မဿဲ-13

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နေ့ တွင် ယေ ရှု သည် တည်း အိမ် မှ ထွက် ကြွ၍ အိုင် ကမ်း နား မှာ ထိုင် နေ တော် မူ သော အ ခါ ကြီး စွာ သော လူ ပ ရိ သတ် စည်း ဝေး ချ ဥ်း ကပ် ကြ သ ဖြင့်၊
  • 2 ကိုယ် တော် သည် လှေ တစ် စင်း ပေါ် သို့ တက်၍ ထိုင် တော် မူ ရာ ကမ်း ပေါ် က ရပ် နေ သော ပ ရိ သတ် တို့ အား၊
  • 3 အ ကြောင်း အ ရာ များ ကို ဥ ပ မာ ဖြင့် မိန့် တော် မူ သည် မှာ မျိုး ကြဲ သူ တစ် ယောက် သည် မျိုး ကြဲ ရန် ထွက် သွား လျက်၊
  • 4 ကြဲ သည့် ကာ လ မျိုး စေ့ အ ချို့ သည် လမ်း ပေါ် တွင် ကျ၍ ငှက် များ လာ ပြီး လျှင် ကောက် စား ကြ၏။
  • 5 အ ချို့ သည် ကျောက် ခံ သော မြေ ပါး ရာ တွင် ကျ၍ မြေ တိမ် သော ကြောင့် ချက် ခြင်း အ ညှောက် ပေါက် သ ဖြင့်၊
  • 6 နေ ထွက် သော အ ခါ အ ပူ လောင်၍ အ မြစ် မ စွဲ သည့် အ တွက် ညှိုး နွမ်း သေ ပျောက်၏။
  • 7 အ ချို့ မှာ ဆူး ကြား တွင် ကျ၍ ဆူး ပင် များ သည် ကြီး ပွား လျက် ဖိ စီး သ ဖြင့် သေ၏။
  • 8 အ ချို့ မူ ကား မြေ ကောင်း ရာ တွင် ကျ၍ အ သီး အ ဆ တစ် ရာ၊ အ ဆ ခြောက် ဆယ်၊ အ ဆ သုံး ဆယ် ထွက်၏။
  • 9 နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ၏။
  • 10 ထို အ ခါ တ ပည့် တော် တို့ သည် ချဉ်း ကပ် လျက် အ ဘယ် ကြောင့် ဥ ပ မာ များ ဖြင့် သူ တို့ အား မိန့် တော် မူ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊
  • 11 ကိုယ် တော် က သင် တို့ မှာ ကောင်း ကင် နိုင် ငံ တော် နှင့် စပ် လျဉ်း သည့် နက် နဲ ရာ များ ကို သိ ခွင့် ရ ကြ၏။ ထို သူ တို့ မူ ကား သိ ခွင့် မ ရ ကြ။
  • 12 ရ ရှိ သော သူ အား ထပ်၍ ပေး သ ဖြင့် ကြွယ် ဝ လိမ့် မည်။ မ ရ မ ရှိ သော သူ မှ မူ ကား ရှိ သ မျှ ကို ပင် နုတ် ယူ လိမ့် မည်။
  • 13 သို့ ဖြစ်၍ ဥ ပ မာ များ ဖြင့် ထို သူ တို့ အား ငါ ဟော ပြော ရ၏။ ထို သူ တို့ မှာ ကြည့် လျက် ပင် သိ မြင် ခြင်း ကြား လျက် ပင် နာ ယူ နား လည် ခြင်း မ ရှိ သည် နှင့်၊
  • 14 သင် တို့ သည် ကြား လျက် ပင် နား မ လည် ရ ကြည့် လျက် ပင် မ သိ မ မြင် ရ။
