လုကာ-9

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို ခေါ် ပြီး လျှင် နတ် ရှိ သ မျှ ကို နိုင် ခွင့်၊ အာ ဏာ တန် ခိုး နှင့် အ နာ ရော ဂါ များ ကို ကင်း ပျောက် စေ ခွင့်၊ အာ ဏာ တန် ခိုး ပေး အပ် တော် မူ လျက်၊
  • 2 ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ကြား ပြော၍ သူ နာ တို့ ကို ကျန်း မာ စေ ရန် စေ လွှတ် တော် မူ ရာ၊
  • 3 လမ်း ခ ရီး အ ဖို့ မည် သည့် အ ရာ ကို မျှ မ ဆောင် ကြ နှင့်။ တောင် ၀ေး၊ လွယ် အိတ်၊ ရိ က္ခာ၊ ကြေး ငွေ၊ အင်္ကျီ နှစ် ထည် မ ပါ ရ။
  • 4 မည် သည့် အိမ် သို့ မ ဆို ဝင် သော် မ ထွက် မ သွား မီ ထို အိမ်၌ တည်း ခို ကြ လော့။
  • 5 မည် သူ မ ဆို သင် တို့ ကို လက် မ ခံ လျှင် ထို မြို့ ရွာ မှ ထွက် သွား သည့် ကာ လ သူ တို့ တစ် ဖက် သက် သေ အ ဖြစ် ခြေ မုန့် ကို ပင် ခါ ခဲ့ ကြ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊
  • 6 ထို သူ တို့ ထွက် သွား ပြီး လျှင် မြို့ ရွာ အ ရပ် ရပ် သို့ လှည့် လည် လျက် သ တင်း တော် မြတ် ကို ဟော ပြော၍ သူ နာ များ ကို ကျန်း မာ စေ ကြ ၏။
  • 7 ထို သို့ ဖြစ် ပျက် သ မျှ ကို ဘု ရင် ခံ မင်း ဟေ ရုဒ် ကြား သော် အ ချို့ တို့ က ယော ဟန် သည် သေ သူ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ပြီ ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ဧ လိ ယ ပေါ် ထွန်း ပြန် ပြီ ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ပ ရော ဖက် ဟောင်း တစ် ပါး ပါး ရှင် ပြန် ထ မြောက် ပြီ ဟူ၍ လည်း ကောင်း ဆို ကြ သော ကြောင့်၊
  • 8
  • 9 စိတ် ရှုပ် ထွေး ခြင်း ရှိ သ ဖြင့် ယော ဟန် ကို ငါ ခေါင်း ဖြတ် လိုက် ပြီ။ ထို သို့ ငါ သ တင်း ကြား ရ သော ဤ သူ ကား မည် သူ နည်း ဟု မေး လျက် ကိုယ် တော် ကို တွေ့ မြင် ရန် ရှာ ကြံ လေ၏။
  • 10 တ မန် တော် တို့ သည် ပြန် လာ၍ ပြု ခဲ့ သ မျှ အ ချင်း အ ရာ များ ကို ဖော် ပြ ကြ ပြီး လျှင် ဗက် ဇဲ ဒ ခေါ် မြို့ သို့ အ သီး အ ခြား ခေါ် သွား တော် မူ သော်၊
  • 11 လူ ပ ရိ သတ် သိ ကြ သ ဖြင့် လိုက် သွား ကြ ရာ ကိုယ် တော် သည် လက် ခံ၍ ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ဟော ပြော လျက် သူ နာ တို့ ကို ကျန်း မာ စေ တော် မူ၏။
  • 12 နေ့ ကုန် လု သော် တစ် ဆယ့် နှစ် ပါး တို့ သည် ချဉ်း ကပ်၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ သို့ သွား ရောက် တည်း ခို လျက် စား နပ် ရိ က္ခာ ရ ယူ ကြ စေ ရန် လူ ပ ရိ သတ် ကို လွှတ် တော် မူ ပါ။ ယ ခု နေ ရာ တော အ ရပ် ဖြစ် ပါ သည် ဟု လျှောက် ကြ လျင်၊
