မဿဲ-27

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 နံ နက် အ ချိန် ရောက် သော် ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး ရှိ သ မျှ တို့ သည် ယေ ရှု ကို ကွပ် မျက် ခြင်း ငှာ တိုင် ပင် ပြီး လျှင်
  • 2 ချည် နှောင် ယူ သွား၍ ဘု ရင် ခံ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။
  • 3 ထို နောက် ကိုယ် တော် အ ပြစ် စီ ရင် ခံ ရ ကြောင်း ကို ပို့ အပ် သူ ယု ဒ သိ မြင် သည့် ကာ လ သံ ဝေ ဂ ရ ၍ အ ထက် ငွေ ကျပ် သုံး ဆယ် ကို ပ ရော ဟိတ် ကြီး တို့ နှင့် လူ ကြီး တို့ ထံ ပြန် ပေး လျက်
  • 4 အ ပြစ် ကင်း သူ့ ကို အပ် သည့် အ တွက် ကျွန် တော် ပြစ် မှား မိ ပါ ပြီ ဟု ဆို ရာ ငါ တို့ နှင့် မည် သို့ ဆိုင် သ နည်း။ ကိုယ် တိုင် ထောက် ရှု လော့ ဟု ပြန် ဆို ကြ သော်
  • 5 ယု ဒ သည် ထို ငွေ ကို သန့် ရှင်း ရာ ဌာ န အ တွင်း ပစ် ချ လျက် အ ခြား သို့ ထွက် သွား ပြီး လျှင် ကြိုး ဆွဲ ချ ၍ သေ လေ ၏။
  • 6 ပ ရော ဟိတ် ကြီး တို့ သည် ထို ငွေ ကို ယူ၍ သွေး ဖိုး ငွေ ဖြစ် သော ကြောင့် အ လှူ တိုက် တွင် မ သွင်း အပ် ဟု ဆို လျက် တိုင် ပင် ပြီး လျှင်
  • 7 အာ ဂ န္တု သင်္ဂြိုလ် ရန် အိုး ထိန်း သည့် မြေ ကွက် ကို ဝယ် ယူ ကြ ၏။
  • 8 သို့ ဖြစ်၍ ထို မြေ ကွက် ကို သွေး မြေ ဟု ယ နေ့ တိုင် တွင် သ တည်း။
  • 9 ထို အ ခါ ဣ သ ရေ လ အ မျိုး သား တို့ ဖြတ် ဆို၍ အ ဖိုး ထား ခံ ရ သူ၏ အ ဖိုး တည်း ဟူ သော ငွေ ကျပ် သုံး ဆယ် ကို ငါ လက် ခံ ပြီး လျှင် ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း
  • 10 အိုး ထိန်း သည့် မြေ ကွက် ကို ဝယ် ယူ ကြ သည် ဟု ပ ရော ဖက် ယေ ရ မိ ဖြင့် ရောက် သော ဗျာ ဒိတ် တော် ပြည့် စုံ သ တည်း။
  • 11 ယေ ရှု သည် ဘု ရင် ခံ မင်း ရှေ့ သို့ ရောက် သော် ဘု ရင် ခံ မင်း က သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် လော ဟု မေး ရာ ယေ ရှု က သင် ဆို သည့် အ တိုင်း တည်း ဟု မိန့် တော် မူ ၏။
  • 12 ထို နောက် ပ ရော ဟိတ် ကြီး တို့ နှင့် လူ ကြီး တို့ အ ပြစ် စွဲ ဆို ကြ သော အ ခါ တစ် ခွန်း တ ပါ ဒ မှ ထု ချေ တော် မ မူ သည် ဖြစ်၍
