1
ငါ့ ချစ် ဆွေ၏ စ ပျစ် ဥ ယျာဉ် ကို ရည်၍ အ ဆွေ၏ သီ ချင်း ကို မျက် မှောက်၌ သီ ပါ အံ့။ မြေ ဩ ဇာ ရှိ သော ကုန်း ပေါ် တွင်၊ ငါ့ ချစ် ဆွေ ပိုင် ဥ ယျာဉ် ရှိ ရာ၊
2
တူး ဖော် ယူ ပစ် ပြီး လျှင် မြတ် သော စ ပျစ် ပင် များ ကို စိုက် ပျိုး လျက်၊ အ လယ်၌ မြော် စင် ကို ဆောက် လုပ်၍၊ ဖိ နင်း ရန် ကျင်း ကို တူး လေ၏။ အ သီး ကောင်း သီး မည် ဟု အောက် မေ့ သော် လည်း၊ တော သီး သီး လာ ပါ သည် တ ကား။
3
အ ချင်း ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊ ငါ နှင့် ငါ့ ဥ ယျာဉ် စပ် ကြား တွင် ယ ခု ဆုံး ဖြတ် ကြ လော့။
4
ငါ့ ဥ ယျာဉ်၌ ပြု စု ခဲ့ သော အ မှု ပြင်၊ မည် သို့ ပြု သင့် သေး သ နည်း။ အ သီး ကောင်း သီး မည် ဟု အောက် မေ့ ရာ တော သီး သီး လာ သည် ကား အ သို့ နည်း။
5
ယ ခု ပင် ဥ ယျာဉ် ပြု လုပ် မည့် အ မှု ကို ငါ ဖော် ပြ ဦး မည်။ စည်း ရိုး ကို ပယ်၍ ကျက် စား ရာ၊ အုတ် ရိုး ကို ဖျက်၍ ကျော် နင်း ရာ အ ဖြစ် ဖြင့်၊
6
သုတ် သင် ခြင်း၊ တူး ဆွ ခြင်း မ ပြု ဘဲ ဖုန်း ဆိုး ထား လျက်၊ ဆူး ပင်၊ ရှား စောင်း ပင် များ ကို ပေါက် စေ မည့် ပြင်၊ မိုး မ ရွာ စေ ခြင်း ငှာ မိုး တိမ် များ ကို ဟန့် တား လိမ့် မည်။
7
အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ လူ မျိုး တို့ သည်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စ ပျစ် ဥ ယျာဉ် နှင့် နှစ် သက် ဖွယ် ပျိုး ပင် ဖြစ် ကြ လျက်၊ တ ရား စောင့် ကြ မည် ဟု အောက် မေ့ တော် မူ ရာ သတ် ဖြတ် ခြင်း၊ ဖြောင့် မတ် ကြ မည် ဟု အောက် မေ့ တော် မူ ရာ အော် ဟစ် အောင် ပြု ခြင်း ဖြစ် ပါ သည် တ ကား။
8
နေ ပြည် တွင် တစ် ဦး တည်း နေ လို၍ နေ ရာ လပ် မ ရှိ သည့် တိုင် အောင်၊ တစ် အိမ် နောက် တစ် အိမ်၊ လယ် တစ် ကွက် နောက် တစ် ကွက်၊ ချဲ့ ယူ သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
9
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထံ မှ ငါ ကြား နာ ရ သည် မှာ၊ အ ကယ် စင် စစ်၊ လှ ပ ကြီး ကျယ် သော အိမ် များ စွာ ပင်၊ နေ သူ ကင်း၍ အိမ် ဆိုး ဖြစ် ရ လ တ္တံ့။
10
အ သို့ ဆို သော် စ ပျစ် ဥ ယျာဉ် ခြောက် ပယ် မှ စ ပျစ် ရည် ချိန် ခွက် အ စိပ် မျှ သာ ထွက်၍ မျိုး ဆယ် တင်း ကြဲ မှ တစ် တင်း သာ ထွက် လိမ့် မည် ဟူ၍ တည်း။
11
