1
ငါ့ လူ မျိုး တို့၊ ငါ့ တ ရား ကို နာ ခံ၍၊ နှုတ် မြွက် သော စ ကား များ ကို နား ထောင် ကြ လော့။
2
ပုံ ဆောင် သော စ ကား ကို နှုတ် မြွက် လျက်၊ ရှေး ကာ လ က နက် နဲ ရာ များ ကို ဖော် ပြ မည်။
3
ဘိုး ဘေး တို့ ကြား ပြော၍၊ ငါ တို့ ကြား သိ သော အ ရာ များ ကို၊
4
သား မြေး တို့ မှ မ ထိမ် မ ချန် ဘဲ၊ ထာ ဝ ရ ဘု ရား ၏ ချီး မွမ်း ဖွယ် သော တန် ခိုး တော် များ၊ ပြု တော် မူ သော အံ့ ဖွယ် ရာ များ ကို၊ နောက် လူ မျိုး တစ် ဆက် အား ပြန် ကြား ကြ မည်။
5
ကိုယ် တော် သည်၊ ယာ ကုပ် အ မျိုး၌ သက် သေ ခံ ချက် ကို ပြ ဋ္ဌာန်း၍၊ ဣ သ ရေ လ လူ မျိုး ၌ တ ရား တော် ကို ထား တော် မူ သည့် ပြင်၊ သား မြေး တို့ အား ဘိုး ဘေး တို့ ပြန် ကြား သ ဖြင့်၊ သိ မြင် သော နောက် လူ မျိုး တစ် ဆက်၊ ဖွား မြင် လ တ္တံ့ သော သား တို့ လည်း၊ မြေး မြစ် တို့ အား ဆင့် ဆို ရ ကြ မည့် အ ကြောင်း၊ ပ ညတ် တော် မူ သည် မှာ၊ ခဲ ယဉ်း ၍ ပုန် ကန် တတ် သော အ ဆက်၊
6
7
စိတ် နှ လုံး မ တည် ကြည် ဘဲ၊ ဘု ရား သ ခင့် ရှေ့ စိတ် ဝိ ညာဉ် ၌ သ စ္စာ မ ရှိ သော အ ဆက် မ ဟုတ်။ ဘု ရား သ ခင့် အ မှု တော် များ ကို မ မေ့ ဘဲ၊ ဘု ရား သ ခင် ၌ စိတ် ချ လျက်၊ ပ ညတ် တော် များ ကို စောင့် ထိန်း သော လူ မျိုး ဖြစ် စေ ခြင်း ငှာ တည်း။
8
9
လေး လက် နက် ကိုင် ဧ ဖ ရိမ့် အ မျိုး သား တို့ သည်၊ စစ် တိုက် သော နေ့၌ ဆုတ် ပြေး ၍၊
10
ဘု ရား သ ခင် ၏ ပ ဋိ ညာဉ် တော် ကို မ စောင့်၊ တ ရား တော် လမ်း၌ မ လျှောက် ဟု ငြင်း ဆို လျက်၊
11
ပြ တော် မူ သော အ မှု တော် များ နှင့်၊ အံ့ ဖွယ် ရာ များ ကို မေ့ လျော့ ကြ ၏။
12
အိ ဂျစ် ပြည်၊ ဇော န လွင် ပြင် တွင်၊ ဘိုး ဘေး တို့ မျက် မှောက်၌ အံ့ ဖွယ် ရာ များ ကို ပြု နှင့် တော် မူ ရာ၊
13
ပင် လယ် ကို ခွဲ လျက်၊ ရေ များ ကို စု ပုံ၍ ဖြတ် သွား စေ ခြင်း၊
14
နေ့ အ ခါ၌ တိမ် တိုက် ဖြင့် လည်း ကောင်း၊ ညဉ့် ရှိ သ မျှ မီး အ လင်း ဖြင့် လည်း ကောင်း၊ လမ်း ပြ ခြင်း၊ သဲ က န္တာ ရ ၌ ကျောက် တောင် များ ကို ခွဲ ၍၊
15
ပင် လယ် နှင့် အ မျှ ရေ များ စွာ ကို တိုက် ခြင်း၊
16
ကျောက် တောင် ထဲ က စမ်း ရေ ထွက် စေ၍၊ မြစ် ရေ ကဲ့ သို့ စီး စေ ခြင်း စီ ရင် တော် မူ ၏။
17
ထို သူ တို့ မှာ မူ၊ မြင့် မြတ် သော ဘု ရား ကို၊ သဲ က န္တာ ရ တွင် ပုန် ကန် ခြင်း အား ဖြင့် ပြစ် မှား မြဲ ပြစ် မှား လျက်၊
18