  • 13 ကိုယ် တော် က စား ရန် သင် တို့ ပေး ကြ ဟု မိန့် တော် မူ ရာ ဤ သူ ရှိ သ မျှ စား ရန် သွား၍ မ ဝယ် ရ လျှင် တ ပည့် တော် တို့ တွင် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ပြင် မ ရှိ ပါ ဟု ပြန် လျှောက် ကြ၏။
  • 14 လူ ပ ရိ သတ် ကား ယောက်ျား ငါး ထောင် ခန့် ရှိ သ တည်း။ ထို အ ခါ တစ် စု လျှင် ငါး ဆယ် ခန့် စီ အ စု စု ထိုင် ကြ စေ ဟု မိန့် တော် မူ သည့် အ တိုင်း လိုက် နာ၍ ထို သူ အား လုံး ကို ထိုင် စေ ပြီး နောက်၊
  • 15 ကိုယ် တော် သည် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ကို ယူ၍ ကောင်း ကင် သို့ မျှော် ကြည့် လျက် ကောင်း ကြီး ပေး၍ ဖဲ့ ပြီး လျှင် လူ ပ ရိ သတ် ရှေ့ တည် စေ ရန် တ ပည့် တော် တို့ အား ပေး တော် မူ ၏။
  • 16
  • 17 ထို သူ ရှိ သ မျှ စား၍ ဝ ကြ သည့် နောက် စား ကြွင်း အ ကျိုး အ ပဲ့ ကို ဆွဲ တောင်း တစ် ဆယ့် နှစ် တောင်း အ ပြည့် ကောက် ရ ကြ၏။
  • 18 တစ် နေ့ သ ၌ ကိုယ် တော် သည် တစ် ပါး တည်း ပ ဌ နာ ပြု တော် မူ စဉ် တ ပည့် တော် တို့ ပါ ရှိ ကြ သ ဖြင့် ကိုယ် တော် က ငါ သည် မည် သူ ဖြစ် သည် ဟု လူ ပ ရိ သတ် တို့ ဆို ကြ သ နည်း ဟူ၍ မေး မြန်း တော် မူ သည့် ကာ လ၊
  • 19 အ ချို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ဖြစ် ကြောင်း၊ အ ချို့ က ဧ လိ ယ ဖြစ် ကြောင်း၊ အ ချို့ က ပ ရော ဖက် ဟောင်း တစ် ပါး ပါး ရှင် ပြန် ထ မြောက် ကြောင်း ဆို ကြ ပါ သည် ဟု တ ပည့် တော် တို့ ပြန် လျှောက် ကြ ရာ၊
  • 20 သင် တို့ ကား ငါ သည် မည် သူ ဖြစ် သည် ဟု ဆို ကြ သ နည်း ဟူ ၍ မေး တော် မူ ပြန် သည့် ကာ လ ပေ တ ရု က ဘု ရား သ ခင်၏ ဘိ သိက် တော် ခံ မင်း တည်း ဟု ပြန် လျှောက် ၏။
  • 21 ထို အ ကြောင်း ကို မည် သူ့ အား မျှ မ ကြား မ ပြော ကြ စေ ရန် မြစ် တား ကန့် ကွက် တော် မူ လျက်၊
  • 22 လူ့ သား သည် ဒု က္ခ များ စွာ ခံ ရ မည့် အ ကြောင်း၊ လူ ကြီး များ ပ ရော ဟိတ် ကြီး များ နှင့် ကျမ်း တတ် ဆ ရာ များ တို့ ငြင်း ပယ် ခြင်း ကို ခံ ရ မည့် အ ကြောင်း၊ အ သေ ခံ ပြီး နောက် သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ မည် အ ကြောင်း များ ကို မိန့် တော် မူ ၏။