  • 15 ဤ လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့်၊ နား နှင့် ကြား ခွင့် စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက် ငါ့ ထံ မှ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှာ စိတ် နှ လုံး ကို ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင် မျက် စိ ကို လည်း ဖုံး အုပ် ကြ လေ ပြီ ဟု ပ ရော ဖက် ဟေ ရှာ ယ ဟော ချက် အ တိုင်း ထို သူ တို့၌ ပြည့် စုံ၏။
  • 16 သင် တို့၏ မျက် စိ များ မူ ကား မြင် သည် ဖြစ်၍ မင်္ဂ လာ ရှိ၏။ နား များ လည်း ကြား သည် ဖြစ်၍ မင်္ဂ လာ ရှိ၏။
  • 17 သင် တို့ မြင် သော အ ရာ များ ကို ပ ရော ဖက် နှင့် သူ တော် ကောင်း အ များ သည် မြင် လို သော် လည်း မ မြင် ရ ကြ။ သင် တို့ ကြား သော အ ရာ များ ကို ကြား လို သော် လည်း မ ကြား ရ ကြ။
  • 18 ထို့ ကြောင့် မျိုး ကြဲ သူ့ ဥ ပ မာ အ နက် ကို နား ထောင် ကြ ဦး လော့။
  • 19 နိုင် ငံ တော့် ဆိုင် ရာ တ ရား တော် ကို မည် သူ မ ဆို ကြား နာ သည့် ကာ လ နား မ လည် လျှင် နှ လုံး၌ ကြဲ ထား ရာ ကို မာရ် နတ် လာ၍ နုတ် ယူ တတ်၏။ ထို သူ မှာ လမ်း ပေါ် တွင် ကြဲ ထား သူ ဖြစ်၏။
  • 20 ကျောက် ခံ မြေ တွင် ကြဲ ထား သော သူ မှာ တ ရား တော် ကို ကြား လျှင် ကြား ခြင်း ရွှင် လန်း စွာ နာ ယူ သော် လည်း
  • 21 အ မြစ် မ စွဲ သ ဖြင့် ခ ဏ မျှ သာ တည် ကြည်၍ တ ရား တော် ကြောင့် ဒု က္ခ ရောက် ခြင်း၊ ညှဉ်း ပန်း ခြင်း နှင့် တွေ့ ကြုံ သည့် ကာ လ ချက် ခြင်း တိုက် လဲ သူ ဖြစ်၏။
  • 22 ဆူး ကြား တွင် ကြဲ ထား သော သူ မှာ လည်း တ ရား တော် ကို ကြား နာ၍ ယ ခု ဘ ဝ သော က နှင့် စည်း စိမ် လှည့် ဖျား ခြင်း များ သည် တ ရား တော် ကို ဖိ စီး သ ဖြင့် အ သီး မ သီး သော သူ ဖြစ်၏။
  • 23 ကောင်း သော မြေ တွင် ကြဲ ထား သော သူ မူ ကား တ ရား တော် ကို ကြား နာ၍ နား လည် သော ကြောင့် အ သီး သီး သ ဖြင့် အ ဆ တစ် ရာ၊ အ ဆ ခြောက် ဆယ်၊ အ ဆ သုံး ဆယ် ထွက် သော သူ ဖြစ် သ တည်း ဟု ဖွင့် ပြ တော် မူ၏။
  • 24 အ ခြား သော ဥ ပ မာ ကို မိန့် တော် မူ သည် မှာ ကောင်း ကင် နိုင် ငံ တော် သည် ဂျုံ ခင်း တွင် မျိုး ကောင်း ကြဲ သော သူ နှင့် တူ၏။