ကိုယ့် အ လို အ လျောက် အ စား ကို တောင်း ၍၊ စိတ် နှ လုံး ၌ ဘု ရား သ ခင် ကို စုံ စမ်း ကြ သည် မှာ၊
19
ဘု ရား သ ခင် သည် သဲ က န္တာ ရ ၌၊ စား ပွဲ ပြင် နိုင် သ လော။
20
ကျောက် တောင် ကို ရိုက် တော် မူ သ ဖြင့်၊ မြစ် ရေ ကဲ့ သို့ ရေ ထွက် စီး သည် မှန် သော် လည်း၊ လူ မျိုး တော် အ ဖို့ ဟင်း လျာ ကို စီ မံ၍၊ ထမင်း ကို ပေး နိုင် သေး သ လော ဟု၊ ဘု ရား သ ခင် အား တော် လှန် ပြော ဆို ကြ ၏။
21
သူ တို့ သည် ဘု ရား သ ခင်၌ မ ယုံ ကြည်၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို မ ကိုး စား ဘဲ နေ ကြ သ ဖြင့်၊
22
ထာ ဝ ရ ဘု ရား ကြား သိ၍၊ အ မျက် ထား တော် မူ ရာ၊ ယာ ကုပ် အ မျိုး တစ် ဘက်၌ မီး တောက် ငြိ လျက်၊ ဣ သ ရေ လ အ မျိုး တစ် ဘက်၌ အ မျက် တော် ထွက် ၏။
23
သို့ ရာ တွင်၊ အ ထက် အာ ကာ သ များ အား အ မိန့် ရှိ၍၊
24
ကောင်း ကင် တံ ခါး များ ကို ဖွင့် ရာ၊ စား ရန် မ န္န ကို ရွာ စေ လျက်၊ ကောင်း ကင် ဆန် စ ပါး ကို သ နား တော် မူ သ ဖြင့်၊
25
လူ တို့ သည် တန် ခိုး ရှင် တို့ ဩ ဇာ ကို သုံး ဆောင်၍၊ ဝ ပြော စွာ စား ခွင့် ရ ကြ ၏။
26
ကောင်း ကင်၌ အ ရှေ့ လေ ကို လွှတ် ခြင်း၊ တန် ခိုး တော် ဖြင့် တောင် လေ ကို ပို့ ခြင်း ပြု၍၊ မြေ မုန့် နှင့် အ မျှ ဟင်း လျာ ကိုလည်း ကောင်း၊
27
သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ၊ ငှက် သ တ္တ ဝါ များ ကို လည်း ကောင်း၊ ရွာ စေ လျက်၊ တပ် ချ ရာ အ လယ်၊
28
စ ခန်း ချ ရာ ပတ် လည် ၌ ကျ စေ သည့် အ လျောက်၊
29
သူ တို့ စား လို တိုင်း ပေး တော် မူ သ ဖြင့်၊ ဝ စွာ စား ရ ကြ ၏။
30
ထို သို့ တပ် မက် သော အ စာ ကို စား လျက်၊
31
မ ရောင့် ရဲ သေး မီ၊ ဘု ရား သ ခင့် အ မျက် တော် သင့် ရောက် သ ဖြင့်၊ သန် မာ သူ တို့ ကို ကွပ် မျက်၍၊ ဣ သ ရေ လ အ မျိုး လက် ရွေး တို့ ကို လှဲ ချ သော် လည်း၊
32
အံ့ ဖွယ် ရာ အ မှု တော် များ ကို မ ယုံ ဘဲ၊ ပြစ် မှား လျက် ရှိ နေ ကြ သ ဖြင့်၊
33
သူ တို့ ရက် တာ ကို တစ် ရှူ တစ် ရှိုက်၊ နှစ် တာ ကို အ လန့် တ ကြား ပြတ် စေ တော် မူ ၏။
34
ကွပ် မျက် တော် မူ ရာ၊ ကိုယ် တော် ကို လိုက် ရှာ လျက်၊ ဘု ရား သ ခင့် ထံ စိတ် ဇော နှင့် ရှာ ဖွေ ပြန် လာ လျက်၊
35
ဘု ရား သ ခင် သည်၊ ကိုယ့် ကျောက် တောင်၊ မြင့် မြတ် သော ဘု ရား သ ခင် သည်၊ ကိုယ် ကို ရွေး နုတ် သော အ ရှင် ဖြစ် တော် မူ ကြောင်း၊ သ တိ ရ ကြ ပြန်၏၊။
36
သို့ ရာ တွင်၊ နှုတ် ဖြင့် မြှောက် ပင့် လျက်၊ လျှာ ဖြင့် မု သာ ဆို လျက်၊ ရှေ့ တော်၌ စိတ် နှ လုံး မ တည် ကြည်၊