  • 13 ပိ လတ် မင်း က သင့် တစ် ဖက်၌ မည် မျှ သက် သေ ခံ ကြ သည် ကို မ ကြား လော ဟု မေး သော်
  • 14 တစ် ခွန်း မျှ မိန့် ပြန် တော် မ မူ သော ကြောင့် ဘု ရင် ခံ မင်း အ လွန် အံ့ သြ၏။
  • 15 ဘု ရင် ခံ မင်း သည် လူ ပ ရိ သတ် အ လို ရှိ ရာ အ ကျဉ်း သား တစ် ယောက် ကို ထို ပွဲ အခါ တွင် လွှတ် မြဲ ဖြစ် သည့် အ တိုင်း
  • 16 ဗာ ရ ဗ္ဗ ခေါ် ကျော် စော သော အ ကျဉ်း သား တစ် ယောက် ရှိ သည် နှင့်
  • 17 ထို သူ တို့ စု ရုံး လျက် ရှိ ကြ စဉ် ပိ လတ် မင်း က မည် သူ့ ကို လွှတ် စေ လို သ နည်း။ ဗာ ရ ဗ္ဗ လော။ ခ ရစ် ခေါ် ယေ ရှု လော ဟု မေး၏။
  • 18 ပိ လတ် မင်း သည် ငြူ စူ၍ ပို့ အပ် သည် ကို သိ သည့် ပြင်
  • 19 တ ရား ခွင် တွင် ထိုင် လျက် ရှိ စဉ် မင်း က တော် က လည်း ထို သူ တော် ကောင်း နှင့် စပ်၍ မည် သို့ မျှ မ ပြု ပါ နှင့်။ ကျွန် မ သည် ယ နေ့ အိမ် မက် တွင် သူ့ ကြောင့် ဒု က္ခ များ စွာ တွေ့ ရ ပါ သည် ဟု ကြား လျှောက် စေ၏။
  • 20 ပ ရော ဟိတ် ကြီး တို့နှင့် လူ ကြီး တို့ မူ ကား ဗာ ရ ဗ္ဗ ကို တောင်း၍ ယေ ရှု ကို ဖျက် ဆီး စေ ရန် လူ ပ ရိ သတ် အား တိုက် တွန်း ကြ သ တည်း။
  • 21 သို့ ဖြစ်၍ ဘု ရင် ခံ မင်း က ထို သူ နှစ် ဦး တွင် မည် သူ့ ကို လွှတ် စေ လို သ နည်း ဟု မေး ပြန် သော် ဗာ ရ ဗ္ဗ ဟု ပြန် ပြော ကြ ရာ။
  • 22 ပိ လတ် မင်း က သို့ ဖြစ် လျှင် ခ ရစ် ခေါ် ယေ ရှု ကို မည် သို့ ပြု ရ နည်း ဟု မေး သော် ကား တင် ပါ ဟု ရှိ သ မျှ တို့ ပြန် ဆို ကြ သ ဖြင့်၊
  • 23 အ ဘယ့် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း ဟု မေး မြန်း ပြန် ရာ ကား တင် ပါ ဟု အ လွန် ပြင်း စွာ ဟစ် ကြ၏။
  • 24 ထို ကြောင့် ပြော ၍ မ ရ သည့် ပြင် ရုန်း ရင်း ခတ် ဖြစ် မည် ကို ပိ လတ် မင်း သိ မြင် သော် ရေ ယူ၍ ပ ရိ သတ် ရှေ့ လက် ဆေး လျက် ဤ သူ တော် ကောင်း၏ သွေး သွန်း ပြစ် နှင့် ငါ ကင်း သည် ကိုယ် တိုင် ထောက် ရှု ကြ လော့ ဟု ဆို ရာ။
  • 25 ပြည် သူ ပြည် သား ရှိ သ မျှ တို့ က သူ့ သွေး သွန်း ပြစ် သည် အ ကျွန်ုပ် တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ အ ပေါ်၌ တည် ပါ စေ ဟု ဟစ် ကြ သည့် အ လျောက်၊