  • 23 ၎င်း ပြင် ရှိ သ မျှ တို့ အား ကိုယ် တော် က မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ နေ့ စဉ် ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။
  • 24 ကိုယ့် အ သက် ကို ကယ် လို သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် ကြောင့် အ သက် ရှုံး သူ တိုင်း ကား အ သက် ကို ကယ် လိမ့် မည်။
  • 25 လူ သည် တစ် လော က လုံး ကို အ ပိုင် ရ ၍ ကိုယ့် အ သက် ဆုံး ရှုံး လျှင် မည် သည့် အ ကျိုး ရှိ သ နည်း။
  • 26 မည် သူ မ ဆို ငါ နှင့် ငါ့ မိန့် ဆို ချက် ကြောင့် ရှက် လျှင်၊ လူ့ သား သည် ကိုယ်၏ ဘုန်း၊ ခ မည်း တော်၏ ဘုန်း၊ သန့် ရှင်း သော စေ တ မန် တော် တို့၏ ဘုန်း ကို ဆောင် လျက် ကြွ လာ သည့် ကာ လ ထို သူ ကြောင့် ရှက် တော် မူ လိမ့် မည်။
  • 27 ဤ တွင် ရပ် နေ သူ အ ချို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် ကို မ မြင် မီ အ လျှင်း မ သေ ရ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
  • 28 ထို သို့ မိန့် တော် မူ ပြီး နောက် ရှစ် ရက် ခန့် ကြာ သော် ကိုယ် တော် သည် ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ် တို့ ကို ခေါ်၍၊
  • 29 ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ ပြီး လျှင် ပ ဌ နာ ပြု စဉ် မျက် နှာ တော် အ ဆင်း ပြောင်း လျက် အ ဝတ် တော် ဖြူ ဆွတ် တောက် ပ လျက် ရှိ တော် မူ ရာ၊
  • 30 မော ရှေ နှင့် ဧ လိ ယ တည်း ဟူ သော ပု ဂ္ဂိုလ် နှစ် ပါး လည်း ဘုန်း ကို ဆောင် လျက် ထင် ရှား ပြီး လျှင် ယေ ရု ရှ လင် မြို့ တွင် ပြည့် စုံ ရ မည့် ထွက် မြောက် တော် မူ ခြင်း အ ကြောင်း ကိုယ် တော် နှင့် တိုင် ပင် ကြ၏။
  • 31
  • 32 အိပ် နေ ကြ သူ ပေ တ ရု မှ စ သော အ ပေါင်း အ ဖော် တို့ နိုး သော် ကိုယ် တော်၏ ဘုန်း တော် ကို လည်း ကောင်း၊ အ တူ ရပ် နေ သော ပု ဂ္ဂိုလ် နှစ် ပါး ကိုလည်း ကောင်း မြင် ကြ သ ဖြင့် အ ထံ တော် မှ ထို နှစ် ပါး ထွက် ခွာ ဆဲ တွင်၊
  • 33 မည် သို့ လျှောက် မှန်း ကို မ သိ ဘဲ ပေ တ ရု က သ ခင်၊ ဤ တွင် နေ ထိုင် ရန် ကောင်း ပါ သည်။ ကိုယ် တော် ဖို့ တစ် ဆောင်၊ မော ရှေ ဖို့ တစ် ဆောင်၊ ဧ လိ ယ ဖို့ တစ် ဆောင် တဲ သုံး ဆောင် ထိုး ပါ ရ စေ ဟု ယေ ရှု အား လျှောက် ထား စဉ်၊
  • 34 တိမ် တိုက် လွှမ်း မိုး ၍ ဖုံး ကွယ် လျှင် သူ တို့ ကြောက် ရွံ့ ကြ၏။
  • 35 ထို တိမ် တိုက် ထဲ က လည်း ဤ သူ ကား ငါ ရွေး ချယ် ရာ ချစ် သား ပေ တည်း။ သူ့ အ မိန့် ကို နာ ခံ ကြ ဟု ဗျာ ဒိတ် တော် သံ ရောက် လာ ပြီး နောက်၊
