မဿဲ-26

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို သို့ အ လုံး စုံ ဟော ပြော ပြီး နောက် တ ပည့် တော် တို့ အား ယေ ရှု က နှစ် ရက် ကြာ သော်
  • 2 ပ သ ခါ ပွဲ တိုင် မည် ကို သင် တို့ သိ ကြ၏။ ထို ကာ လ လူ့ သား သည် ကား တင် ရန် ပို့ အပ် ခံ ရ မည် ဟု မိန့် တော် မူ ၏။
  • 3 ထို အ ခါ ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး တို့ သည် ကာ ယ ဖ ဘွဲ့ ခံ ပ ရော ဟိတ် မင်း ၏ ကျောင်း တော် တံ တိုင်း အ တွင်း စု ဝေး ရာ၊
  • 4 ယေ ရှု ကို ပ ရိ ယာယ် အား ဖြင့် ဖမ်း ဆီး ကွပ် မျက် ရန် အ ချင်း ချင်း တိုင် ပင် လျက် ပွဲ အ ခါ တွင် မ ဖမ်း သင့်။
  • 5 ပြည် သူ ပြည် သား တို့ ရုန်း ရင်း ခတ် ပြု ကောင်း ပြု လိမ့် မည် ဟု ဆို ကြ၏။
  • 6 ယေ ရှု သည် ဗေ သ နိ ရွာ နေ လူ နူ ရှိ မုန် အိမ် တွင် တည်း ခို တော် မူ သော်
  • 7 မိန်း မ တစ် ယောက် သည် အ ဖိုး ထိုက် သော နံ့ သာ ဆီ ကို ကျောက် ဖြူ ဘူး နှင့် ယူ လာ၍ စား ပွဲ ထိုင် တော် မူ စဉ် ဦး ခေါင်း တော် ပေါ် သို့ သွန်း လောင်း၏။
  • 8 တ ပည့် တော် တို့ မြင် ကြ သော် အ မျက် ထွက် လျက် ဤ သို့ ဖြုန်း တီး သည် မှာ အ သို့ ကြောင့် နည်း။
  • 9 ထို ဆီ ကို အ ဖိုး များ စွာ နှင့် ရောင်း ပြီး လျှင် သူ ဆင်း ရဲ များ အား ပေး ကမ်း နိုင် လေ ပြီ ဟု ဆို ကြ သည် ကို
  • 10 ယေ ရှု ကြား သိ တော် မူ သည့် ကာ လ ထို မိန်း မ ကို အ ဘယ့် ကြောင်း နှောက် ရှက် ကြ သ နည်း။ ငါ၌ ကောင်း သော အ မှု ကို ပြု လေ ပြီ။
  • 11 သူ ဆင်း ရဲ များ သည် သင် တို့ နှင့် အ တူ ရှိ နေ ကြ သည် ငါ မူ ကား အ စဉ် နေ သည် မ ဟုတ်။
  • 12 ထို မိန်း မ သည် ငါ့ အ ပေါ် သို့ နံ့ သာ ဆီ လောင်း သည် မှာ သေ ခမ်း သေ နား ပြင် ဆင် လေ သ တည်း။
  • 13 ဤ သ တင်း တော် မြတ် ကို တစ် လော က လုံး ဟော ပြော သ မျှ အ ရပ် ရပ်၌ ထို မိန်း မ ကို သ တိ ရ စေ ရန် ပြု ဘူး သော ဤ အ မှု ကို လည်း ကြား ပြော ရ ကြ လိမ့် မည်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။
  • 14 ထို နောက် တစ် ဆယ့် နှစ် ပါး အ ပါ အ ဝင် ယု ဒ ဣ ရှ ကာ ရုတ် ခေါ် သူ သည် ပ ရော ဟိတ် ကြီး တို့ ထံ သွား၍ ကိုယ် တော် ကို ပို့ အပ် လျှင်