နံ နက် အ ချိန် ထ ပြီး လျှင် သေ ရည် သေ ရက် ကို လိုက် ရှာ၍၊ ညဉ့် အ ချိန် တိုင် အောင် စ ပျစ် ရည် ယစ် လျက် နေ သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
12
သူ တို့၏ ပွဲ သ ဘင် များ တွင်၊ စောင်း၊ တ ယော၊ ပတ် သာ၊ ပြွေ များ နှင့် စ ပျစ် ရည် ပါ ရှိ လျက်၊ ထာ ဝ ရ ဘု ရား၏ အ မှု တော် ကို မ ထောက် မ ထား၊ လက် မှု တော် ကို မ သိ မ မြင် ကြ။
13
ထို့ ကြောင့် ငါ့ လူ မျိုး တော် သည် အ သိ ဉာဏ် ကင်း၍ သိမ်း သွား ခံ ရ ကြ ရာ၊ လူ မြတ် တို့ သည် မွတ် သိပ် လျက်၊ လူ သာ မန် တို့ လည်း ရေ ငတ် ရ ကြ သည့် ပြင်၊
14
မ ရ ဏာ့ နိုင် ငံ သည် ဝမ်း ကျယ် လျက်၊ တိုင်း တာ မ သိ ခံ တွင်း ဟ လျက်၊ ချင်း တို့ ဂုဏ် အ သ ရေ အ လုံး အ ရင်း နှင့် တ ကွ၊ အ သံ ဗ လံ ပြု ခြင်း၊ ရွှင် လန်း ခြင်း များ ပါ ဆင်း ဝင် ရ ကြ၍၊
15
လူ ယုတ် သည် နှိမ့် ချ ခြင်း၊ လူ မြတ် သည် အ သ ရေ ပျက် ခြင်း၊ မော် သော မျက် နှာ လည်း ရှုတ် ချ ခြင်း ခံ ရ ကြ လိမ့် မည်။
16
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မှာ မူ တ ရား စီ ရင် ခြင်း အား ဖြင့် မြင့် မြတ် သည် ဟူ၍ လည်း ကောင်း၊ သန့် ရှင်း တော် မူ သော ဘုရား သည် ဖြောင့် မတ် ခြင်း အား ဖြင့် သီး သန့် သည် ဟူ၍ လည်း ကောင်း၊ ထင် ရှား စေ တော် မူ ၏။
17
သူ ကြွယ် တို့ နေ ထိုင် ဖူး သော မြို့ ပျက် များ တွင် ဧည့် သည် အာ ဂ န္တု များ ထိန်း ကျောင်း ရ လျက်၊ သိုး သား ငယ် များ လည်း ကိုယ့် စား ကျက် ကဲ့ သို့ ကျက် စား ရ ကြ လ တ္တံ့။
18
ငါ တို့ မြင် ကြ စေ ရန် အ မှု တော် ကို လျင် လျင် ပြီး မြောက် တော် မူ ပါ စေ ဟူ ၍ လည်း ကောင်း သိ ရ စေ ရန် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ပြ ဋ္ဌာန်း တော် မူ ချက် သည် ချဉ်း ကပ် လာ ရောက် ပါ စေ ဟူ၍ လည်း ကောင်း ဆို လျက်၊ မု သာ ဝင် ကြိုး ဖြင့် အ ပြစ်၊ လှည်း ပတ် ကြိုး သ ဖွယ် ဖြင့် ဒု စ ရိုက် များ ကို ဆွဲ ငင် သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
19
20
အ ကောင်း ကို အ ဆိုး၊ အ ဆိုး ကို အ ကောင်း ဟု ခေါ် ဝေါ်၍၊ အ လင်း အ စား မှောင်၊ မှောင် အ စား အ လင်း၊ အ ချို အ စား အ ခါး၊ အ ခါး အ စား အ ချို ကို ထား တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
21
ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ရှိ သည် ဟု ကိုယ် ကို ထင် မြင် သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
22
စ ပျစ် ရည် ကို များ စွာ သောက်၍ သေ ရည် သေ ရက် ကို အား ကြီး စွာ ရော စပ် သည့် ပြင်၊ တံ စိုး ငဲ့၍ လူ ဆိုး ကို ဖြောင့် သည် ဟု စီ ရင် လျက်၊ လူ ဖြောင့် ကို မ ဖြောင့် ဟု ဆုံး ဖြတ် တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
23
24
ထို သို့ ပင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို ငြင်း ပယ်၍၊ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင့် ဗျာ ဒိတ် တော် ကို မ ထီ မဲ့ မြင် ပြု ကြ သော ကြောင့်၊ ရိုး ပြတ် ကို မီး လျှံ ကျွမ်း လောင် သည့် နည်း တူ၊ မီး လောင် သော ဖွဲ ပုံ ကျုံ့ ကျ သည့် နည်း တူ ပင်၊ ချင်း တို့ အ မြစ် ဆွေး မြေ့ လျက်၊ အ ညှောက် လည်း မြူ မုန် ကဲ့ သို့ လွင့် ပျောက် လိမ့် မည်။
25
ထို့ ကြောင့် ထာ ဝ ရ ဘု ရား သည် လူ မျိုး တော့် အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ဒဏ် ခတ် တော် မူ၍၊ တောင် များ သည် လှုပ် ရှား လျက်၊ အ လောင်း များ လည်း လမ်း ပေါ်၌ အ မှိုက် ပုံ ကဲ့ သို့ ရှိ ကြ၏။ ထို မျှ ဖြစ် သော် လည်း အ မျက် တော် မ ပြေ၊ လက် ရုံး တော် မ ရုပ် သေး လေ စွ တ ကား။
26
ဝေး ကွာ သော လူ မျိုး တို့ အ ဖို့၊ အ လံ ကို စိုက် ထူ လျက်၊ မြေ ကြီး စွန်း မှ လေ ချွန်၍ ခေါ် တော် မူ သ ဖြင့်၊ လျင် မြန် စွာ ပြေး လာ ကြ ရာ၊
27
ပင် ပန်း၍ ယိမ်း ယိုင် သူ၊ ငိုက် မျည်း၍ အိပ် ပျော် သူ တစ် ယောက် မျှ မ ရှိ ပါ။ ခါး ဝတ် မ ကျွတ်၊ ဘိ နပ် ကြိုး မ ပြေ ဘဲ၊
28
မြှား ချွန် လျက်၊ လေး တင် လျက် ရှိ ကြ မည့် ပြင်၊ မြင်း ခွာ များ သည် မီး ခတ် ကျောက် ကဲ့ သို့လည်း ကောင်း၊ ရ ထား ဘီး များ လည်း လေ ဗွေ ကဲ့ သို့လည်း ကောင်း၊ ထင် မှတ် ဖွယ် ရှိ ကြ လ တ္တံ့။
29
ခြင်္သေ့ အို၊ ခြင်္သေ့ ပျို များ ကဲ့ သို့ ဟိန်း ဟောက် လျက်၊ အ မဲ ကို ဟိန်း မာရ် နှင့် ဘမ်း ကိုက်၍၊ ကယ် သူ မဲ့ ဆောင် သွား လျက်၊
30
လူ မျိုး တော့် အ ပေါ် တွင် သ မု ဒ္ဒ ရာ လှိုင်း သံ ကဲ့ သို့၊ ထို ကာ လ ကြိမ်း မောင်း ကြ လိမ့် မည်။ နေ ပြည် ကို ကြည့် လျှင် လည်း မှောင် မိုက် အ တိ ဒု က္ခ သက် သက် ရှိ၍ မိုး သား အ လင်း ပင်၊ အ မိုက် တိုက် ဖြစ် လိမ့် တ ကား။