  • 36 ယေ ရှု တစ် ပါး တည်း ကို သာ တွေ့ မြင် ကြ၏။ တ ပည့် တော် တို့ လည်း မြင် ရ သော အ ကြောင်း အ ရာ များ ကို ထို နေ့ ရက် ကာ လ တွင် မည် သူ့ အား မျှ မ ကြား မ ပြော ဘဲ ဆိတ် ဆိတ် နေ ကြ သ တည်း။
  • 37 နောက် နေ့ ၌ တောင် ပေါ် မှ ဆင်း လာ ကြ သော အ ခါ လူ ပ ရိ သတ် ကြီး ဆီး ကြို သော်၊
  • 38 ပ ရိ သတ် ပါ သူ တစ် ယောက် က ဆ ရာ၊ အ ကျွန်ုပ်၏ ဧ က ပု တ္တ သား ကို ရှု ကြည့် တော် မူ ရန် တောင်း ပန် ပါ သည်။
  • 39 နတ် သည် ဖမ်း စား လေ ရာ ရာ၌ သူ ငယ် ရုတ် တ ရက် အော် ဟစ်၍ နှုတ် က အ မြှုတ် ထွက် အောင် တုန် တက် စေ သည့် ပြင် ဖိ ကြိတ် ခြင်း ကို စိုး စဉ်း မျှ သာ လှပ်၍ ထွက် တတ် ပါ ၏။
  • 40 နှင် ထုတ် ရန် ဆ ရာ့ တ ပည့် တို့ ထံ တောင်း ပန် သော် လည်း မ တတ် နိုင် ကြ ပါ ဟု ဟစ်၍ လျှောက် သည့် ကာ လ၊
  • 41 ယေ ရှု က ယုံ ကြည် ခြင်း ကင်း ၍ ကောက် ကျစ် သော အို လူ မျိုး၊ ငါ သည် သင် တို့ နှင့် မည် မျှ ကြာ ရှိ နေ၍ သည်း ခံ ရ မည် နည်း။ သား ကို ယူ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း၊
  • 42 လာ စဉ် ပင် နတ် သည် သူ ငယ် ကို လှဲ ချ ၍ ပြင်း စွာ တုန် တက် စေ၏။ ထို အ ခါ ယေ ရှု သည် ထို နတ် ဆိုး ကို ဆုံး မ၍ သူ ငယ် ကို ကျန်း မာ စေ ပြီး လျှင် အ ဘ ထံ ပြန် အပ် တော် မူ ရာ၊
  • 43 ရှိ သ မျှ တို့ သည် ဘု ရား သ ခင့် မ ဟာ တန် ခိုး တော် ကို အ လွန် အံ့ သြ ကြ၏။ပြု တော် မူ သ မျှ ကို လူ အ ပေါင်း တို့ အံ့ သြ လျက် နေ ကြ စဉ်၊
  • 44 တ ပည့် တော် တို့ အား ကိုယ် တော် က လူ့ သား သည် လူ တို့ လက် သို့ ပို့ အပ် ခံ ရ မည် ဟူ၍ ဤ မိန့် ဆို ချက် များ ကို နာ ယူ နား စိုက် ကြ လော့ ဟု မိန့် တော် မူ၏။
  • 45 မ သိ မ မြင် စေ ရန် ထို အ မိန့် တော် ဝှက် ထား လျက် ရှိ သ ဖြင့် တ ပည့် တော် တို့ နား မ လည် ကြ။ အ ဓိ ပ္ပါယ် ကို လည်း မ မေး မ လျှောက် ဝံ့ ကြ ချေ။
  • 46 တ ပည့် တော် တို့ သည် မည် သူ အ ကြီး မြတ် ဆုံး ဖြစ် သည် ကို ဆွေး နွေး ကြ ရာ၊
  • 47 စိတ်၌ ထို သို့ ဆင် ခြင် ကြ သည် ကို သိ မြင် တော် မူ သည် နှင့် သူ ငယ် တစ် ယောက် ကို ခေါ်၍ အ ပါး တော် တွင် ထား ပြီး လျှင်၊
  • 48 ကိုယ် တော် က မည် သူ မ ဆို ငါ့ နာ မ ကို ထောက်၍ ဤ သူ ငယ် ကို လက် ခံ လျှင် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။ သင် တို့ တွင် အ သိမ် ငယ် ဆုံး သော သူ သည် ကြီး မြတ် သော သူ ဖြစ် သည် ဟု မိန့် တော် မူ၏။