  • 15 မည် မျှ ပေး မည် နည်း ဟု မေး သော် ငွေ အ ကျပ် သုံး ဆယ် ချိန် ပေး ကြ၏။
  • 16 ထို အ ခါ က စ၍ သူ သည် ပို့ အပ် ရန် အ ချိန် အ ခွင့် ကို ရှာ ကြံ လျက် နေ၏။
  • 17 တ ဆေး မဲ့ မုန့် ပွဲ ပ ဌ မ နေ့ တွင် တ ပည့် တော် တို့ သည် ယေ ရှု ထံ ချဉ်း ကပ်၍ ပ သ ခါ ပွဲ ကို စား တော် ခေါ် ရန် မည် သည့် အ ရပ် တွင် ပြင် ဆင် စေ လို ပါ သ နည်း ဟု မေး လျှောက် ကြ ရာ
  • 18 မြို့ တွင်း ရှိ ဤ မည် သူ့ ထံ သွား ပြီ လျှင် ဆ ရာ က ငါ့ အ ချိန် နီး ပြီ။ တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို သင့် အိမ် တွင် ငါ ကျင်း ပ မည် ဟူ၍ မှာ လိုက် ကြောင်း ကြား ပြော ကြ လော ဟု မိန့် တော် မူ၏။
  • 19 တ ပည့် တော် တို့ သည် ယေ ရှု စီ ရင် တော် မူ သည့် အ တိုင်း လိုက် နာ၍ ပ သ ခါ ပွဲ ကို ပြင် ဆင် ကြ ပြီး နောက်
  • 20 ည နေ ချမ်း အ ချိန် တ ပည့် တော် တစ် ဆယ့် နှစ် ပါး တို့ နှင့် တ ကွ စား ပွဲ ထိုင် တော် မူ ရာ
  • 21 သုံး ဆောင် နေ ကြ စဉ် ကိုယ် တော် က သင် တို့ အ နက် တစ် ယောက် ယောက် သည် ငါ့ ကို ပို့ အပ် လိမ့် မည်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ လျှင်
  • 22 အ လွန် ဝမ်း နည်း ကြ သ ဖြင့် အ သီး အ သီး တို့ က အ ရှင် ဘု ရား တ ပည့် တော် လော ဟု မေး လျှောက် ကြ သော်
  • 23 ပု ကန် တွင် ငါ နှင့် အ တူ နှိုက် သူ သည် ငါ့ ကို ပို့ အပ် မည့် သူ ဖြစ် သည်။ စပ် လျဉ်း သော ကျမ်း ချက် အ တိုင်း
  • 24 လူ့ သား သည် သွား ရ မည် မှန် သော် လည်း လူ့ သား ကို ပို့ အပ် သူ၌ အ မင်္ဂ လာ ရှိ၏။ ထို သူ မ ဖွား ခဲ့ လျှင် ကောင်း သည် ဟု မိန့် တော် မူ၏။
  • 25 ပို့ အပ် သူ ယု ဒ က လည်း ဆ ရာ တ ပည့် တော် လော ဟု မေး လျှောက် သော် သင် ဆို သည့် အ တိုင်း တည်း ဟု မိန့် ဆို၏။
  • 26 သုံး ဆောင် လျက် နေ သေး စဉ် ယေ ရှု သည် မုန့် ကို ယူ၍ ကောင်း ကြီး ပေး ပြီ လျှင် ဖဲ့ တော် မူ လျက် ယူ စား ကြ လော့။ ဤ ကား ငါ့ ကိုယ် ခ န္ဓာ တည်း ဟု မိန့် ဆို၍ တ ပည့် တော် တို့ အား ပေး တော် မူ၏။
  • 27 ဖ လား ကို လည်း ယူ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် သင် တို့ ရှိ သ မျှ သောက် ကြ လော့။
