1
ငါ တို့ စွမ်း အား ဖြစ် သော ဘု ရား သ ခင် အား ကြွေး ကြော်၍၊ ယာ ကုပ်၏ ဘု ရား သ ခင် အား ရွှင် လန်း စွာ ကြွေး ကြော် ကြ လော့။
2
ဆာ လံ သီ ချင်း ကို ချီး ကျူး ၍၊ ပတ် သာ မှ စ သော သာ ယာ စွာ စောင်း နှင့် တ ယော ထိုး ခြင်း၊
3
လ ဆန်း နေ့၊ ငါ တို့ ပွဲ ခံ ရာ လ ပြည့် နေ့ ၌၊ တံ ပိုး မှုတ် ခြင်း ကို ပြု ကြ လော့။
4
ဣ သ ရေ လ လူ မျိုး ၌ ထုံး ဖွဲ့ ချက်၊ ယာ ကုပ် ဘု ရား သ ခင် ၏ ဆုံး ဖြတ် ချက်၊
5
အိ ဂျစ် ပြည် ပေါ် တွင် ကြွ တော် မူ ရာ၊ ယော သပ် အ နွယ် ၌ သက် သေ ခံ ချက် ကို ထို သို့ စီ ရင် တော် မူ သ တည်း။ မ သိ မ ကျွမ်း သော ဘာ သာ ကို ငါ ကြား ရ မည် မှာ၊
6
ငါ သည် သူ့ ဝန် ကို ပ ခုံး မှ ချ ခြင်း၊ တောင်း ကို လက် လွှတ် ခြင်း ပြု သည့် ပြင်၊
7
ဒု က္ခ ရောက်ခ ၍ သင် ဟစ် ခေါ် ရာ၊ ကယ် လွှတ် ခြင်း၊ ပုန်း နေ သော မိုး ခြုန်း ရာ မှ တုံ့ ပြန် ခြင်း၊ မေ ရိ ဘ ရေ အ နီး၊ စံ ချ ခြင်း များ ကို ပြု ၏။
8
အို ဣ သ ရေ လ လူ မျိုး တော်၊ နား ထောင် ကြ လော့။ ငါ သ တိ ပေး မည်။
9
အ ခြား ဘု ရား ကို မ ကိုး ကွယ် နှင့်။ လူ မျိုး ခြား ဘု ရား ကို ရှိ မ ခိုး နှင့်။
10
ငါ သည် သင့် ကို အိ ဂျစ် ပြည် မှ ထွက် ခဲ့ စေ သော သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ်၏။ သင့် နှုတ် ကို ကျယ် စွာ ဖွင့် လော့။ ပြည့် ဝ စေ မည်။
11
သို့ ရာ တွင်၊ ငါ့ မိန့် ဆို သံ ကို လူ မျိုး တော် နား မ ထောင်၊ ဣ သ ရေ လ လူ မျိုး ဝန် မ ခံ သည့် အ တွက်၊
12
စိတ် ခဲ ယဉ်း သည့် အ လျောက်၊ သ ဘော ထင် မြင် ရာ လိုက် ခွင့် ကို ငါ ပေး လိုက် ၏။
13
လူ မျိုး တော် သည်၊ နား ထောင်၍၊ ဣ သ ရေ လ လူ မျိုး သည်၊ နည်း လမ်း တော်၌ လျှောက် လိုက် ကြ ပါ စေ သော။
14
သို့ ပြု လျှင်၊ ငါ သည် သူ တို့ ရန် သူ တို့ ကို အ လျင် အ မြန် နှိမ် နှင်း၍၊ ရန် ဘက် တို့ ကို ဖိ စီး မည်။
15
ထာ ဝ ရ ဘု ရား ကို မုန်း ထား သူ တို့ လည်း၊ ကိုယ် တော့် ထံ ကျိုး နွံ ဟန် ဆောင် ၍၊ လူ မျိုး တော် တို့ ခေတ် အ စဉ် အ မြဲ တည် ပါ စေ သော။
16
ငါ သည် ဂျုံ စ ပါး အ ထူး အ မြတ် နှင့် ကျွေး လျက်၊ ကျောက် ကြား ထွက် ပျား ရည် နှင့် ရောင့် ရဲ စေ မည် ဟူ ၍ တည်း။