  • 49 ထို အ ခါ ယော ဟန် က သ ခင်၊ လူ တစ် ယောက် သည် ကိုယ် တော်၏ နာ မ တော် နှင့် နတ် များ နှင် ထုတ် နေ သည် ကို တွေ့ မြင်၍ တ ပည့် တော် တို့ နောက် မ လိုက် သော ကြောင့် မြစ် တား ခဲ့ ကြ ပါ သည် ဟု ပြန် လျှောက် ရာ၊
  • 50 ယေ ရှု က မ မြစ် တား ကြ နှင့်၊ သင် တို့ တစ် ဖက်၌ မ ရှိ သူ သည် သင် တို့ ဘက်၌ ရှိ သည် ဟု မိန့် တော် မူ၏။
  • 51 နေ့ ရက် တာ ပြည့် စုံ၍ ကိုယ် တော် ကို ချီ ဆောင် ချိန် နီး သော် ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ သို့ ကြွ ရန် တည့် တည့် ရှေ့ ရှု လျက်၊
  • 52 ရှေ့ လွန် စေ လွှတ် တော် မူ သည့် အ တိုင်း ပြင် ဆင် အံ့ သော ငှာ တ မန် တို့ သွား၍ ရှ မာ ရိ ရွာ တစ် ရွာ သို့ ဝင် ကြ ရာ၊
  • 53 ယေ ရု ရှ လင် မြို့ ကို ရှေ့ ရှု တော် မူ သော ကြောင့် ထို ရွာ သား တို့ သည် ကိုယ် တော် ကို လက် မ ခံ ကြ၊
  • 54 တ ပည့် တော် ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ သိ မြင် သော် အ ရှင် ဘု ရား၊ ကောင်း ကင် မှ မီး ကျ၍ သူ တို့ ကို ကျွမ်း လောင် ရန် တ ပည့် တော် တို့ ဓိ ဋ္ဌာန် စေ လို တော် မူ သ လော ဟု မေး လျှောက် ကြ သော်၊
  • 55 ကိုယ် တော် သည် လှည့်၍ ဆုံး မ တော် မူ ပြီး လျှင် အ ခြား ရွာ သို့ သွား ကြ၏။
  • 56
  • 57 ခ ရီး သွား ကြ စဉ် လူ တစ် ဦး က ကိုယ် တော် ကြွ တော် မူ ရာ မည် သည့် အ ရပ် သို့ မ ဆို တ ပည့် လိုက် ပါ မည် ဟု လျှောက် သည့် ကာ လ၊
  • 58 ယေ ရှု က မြေ ခွေး များ မှာ တွင်း ရှိ၏။ လေ သ တ္တ ဝါ များ မှာ အ သိုက် ရှိ၏။ လူ့ သား မှာ မူ ခေါင်း ချ ရာ မျှ မ ရှိ ဟု မိန့် တော် မူ၏။
  • 59 အ ခြား သူ တစ် ယောက် အား ငါ့ နောက် က လိုက် လော့ ဟု မိန့် တော် မူ သည့် ကာ လ အ ရှင် ဘု ရား၊ အ ဘ ကို သင်္ဂြိုလ် ရန် သွား ခွင့် ပေး ပါ ဦး ဟု ပြန် လျှောက် ရာ၊
  • 60 ကိုယ် တော် က သူ သေ များ ကို ဆိုင် ရာ သူ သေ တို့ သင်္ဂြိုလ် ကြ စေ။ သင် မူ ကား ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ကို သွား၍ ကြော် ငြာ လော့ ဟု မိန့် တော် မူ၏။
  • 61 တစ် ယောက် က လည်း အ ရှင် ဘု ရား၊ တ ပည့် လိုက် ပါ မည်။ သို့ ရာ တွင် အိမ် ရှိ သူ တို့ ကို နှုတ် ဆက် ရန် ခွင့် ပေး ပါ ဦး ဟု လျှောက် သော်၊
  • 62 ယေ ရှု က ထွန် ကိုင်း ကို ကိုင် ပြီး လျှင် နောက် သို့ လှည့် ကြည့် သူ တိုင်း ဘု ရား သ ခင့် နိုင် ငံ တော် နှင့် မ ထိုက် မ တန် ဟု ပြန်၍ မိန့် တော် မူ၏။
回到本卷目录 回到本版本目录 回到首页