  • 28 ဤ ကား အ ပြစ် ဖြေ လွတ် စေ ရန် လူ အ များ အ ဖို့ သွန်း သော ပ ဋိ ညာဉ် တော် ဆိုင် ရာ ငါ့ အ သွေး တည်း။
  • 29 ငါ မူ ကား သင် တို့ နှင့် အ တူ ခ မည်း တော်၏ နိုင် ငံ တော် တွင် စ ပျစ် ရည် သစ် သောက် သည့် နေ့ မ တိုင် မီ ယ ခု မှ တစ် ပါး သောက် တော့် မည် မ ဟုတ်၊ ငါ ဆို သည် ဟု မိန့် တော် မူ လျက် တ ပည့် တော် တို့ အား ပေး တော် မူ၏။
  • 30 ထို နောက် သီ ချင်း ဆို ပြီး လျှင် သံ လွင် တောင် သို့ ထွက် ကြွ သွား၏။
  • 31 ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က အ ထိန်း အ ကျောင်း ကို ငါ သတ် သ ဖြင့် သိုး အုပ် ကွဲ လွင် ရ ကြ လ တ္တံ့ ဟူ သော ကျမ်း ချက် အ တိုင်း သင် တို့ ရှိ သ မျှ သည် ယ ခု ညဉ့် တွင် ငါ ကြောင့် တိုက် လဲ ကြ လိမ့် မည်။
  • 32 သို့ ရာ တွင် ငါ သည် ရှင် ပြန် ထ မြောက် ပြီး နောက် ဂါ လိ လဲ နယ် သို့ သင် တို့ အ ရင် သွား နှင့် မည် ဟု မိန့် တော် မူ ၏။
  • 33 ထို ကာ လ ပေ တ ရု က ရှိ သ မျှ တို့ သည် ကိုယ် တော် ကြောင့် တိုက် လဲ ကြ သော် လည်း တ ပည့် တော် တိုက် လဲ မည် မ ဟုတ် ပါ ဟု ပြန် လျှောက် သော်
  • 34 ယေ ရှု က ငါ အ မှန် ဆို သည် ကား၊ သင် သည် ယ ခု ညဉ့် တွင် ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် ငြင်း ဆို လိမ့် မည် ဟု မိန့် တော် မူ သ ဖြင့်
  • 35 ပေ တ ရု က တ ပည့် တော် သည် ကိုယ် တော် နှင့် အ တူ သေ ရ မည် ဖြစ် စေ။ ငြင်း ဆို မည် မ ဟုတ် ပါ ဟု လျှောက် ဆို၏။ တ ပည့် တော် ရှိ သ မျှ တို့ လည်း ထို နည်း တူ လျှောက် ဆို ကြ၏။
  • 36 ဂေ သ ရှေ မန် ခေါ် အ ရပ် သို့ တ ပည့် တော် တို့ နှင့် အ တူ ရောက် သော် ယေ ရှု က ငါ သည် ထို တွင် သွား၍ ပ ဌ နာ ပြု စဉ် ဤ တွင် ထိုင် နေ ကြ ဟု မိန့် တော် မူ၍
  • 37 ပေ တ ရု နှင့် တ ကွ ဇေ ဗေ ဒဲ၏ သား နှစ် ယောက် ကို ခေါ် သွား ပြီ လျှင်
  • 38 စိတ် တော် ညှိုး ငယ် ပူ ဆွေး ခြင်း ဖြစ် သ ဖြင့် ငါ့ စိတ် ဝိ ညာဉ် သေ လောက် အောင် ညှိုး ငယ် သည်။ ဤ တွင် နေ ရစ်၍ ငါ နှင့် အ တူ စောင့် ကြ ဟု မိန့် တော် မူ ပြီး သော်