  • 25 လူ တို့ အိပ် နေ ကြ စဉ် ရန် သူ သည် လာ၍ ဂျုံ မျိုး ကြဲ ထား ရာ တွင် ဂျုံ ရိုင်း မျိုး ကို ကြဲ ဖြန့် ထွက် သွား ပြီး လျှင်၊
  • 26 အ ပင် ကြီး ပွား၍ အ နှံ ထွက် သည့် ကာ လ ဂျုံ ရိုင်း လည်း ပေါ် ထွက်၏။
  • 27 ထို အ ခါ ကျွန် တို့ သည် မြေ့ ရှင် ထံ လာ၍ အ ရှင် ကောင်း သော မျိုး ကို ဂျုံ ခင်း တွင် ကြဲ ခဲ့ သည် မ ဟုတ် ပါ လော။ သို့ ဖြစ် လျှင် ဂျုံ ရိုင်း မည် သို့ ပေါက် ပါ သ နည်း ဟု မေး ကြ သော်၊
  • 28 ဤ အ မှု ကား ရန် သူ ပြု သော အ မှု ဖြစ် သည် ဟု ပြန် ဆို ရာ ကျွန် တို့ က သွား၍ ထို အ ပင် များ ကို နုတ် ပစ် စေ ရန် အ လို ရှိ ပါ သ လော ဟု မေး ပြန် ကြ လျှင်၊
  • 29 မ နုတ် ကြ နှင့်။ နုတ် လျှင် ဂျုံ ပင် များ ပါ အ တူ နုတ် မိ ကြ လိမ့် မည်။
  • 30 ရိတ် သိမ်း ချိန် တိုင် အောင် နှစ် မျိုး လုံး အ တူ ကြီး ပွား ကြ စေ။ ထို ကာ လ မှ ဂျုံ ရိုင်း ကို ဦး စွာ နုတ်၍ မီး ရှို့ ရန် စည်း ထား ကြ။ ဂျုံ ကို မူ ကား ငါ့ ကျီ၌ သွင်း ထား ကြ လော့ ဟု ရိတ် သိမ်း သူ တို့ အား ငါ မှာ ထား မည်၊ မြေ ရှင် ပြန် ဆို သည် ဟူ၍ မိန့် တော် မူ ၏။
  • 31 အ ခြား သော ဥ ပ မာ ကို မိန့် တော် မူ သည် မှာ ကောင်း ကင် နိုင် ငံ တော် သည် လူ တစ် ယောက် ယူ၍ အ ခင်း၌ စိုက် ပျိုး သော မုံ ညင်း စေ့ နှင့် တူ၏။
  • 32 ထို အ စေ့ သည် အ စေ့ ရှိ သ မျှ ထက် ငယ် သော် လည်း အ ပင် ပေါက်၍ ရင့် သည့် ကာ လ ဟင်း သီး ဟင်း ရွက် ပင် များ ထက်၊ ကြီး သော အ ပင် ဖြစ် သ ဖြင့် အ ခက် များ တွင် လေ သ တ္တ ဝါ တို့ လာ၍ နား နေ ကြ သည် ဟု မိန့် တော် မူ၏။
  • 33 အ ခြား သော ဥ ပ မာ ကို မိန့် တော် မူ သည် မှာ ကောင်း ကင် နိုင် ငံ တော် သည် မုန့် ညက် သုံး စိတ် အား လုံး ပေါက် သည့် တိုင် အောင် မိန်း မ ယူ၍ ခတ် သော တ ဆေး နှင့် တူ သည် ဟု မိန့် တော် မူ၏။
  • 34 ထို အ ကြောင်း အ ရာ အ လုံး အ စုံ ကို ဥ ပ မာ ဖြင့် ယေ ရှု သည် လူ ပ ရိတ် သတ် အား မိန့် တော် မူ၏။ ဥ ပ မာ မ ဆောင် ဘဲ မိန့် တော် မူ သည် မ ဟုတ်။