  • 26 ပိ လတ် မင်း သည် ဗာ ရ ဗ္ဗ ကို လွှတ်၍ ယေ ရှု ကို ရိုက် ဒဏ် ခတ် ပြီး လျှင် ကား တင် စေ ရန် အပ် လိုက်၏။
  • 27 ထို နောက် ဘု ရင် ခံ မင်း၏ စစ် သည် တို့ သည် ယေ ရှု ကို ပ ရဲ တော ရိ ခေါ် ရုံး တော့် အ တွင်း ယူ သွား၍ တစ် တပ် လုံး ဝိုင်း ဝန်း စေ ပြီး လျှင်
  • 28 အ ဝတ် တော် လဲ၍ က မ္ဗ လာ နီ ကို ဆင် ယင် ခြင်း၊
  • 29 ဆူး ဦး ရစ် ရက် ၍ ဦး ခေါင်း တော်၌ တင် ခြင်း၊ လက်ျာ လက် တော် တွင် ကျူ လုံး အပ် ခြင်း၊ ရှေ့ တော်၌ ဒူး ထောက် လျက် ယု ဒ လူ မျိုး တို့ ဘု ရင် ၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု ပြောင် လှောင် ခြင်း
  • 30 ကိုယ် တော် ကို တံ တွေး ထွေး ခြင်း၊ ကျူ လုံး ယူ၍ ဦး ခေါင်း တော် ကို ရိုက် ခြင်း များ ကို ပြု ကြ၏။
  • 31 ထို သို့ ပြောင် လှောင် ပြီး နောက် က မ္ပ လာ နီ ကို လဲ လျက် အ ဝတ် တော် ကို ဆင် ယင် ပြီး လျှင် ကား တင် ရန် ထုတ် သွား ကြ၏။
  • 32 ထို သို့ ထုတ် သွား ကြ စဉ်၊ ရှိ မုန် အ မည် ရှိ သော ကု ရေ နေ ပြည် သား တစ် ယောက် ကို တွေ့၍ အ နိုင့် ထက် ကား တိုင် ထမ်း ခိုင်း လျက်
  • 33 ဦး ခေါင်း ခွံ ဟူ၍ ဆို လို သော ဂေါ လ ဂေါ သ ခေါ် အ ရပ် သို့ ရောက် ကြ သော်
  • 34 ဆေး ခါး စပ် ထား သော စ ပျစ် ရည် ကို တိုက် ကြ ရာ မြည်း စမ်း ပြီး လျှင် မ သောက် ဘဲ နေ တော် မူ၏။
  • 35 ကား တင် ပြီး ကြ လျှင် အ ဝတ် တော် များ ကို မဲ ချ ခွဲ ဝေ ကောက် ယူ ကြ လျက်
  • 36 စောင့် ကြပ် နေ ထိုင် ကြ၏။
  • 37 ဦး ခေါင်း တော် အ ထက် ၌ လည်း ဤ သူ ကား ယု ဒ လူ မျိုး တို့၏ ဘု ရင် မင်း ယေ ရှု တည်း ဟူ၍ စွဲ ဆို ချက် ဆွဲ ထား ကြ ၏။
  • 38 ထို အ ခါ ကိုယ် တော် နှင့် အ တူ ဝဲ ယာ တော်၌ တစ် ယောက် စီ ဓား ပြ နှစ် ယောက် ကို လည်း ကား တင် ကြ ၏။
  • 39 သီ သွား သူ တို့ သည် ဦး ခေါင်း လှုပ် ခါ လျက် ဗိ မာန် တော် ကို ဖြို ဖျက်၍
  • 40 သုံး ရက် နှင့် တည် ဆောက် သော အ ချင်း လူ၊ ကိုယ် ကို ကယ် လော့။ ဘု ရား သ ခင့် သား တော် မှန် က ကား တိုင် မှ ဆင်း လာ လော့ ဟူ၍ ကဲ့ ရဲ့ ကြ၏။
  • 41 ထို နည်း တူ ကျမ်း တတ် ဆ ရာ မှ စ၍ လူ ကြီး တို့ နှင့် ပ ရော ဟိတ် ကြီး တို့ က