  • 39 ရှေ့ သို့ အ နည်း ငယ် ကြွ သွား ပျပ် ဝပ် လျက် အ ဘ ခ မည် တော်၊ ဤ ခွက် သည် အ ကျွန်ုပ် မှ လွန် သွား နိုင် လျှင် သွား စေ တော် မူ ပါ သို့ သော် လည်း အ ကျွန်ုပ် အ လို တိုင်း မ ဟုတ်။ အ လို တော် တိုင်း ဖြစ် စေ တော် မူ ပါ ဟု လျှောက် တော် မူ၏။
  • 40 တ ပည့် တော် တို့ ရှိ ရာ သို့ ကြွ ရောက် သော် အိပ် နေ ကြ သည် ကို တွေ့၍ ပေ တ ရု အား မည် သို့ နည်း။ တစ် နာ ရီ မျှ ငါ နှင့် အ တူ မ စောင့် နိုင် ကြ လော။
  • 41 စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက်
  • 42 ဒု တိ ယ အ ကြိမ် ထွက် ကြွ၍ အ ဘ ခ မည်း တော် ဤ ခွက် ကို ကျွန်ုပ် မ သောက် ဘဲ မ လွန် မ သွား နိုင် လျှင် အ လို တော် အ တိုင်း ဖြစ် စေ တော် မူ ပါ ဟု တောင်း လျှောက် တော် မူ၏
  • 43 ပြန် ကြွ သည့် ကာ လ တ ပည့် တော် တို့ မျက် စိ လေး သ ဖြင့် အိပ် နေ ကြ သည် ကို တွေ့ ရာ တစ် ဖန် ထွက် ခွာ တော် မူ ပြီး လျှင်
  • 44 အ ထက် နည်း အ တိုင်း တ တိ ယ အ ကြိမ် တောင်း လျှောက် ၍ ပ ဌ နာ ပြု တော် မူ ၏။
  • 45 ထို နောက် တ ပည့် တော် တို့ ထံ ကြွ လာ၍ ယ ခု အိပ် စက် နား နေ ကြ လော့။ အ ချိန် နာ ရီ တိုင် လု ပြီ။ လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ ပြီ။
  • 46 ထ ကြ လော့။ သွား ကြ ကုန် အံ့။ ငါ့ ကို ပို့ အပ် သူ ရောက် လာ ပြီ ဟု မိန့် တော် မူ၏။
  • 47 ထို သို့ မိန့် တော် မူ စဉ် ပင် တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ ယု ဒ သည် ရောက် လာ၍ ဓား၊ တုတ်၊ လက် နက် စွဲ ကိုင် သော လူ အ မြောက် အ မြား လည်း ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး တို့ ထံ မှ လိုက် ကြ၏။
  • 48 ပို့ အပ် မည့် သူ က ငါ နမ်း မည့် သူ သည် ထို သူ ဖြစ်၏။ ဖမ်း ကြ ဟူ၍ အ ထိမ်း အ မှတ် ပေး ထား ခဲ့ သည့် အ တိုင်း ယေ ရှု ထံ ရုတ် ခြင်း လာ၍
  • 49 ဆ ရာ ကျန်း ခန့် ပါ စေ ဟု ဆို လျက် နမ်း ရှုပ် သော်
  • 50 ယေ ရှု က အ ဆွေ၊ သင့် ကိစ္စ ကို ဆောင် ရွက် လော့ ဟု မိန့် တော် မူ လျှင် ချဉ်း လာ၍ ကိုယ် တော် ကို လက် ရ ဖမ်း ဆီး ကြ၏။
  • 51 ယေ ရှု နှင့် လိုက် ပါ သူ တစ် ယောက် သည် လက် ဆန့် လျက် ဓား ကို ချွတ် ပြီး လျှင် ပ ရော ဟိတ် မင်း၏ ကျွန် ကို ခုတ်၍ နား ရွက် ပြတ် သ ဖြင့်