  • 35 ထို သို့ မိန့် တော် မူ သည် မှာ ပုံ ဆောင် သော စ ကား ကို ငါ နှုတ် မြွက် လျက် က မ္ဘာ ဦး က စ၍ ကွယ် ဝှက် ရာ များ ကို ဖော် ပြ မည် ဟု ပ ရော ဖက် ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။
  • 36 ထို နောက် လူ ပ ရိတ် သတ် ရှိ ရာ မှ ထွက် ကြွ၍ တည်း အိမ် သို့ ဝင် တော် မူ ပြီး လျှင် တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ အ ခင်း တွင် ပေါက် သော ဂျုံ ရိုင်း ဥ ပ မာ ကို ဖော် ပြ တော် မူ ပါ ဟု လျှောက် ထား ကြ သော်၊
  • 37 ကိုယ် တော် က မျိုး ကောင်း ကို ကြဲ သူ မှာ လူ့ သား ဖြစ်၏။
  • 38 အ ခင်း မှာ ဤ လော က ဖြစ်၏။ မျိုး ကောင်း မှာ နိုင် ငံ တော် သား များ ဖြစ်၏။ ဂျုံ ရိုင်း မျိုး မူ ကား မာရ် နတ်၏ သား သ မီး များ ဖြစ်၏။
  • 39 ဂျုံ ရိုင်း မျိုး ကို ကြဲ ဖြန့် သော ရန် သူ မှာ မာရ် နတ် ဖြစ်၏။ ရိတ် သိမ်း ချိန် မှာ ယ ခု ခေတ် ကာ လ အ ဆုံး ဖြစ်၏။ ရိတ် သိမ်း သူ တို့ မှာ လည်း စေ တ မန် တော် များ ဖြစ် ၏။
  • 40 ဂျုံ ရိုင်း ကို နုတ်၍ မီး ရှို့ သည့် နည်း တူ ယ ခု ခေတ် ကာ လ အ ဆုံး၌ ဖြစ် လိမ့် မည်။
  • 41 လူ့ သား သည် စေ တ မန် တော် များ ကို လွှတ်၍ နိုင် ငံ တော် ထဲ မှ တိုက် လဲ စေ သော အ ရာ ခပ် သိမ်း နှင့် မ တ ရား ပြု ကျင့် သူ တို့ ကို နုတ် ပြီး လျှင်၊
  • 42 မီး ဖို ထဲ သို့ ပစ် ချ တော် မူ သ ဖြင့် ငို ကြွေး ခြင်း၊ အံ့ ကြိတ် ခြင်း ရှိ ရ ကြ လ တ္တံ့။
  • 43 ထို အ ခါ သူ တော် ကောင်း တို့ သည် ကိုယ့် အ ဘ၏ နိုင် ငံ တော် တွင် နေ ကဲ့ သို့ ထွန်း လင်း ကြ လိမ့် မည်။ နား ရှိ သူ ကြား နာ စေ။
  • 44 ကောင်း ကင် နိုင် ငံ တော် သည် လယ် တွင် မြုပ် ထား သော ဘ ဏ္ဍာ နှင့် တူ၏။ လူ တစ် ယောက် တွေ့ သော် မြုပ် မြဲ မြုပ် ထား ခဲ့ ပြီး လျှင် ဝမ်း မြောက် စွာ သွား၍ ရှိ သ မျှ ကို ရောင်း ချ လျက် ထို လယ် ကို ဝယ် ယူ လေ၏။
  • 45 တစ် ဖန် တုံ ကောင်း ကင် နိုင် ငံ တော် သည် ပု လဲ ကောင်း ရှာ သော ကုန် သည် နှင့် တူ၏။
  • 46 ထို သူ သည် အ လွန် အ ဖိုး ထိုက် သော ပု လဲ တစ် လုံး ကို တွေ့ သော် သွား ပြီး လျှင် ရှိ သ မျှ ကို ရောင်း ချ၍ ထို ပု လဲ ကို ဝယ် ယူ လေ၏။
