကိုယ် တော် ကဲ့ သို့ သင် တို့ နှင့် စပ်၍ အ သက် ပြည့် စုံ ရ ကြ လိမ့် မည်။
5
သင် တို့ သည် ယုံ ကြည် ခြင်း တ ရား၌ တည်၊ မ တည် ကိုယ် ကို စုံ စမ်း လျက် စံ ချ ကြ လော့။ စံ တော် မ မှီ သူ များ မ ဟုတ် ခဲ့ လျှင် သင် တို့၌ ယေ ရှု ခ ရစ် တည် တော် မူ ကြောင်း ကိုယ် တိုင် မ သိ ကြ လော။
6
ငါ တို့ မူ ကား စံ တော် မ မှီ သူ များ မ ဟုတ် ကြောင်း သင် တို့ သိ ကြ လိမ့် မည် ဟု ငါ အောက် မေ့၏။
7
အ ဆိုး ကို သင် တို့ မ ပြု ရ မည့် အ ကြောင်း ဘု ရား သ ခင့် ထံ ငါ တို့ ပ တ္ထ နာ ပြု ကြ သည် မှာ ငါ တို့ သည် စံ တော် မီ ကြောင်း ထင် ရှား စေ ရန် မ ဟုတ်၊ စံ တော် မ မီ ဟန် ရှိ လျက် ပင် သင် တို့ သည် ပါ ရ မီ ဖြည့် ကြ စေ ရန် တည်း။
8
ငါ တို့ သည် သ မ္မာ တ ရား ကို ဆန့် ကျင် လျက် မည် သည် ကို မျှ မ ပြု နိုင်။ သ မ္မာ တ ရား အ ဖို့ သာ ပြု ခွင့် ရှိ ကြ၏။
9
သို့ နှင့် အ ညီ ငါ တို့ သည် အား နည်း သော် လည်း သင် တို့ အား ကြီး သော် ရွှင် လန်း ကြ၏။ သင် တို့၌ စုံ လင် ခြင်း ရှိ စေ ရန် လည်း ငါ တို့ ပ တ္ထ နာ ပြု ကြ၏။
10
ထို အ ကြောင်း ကြောင့် ဖြို လဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သော အ ခွင့် အာ ဏာ အ လျောက် ငါ ရောက် လာ သော် ကြပ် တည်း စွာ မ ပြု ရ စေ ခြင်း ငှာ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဤ သို့ ရေး လိုက်၏။
11
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။
12
တစ် ယောက် ကို တစ် ယောက် သန့် ရှင်း စွာ နမ်း ရှုပ် လျက် နှုတ် ဆက် ကြ လော့။
13
သီး သန့် ထား တော် မူ သူ ရှိ သ မျှ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။
14
အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော်၊ ဘု ရား သ ခင်၏ မေ တ္တာ တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ မိတ် သ ဟာ ယ တော် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် ပါ စေ သော။