  • 52 ယေ ရှု က သင့် ဓား ကို အိမ်၌ ပြန် သွင်း လော့။ ဓား ဆောင် သူ ရှိ သ မျှ တို့ သည် ဓား ဖြင့် ပျက် စီး ရ မည်။
  • 53 တစ် ဆယ် နှစ် တပ် ထက် များ သော စေ တ မန် တော် တို့ ကို ယ ခု ပင် ငါ့ ထံ လွှတ် တော် မူ စေ ခြင်း ငှာ ခ မည်း တော် အား ငါ မ လျှောက် တောင်း နိုင် ဟု သင် ထင် သ လော။
  • 54 သို့ ပြု လျှင် ဤ အ တိုင်း ဖြစ် ရ မည် ဟူ သော ကျမ်း ချက် များ မည် သို့ ပြည့် စုံ မည် နည်း ဟု မိန့် တော် မူ၏
  • 55 ထို အ ချိန် နာ ရီ၌ လူ အ မြောက် အ မြား အား ယေ ရှု က သင် တို့ သည် ဓား၊ တုတ် လက် နက် စွဲ ကိုင် လျက် ဓား ပြ ဖမ်း ထွက် သ လို ငါ့ ကို ဖမ်း ဆီး ရန် လာ ကြ သ လော။ ငါ သည် ဗိ မာန် တော် တွင် နေ့ တိုင်း ဒေ သ နာ ပေး လျက် ထိုင် နေ စဉ် မ ဖမ်း ကြ ပါ တ ကား။
  • 56 ယ ခု ဖြစ် ပျက် ရ သော အ ချင်း အ ရာ ခပ် သိမ်း မှာ ပ ရော ဖက် တို့ ကျမ်း ချက် များ ပြည့် စုံ စေ ခြင်း ငှာ တည်း ဟု မိန့် တော် မူ၏။ ထို နောက် တ ပည့် တော် တို့ ရှိ သ မျှ တို့ သည် ကိုယ် တော် ကို စွန့် ပစ်၍ ထွက် ပြေး ကြ၏။
  • 57 ယေ ရှု ကို ဖမ်း ဆီး သူ တို့ သည် ကျမ်း တတ် ဆ ရာ နှင့် လူ ကြီး တို့ စု ရုံး လျက် ရှိ ရာ ပ ရော ဟိတ် မင်း ကာ ယ ဖ ထံ ယူ သွား ကြ သော်
  • 58 ပေ တ ရု သည် ပ ရော ဟိတ် မင်း၏ ကျောင်း တော့် တံ တိုင်း တိုင် အောင် အ ဝေး က လိုက် လျက် ဝင် ပြီး လျှင် အ ပြီး သတ် ခြင်း ကို သိ မြင် ရန် မင်း မှု ထမ်း တို့ နှင့် ထိုင် နေ၏။
  • 59 ထို အ ခါ ပ ရော ဟိတ် ကြီး တို့ နှင့် လွှတ် တော် အ ရာ ရှိ ကြီး အ ပေါင်း တို့ သည် ယေ ရှု ကို ကွပ် မျက် ရ စေ ရန် မု သာ သက် သေ ရှာ၍
  • 60 မု သာ သက် သေ ခံ အ များ လာ ရောက် သော် လည်း မ ရ နိုင် ကြ။
  • 61 ထို နောက် လူ နှစ် ဦး ရောက် လာ လျက် ဤ သူ က ငါ သည် ဘု ရား သ ခင့် ဗိ မာန် တော် ကို ဖြို ဖျက်၍ သုံး ရက် နှင့် တည် ဆောက် နိုင် ကြောင်း ဆို ပါ သည် ဟု သက် သေ ခံ ကြ သော်
  • 62 ပ ရော ဟိတ် မင်း ထ၍ သင် သည် တစ် ခွန်း တ ပါ ဒ မျှ မ ထု ချေ သလော။ ဤ သူ တို့ သက် သေ ခံ ချက် မှာ မည် သို့ နည်း ဟု မေး သော် လည်း ယေ ရှု ဆိတ် ဆိတ် နေ တော် မူ၏