  • 47 တစ် ဖန် တုံ ကောင်း ကင် နိုင် ငံ တော် သည် ရေ၌ ချ၍ ငါး အ မျိုး မျိုး မိ သော ပိုက် နှင့် တူ၏။
  • 48 အ ပြည့် မိ သော် ကမ်း ပေါ် သို့ ဆွဲ တင် ပြီး လျှင် ထိုင်၍ ငါး ကောင်း များ ကို အိုး များ တွင် ရွေး ချယ် ထည့် ထား လျက် ငါး ညံ့ များ ကို ပစ် လိုက် ကြ၏။
  • 49 ထို နည်း တူ ယ ခု ခေတ် ကာ လ အ ဆုံး၌ ဖြစ် လိမ့် မည်။ စေ တ မန် တော် တို့ သည် လာ၍ သူ တော် ကောင်း တို့၏ အ လယ် မှ မ သူ တော် တို့ ကို ခွဲ ယူ ပြီး လျှင်၊
  • 50 မီး ဖို ထဲ သို့ ပစ် ချ သ ဖြင့် ငို ကြွေး ခြင်း၊ အံ ကြိတ် ခြင်း ရှိ ရ ကြ လ တ္တံ့ဟု မိန့် ဆို ပြီး နောက်၊
  • 51 ထို အ ကြောင်း အ ရာ ရှိ သ မျှ ကို နား လည် ကြ ပြီ လော ဟု မေး တော် မူ သော် နား လည် ပါ ပြီ အ ရှင် ဘု ရား ဟု ပြန် လျှောက် ကြ သည့် ကာ လ။
  • 52 ကိုယ် တော် က ထို့ ကြောင့် ကောင်း ကင် နိုင် ငံ တော် တွင် တ ပည့် ဖြစ် သူ ကျမ်း တတ် ဆ ရာ တိုင်း သည် ကိုယ့် ဘ ဏ္ဍာ တိုက် ထဲ မှ အ သစ် အ ဟောင်း များ ကို ထုတ် သော အိမ် ရှင် နှင့် တူ သည် ဟု မိန့် တော် မူ၏။
  • 53 ထို ဥ ပ မာ များ ဆုံး သည့် ကာ လ ယေ ရှု သည် ထို အ ရပ် မှ ထွက် ကြွ၍ နေ ရင်း မြို့ သို့ ရောက် လျှင်
  • 54 ဓ မ္မာ ရုံ တွင် ဒေ သ နာ ပေး တော် မူ သော် မြို့ သူ မြို့ သား တို့ အံ့ သြ ကြ လျက် ဤ သူ သည် ဤ မျှ သော ဉာဏ် ပ ညာ နှင့် အ မှု ကြီး များ ကို မည် သို့ ရ သ နည်း။
  • 55 သူ သည် လက် သ မား သား မ ဟုတ် လော။ သူ့ အ မိ ကို မာ ရိ ဟူ၍ လည်း ကောင်း၊ ညီ များ ကို ယာ ကုပ်၊ ယော သေ၊ ရှိ မုန်၊ ယု ဒ ဟူ၍ လည်း ကောင်း ခေါ် ကြ သည် မ ဟုတ် လော။
  • 56 နှ မ များ အား လုံး ငါ တို့ နှင့် အ တူ ရှိ ကြ သည် မ ဟုတ် လော။ သို့ ဖြစ် လျှင် ဤ သူ သည် ဤ အ ရာ ရှိ သ မျှ ကို မည် သို့ ရ သ နည်း ဟု ဆို လျက်
  • 57 ကိုယ် တော့် အ တွက် တိုက် လဲ ကြ ရာ ယေ ရှု က ပ ရော ဖက် မည် သည် မှာ ကိုယ့် မြို့ ကိုယ့် အိမ် မှ တစ် ပါး အ ခြား သော အ ရပ် တွင် ဂုဏ် အ သ ရေ မ ရ ဘဲ မ ရှိ ဟု မိန့် တော် မူ၏။
  • 58 မ ယုံ ကြည် ကြ သည် နှင့် ထို မြို့ တွင် အ မှု ကြီး များ စွာ ကို ပြု တော် မ မူ ချေ။
回到本卷目录 回到本版本目录 回到首页