  • 42 သူ တစ် ထူး ကို သူ ကယ် သည်။ ကိုယ် ကို မ ကယ် နိုင် ပါ တ ကား။ ဣ သ ရေ လ လူ မျိုး တို့ ဘု ရင် ဖြစ် သည့် အ လျောက် ကား တိုင် မှ ယ ခု ဆင်း လာ ပါ စေ ငါ တို့ ယုံ ကြ ပါ မည်။
  • 43 ဘု ရား သ ခင် ကို သူ အား ကိုး သည်။ နှစ် သက် တော် မူ လျှင် ယ ခု ကယ် နုတ် ပါ စေ၊ ငါ သည် ဘု ရား သ ခင့် သား တော် တည်း ဟု ကြွား ဝါ သည် ဟူ၍ သ ရော် ကြ၏။
  • 44 ကိုယ် တော် နှင့် အ တူ ကား တင် ခံ ရ သော ဓား ပြ တို့ က လည်း ထို သို့ ပင် ကဲ့ ရဲ့ ကြ၏။
  • 45 မွန်း တည့် အ ချိန် က စ၍ မွန်း လွဲ သုံး နာ ရီ အ ချိန် တိုင် တစ် ပြည် လုံး မှောင် ကျ လျက် နေ ၏။
  • 46 မွန်း လွဲ သုံး နာ ရီ ခန့် တွင် ယေ ရှု က အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ထား တော် မူ သ နည်း ဟု ဆို လို သော ဧ လိ၊ ဧ လိ၊ လာ မာ ရှ ဗတ် ခ သာ နိ ဟူ၍ ကျယ် သော အ သံ နှင့် ဟစ် တော် မူ ရာ။
  • 47 အ နီး တွင် ရပ် နေ သူ အ ချို့ တို့ ကြား သော် ဧ လိ ယ ကို ခေါ် သည် ဟု ဆို ကြ သည် နှင့်
  • 48 တစ် ယောက် သော် သူ သည် ရုတ် ခြင်း ပြေး၍ ရေ မှို တစ် ပွင့် ကို ပုန်း ရည် နှင့် ပြည့် စေ ပြီး လျှင် ကျူ လုံး တွင် တပ် လျက် တိုက် ရာ
  • 49 အ ခြား သော သူ တို့ က ရှိ ပါ လေ စေ။ ကယ် အံ့ သော ငှာ ဧ လိ ယ လာ မည် မ လာ မည် ကို ကြည့် ကြ ကုန် အံ့ ဟု ဆို ကြ၏။
  • 50 ထို နောက် ယေ ရှု သည် ကျယ် သော အ သံ နှင့် ဟစ် ပြီး လျှင် အ သက် စွန့် တော် မူ၏။
  • 51 ဗိ မာန် တော် ရှိ ကန့် လန့် ကာ သည် အ ထက် က အောက် တိုင် နှစ် ဖြာ စုတ် ကွဲ ခြင်း၊ င လျင် လှုပ် ခြင်း၊ ကျောက် တောင် များ အက် ကွဲ ခြင်း သင်္ချိုင်း ဂူ များ ပွင့် ခြင်း ဖြစ် သည့် ပြင်
  • 52 အိပ် ပျော် သော သန့် ရှင်း သော သူ တို့ အ လောင်း များ လည်း ရှင် ပြန် ထ မြောက်၍
  • 53 ကိုယ် တော် ရှင် ပြန် ထ မြောက် ပြီ နောက် သင်္ချိုင်း ဂူ များ မှ ထွက် လာ လျက် သန့် ရှင်း သော မြို့ တော် သို့ ဝင်၍ အ များ တို့ ရှေ့ ထင် ရှား ကြ၏။
  • 54 ယေ ရှု ကို စောင့် ကြပ် သူ တပ် မှူး မှ စ၍ တပ် သား တို့ သည် င လျင် လှုပ် ခြင်း နှင့် တ ကွ အ ဖြစ် အ ပျက် များ ကို မြင် သော် အ လွန် ကြောက် ရွံ့၍ ဤ သူ ကား စင် စစ် ဘု ရား သ ခင့် သား တော် ပေ တည်း ဟု ဆို ကြ ၏။