  • 63 ထို အ ခါ ပ ရော ဟိတ် မင်း က သင် သည် ဘု ရား သ ခင့် သား တော် တည်း ဟူ သော ခ ရစ် တော် ဟုတ် မ ဟုတ် ကို ဖော် ပြ စေ ရန် အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငါ တိုင် တည်၍ တိုက် တွန်း သည် ဟု ဆို သော်
  • 64 ယေ ရှု က သင် ဆို သည့် တိုင်း တည်း။ လူ့ သား သည် တန် ခိုး တော် ရှင်၏ ယာ ဘက် တော် တွင် စံ လျက် မိုး တိမ် ပေါ် တွင် စ ကြာ ဖြန့် လာ တော် မူ သည် ကို နောင် သင် တို့ မြင် ရ ကြ လ တ္တံ့။ ငါ ဆို သည် ဟု မိန့် တော် မူ သ ဖြင့်
  • 65 ပ ရော ဟိတ် မင်း သည် ကိုယ် ရုံ ကို ဆုတ် လျက် ပုတ် ခတ် မှု ပါ တ ကား။ မည် သည့် သက် သေ လို တော့ သ နည်း။
  • 66 ယ ခု ပင် ပုတ် ခတ် မှု စ ကား ကို သင် တို့ ကြား ကြ ပြီ မည် သို့ ထင် ကြ သ နည်း ဟု မေး ရာ သေ ဒဏ် ခံ ထိုက် ပါ သည် ဟု ပြန် ဆို ပြီး လျှင် မျက် နှာ တော် ကို တံ တွေး ထွေး၍
  • 67 ကိုယ် တော် ကို လက် သီး နှင့် ထိုး ကြ၏။ အ ချို့ က လည်း လက် ဝါး နှင့် ရိုက် လျက် အ ချင်း ခ ရစ် တော်
  • 68 မည် သူ ရိုက် သည် ကို ဟော လော့ ဟု ဆို ကြ၏။
  • 69 ထို အ ခါ ပေ တ ရု သည် ကျောင်း တော့် အ ပြင် တံ တိုင်း အတွင်း ထိုင် နေ စဉ် ကျွန် မ တစ် ယောက် လာ လျက် သင် လည်း ဂါ လိ လဲ ပြည် သား ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ဟု ဆို သော် သင် ပြော သည် ကို ငါ မ သိ ဟု
  • 70 ရှိ သ မျှ တို့ ရှေ့ ငြင်း ဆို၏။
  • 71 ထို နောက် တံ ခါး ဝ သို့ ထွက် သည့် ကာ လ အ ခြား သော ကျွန် မ မြင်၍ ဤ သူ သည် နာ ဇ ရက် မြို့ သား ယေ ရှု နှင့် လိုက် ဘူး သူ ဖြစ် သည် ဟု အ နီး ရှိ သူ တို့ အား ဆို သော်
  • 72 ထို လူ ကို ငါ မ သိ ဟု ကျိန်၍ ငြင်း ဆို ပြန်၏။
  • 73 ခ ဏ ကြာ သော် အ နီး တွင် ရပ် နေ သူ တို့ ချဉ်း လာ၍ ပေ တ ရု အား စင် စစ် သင် သည် ထို သူ တို့ အ ပေါင်း အပါ ဖြစ် ကြောင်း၊ သင့် စ ကား က ထင် ရှား သည် ဟု ဆို ကြ ရာ ထို လူ ကို ငါ မ သိ ဟု
  • 74 ပေ တ ရု တိုင်း ထွာ၍ ဆို လျှင် ဆို ချင်း ကြက် တွန် လေ၏။
  • 75 ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် ငြင်း ဆို လိမ့် မည် ဟု ယေ ရှု မိန့် တော် မူ ချက် ကို ပေ တ ရု သ တိ ရ၍ ပြင် သို့ ထွက် သွား ပြီး လျှင် သည်း စွာ ငို ကြွေး လေ၏။
回到本卷目录 回到本版本目录 回到首页