  • 55 ယေ ရှု ကို လုပ် ကျွေး သ မှု ပြု လျက် ဂါ လိ လဲ နယ် မှ လိုက် လာ သူ မာ ဂ ဒ လ မာ ရိ ယာ ကုပ် နှင့် ယော သေ တို့ အ မိ မာ ရိ၊ ဇေ ဗေ ဒဲ၏ သား တို့ အ မိ မှ စ သော ဒါ ယ ကာ မ အ များ လည်း အ ဝေး က ကြည့် ရှု လျက် နေ ကြ၏။
  • 56
  • 57 ည နေ ချမ်း အ ချိန် ရောက် သော် ယေ ရှု၏ တ ပည့် တော် ဖြစ် သူ ယော သပ် အ မည် ရှိ အ ရိ မသဲ မြို့ သား သူ ဌေး တစ် ဦး သည် ရောက် လာ၍
  • 58 ပိ လတ် မင်း ထံ ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ အပ် ပေး စေ ရန် ပိ လတ် မင်း အ မိန့် ရှိ ၏။
  • 59 ထို အ ခါ ယော သပ် သည် အ လောင်း တော် ကို ယူ၍ စင် ကြယ် သော ပိတ် ထည် နှင့် ပတ် လျက်
  • 60 ကျောက် တောင်၌ ထွင်း ထား သော ကိုယ့် သင်္ချိုင်း ဂူ သစ် တွင် သွင်း ပြီး လျှင် အ ဝ ကို ကြီး စွာ သော ကျောက် လုံး နှင့် လှိမ့် ပိတ်၍ ထွက် သွား၏။
  • 61 သင်္ချိုင်း ရှေ့ တွင် မာ ဂ ဒ လ မာ ရိ နှင့် အ ခြား သော မာ ရိ တို့ လည်း ထိုင် လျက် ရှိ နေ ကြ၏။
  • 62 အ ဖိတ် နေ့ ကုန်၍ နောက် နေ့ ရောက် သော် ပ ရော ဟိတ် ကြီး တို့ နှင့် ဖာ ရိ ရှဲ တို့ သည် ပိ လတ် မင်း ထံ စု ရုံး လျက်
  • 63 အ ရှင် မင်း ကြီး၊ အ သက် ရှင် စဉ် ကာ လ ထို လူ လိမ် က သုံး ရက် လည် လျှင် ငါ ရှင် ပြန် ထ မြောက် မည် ဟု ပြော ဆို သည် ကို အ ကျွန်ုပ် တို့ သ တိ ရ ပါ သည်။
  • 64 သို့ ဖြစ်၍ သင်္ချိုင်း ကို သုံး ရက် လည် သော နေ့ တိုင် အောင် လုံ ခြုံ စွာ ရှိ စေ ရန် အ မိန့် ထုတ် ဆင့် တော် မူ ပါ။ သို့ မ ဟုတ် လျှင် သူ့ တ ပည့် တို့ လာ၍ အ လောင်း ကို ခိုး သွား ပြီး နောက် သူ သေ တို့ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီ ဟု ပြည် သူ ပြည် သား တို့ အား ကြား ပြော သ ဖြင့် နောက် အ လိမ် သည် အ ရင် အ လိမ် ထက် ဆိုး မည် ဟု ဆို ကြ သော်
  • 65 ပိ လတ် မင်း က အ စောင့် အ ကြပ် ကို ခေါ် သွား၍ တတ် နိုင် သ မျှ လုံ ခြုံ စေ ကြ ဟု ပြန် ဆို သည့် အ တိုင်း
  • 66 ထို သူ တို့ သည် သွား ပြီး လျှင် သင်္ချိုင်း ကျောက် လုံး ကို တံ ဆိပ် ခတ် ၍ လုံ ခြုံ အောင် စောင့် ကြပ် စေ၏။
回到本卷目录 回到本版本目录 回到首页