37
ပ ဋိ ညာဉ် တော်၌ သ စ္စာ မ စောင့် ဘဲ နေ ကြ၏။
38
က ရု ဏာ တော် နှင့် ပြည့် စုံ သော ကိုယ် တော် မူ ကား၊ သူ တို့ ကို မ ဖျက် ဆီး ဘဲ၊ ဒု စ ရိုက် ကို ဖြေ လွှတ် လျက်၊ အ မျက် တော် အ ကုန် မ နှိုး ဆော် ဘဲ၊ ကြိမ် ဖန် များ စွာ လွှဲ လျက်၊
39
အ သွေး အ သား မျှ သာ၊ တိုက် သွား ၍ မ ပြန် ရ သော လေ မျှ သာ ဖြစ် ကြောင်း ကို အ မှတ် ရ တော် မူ ရာ၊
40
ကိုယ် တော် ကို သဲ က န္တာ ရ၌ ကြိမ် ဖန် များ စွာ ပုန် ကန်၍၊ သဲ တော၌ စိတ် တော် နာ ဖွယ် ပြု ကြ သည် တ ကား။
41
သူ တို့ သည်ဖောက် ပြန် လျက်၊ ဘု ရား သ ခင် ကို စုံ စမ်း၍၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း တော် မူ သော အ ရှင့် အ မျက် တော် တိုက် လျက်၊
42
လက် ရုံး တော် ကိုလည်း ကောင်း၊ ရန် ဘက် ပြု သူ တို့ ထံ မှ ရွေး နုတ် တော် မူ သော နေ့ ရက် ကာ လ ကို လည်း ကောင်း၊ သ တိ လစ် ကြ သည် မှာ၊
43
အိ ဂျစ် ပြည် ၌ လ က္ခ ဏာ သက် သေ တော် များ၊ ဇော န လွင် ပြင်၌ အံ့ ဖွယ် တန် ခိုး တော် များ ကို စီ ရင် လျက်၊
44
ရေ မ သောက် ရ စေ ရန် မြစ် ရေ၊ ချောင်း ရေ များ ကို၊ သွေး ဖြစ် စေ တော် မူ ခြင်း၊
45
ကိုက် တတ် သော မှက် များ နှင့်၊ ဖျက် ဆီး တတ် သော ဖား များ ကို လွှတ် တော် မူ ခြင်း၊
46
အ သီး အ နှံ ကို နှံ ကောင် များ သို့ လည်း ကောင်း၊ ချွေး နဲ စာ ကို ကျိုင်း ကောင် များ သို့လည်း ကောင်း၊ အပ် ပေး တော် မူ ခြင်း၊
47
စ ပျစ် ပင် များ ကို မိုး သီး ဖြင့် လည်း ကောင်း၊ ပိုး စာ ပင် များ ကို နှင်း ခဲ ဖြင့် လည်း ကောင်း၊ ဖျက် ဆီး တော် မူ ခြင်း၊
48
သိုး၊ နွား များ ကို မိုး သီး ၌ လည်း ကောင်း၊ တိ ရ စ္ဆာန် များ ကို မိုး ကြိုး မီး၌ လည်း ကောင်း၊ လွှဲ အပ် တော် မူ ခြင်း၊
49
ဒု က္ခ ဆိုင် ရာ စေ တ မန် တို့ ဖြစ် သော အ မျက်၊ ဒေါ သ၊ သော က နှင့် အ မျက် တော် အ ရှိန် ကို စေ လွှတ် တော် မူ ခြင်း၊
50
အ မျက် တော် လမ်း ကို ပြင် ဆင် လျက်၊ သူ တို့ အ သက် မ သေ စေ ရန် ညှာ တာ တော် မ မူ ဘဲ၊ ကပ် ရော ဂါ သို့ အပ် ပြီး လျှင်၊
51
ဟာ မ အ မျိုး တဲ များ ရှိ၊ ခွန် အား၏ က န ဦး ဖြစ် သူ၊ အိ ဂျစ် ပြည် ရှိ ဩ ရ သ ဟူ သ မျှ ကို ဒဏ် ခတ် ခြင်း များ ပြင်၊
52
လူ မျိုး တော် ကို သိုး များ ကဲ့ သို့ ထုတ် ဆောင်၍၊ သဲ က န္တာ ရ၌ သိုး စု ကဲ့ သို့ လမ်း ပြ တော် မူ ခြင်း၊
53
ပင် လယ် အ လွှမ်း အ မိုး ကို ရန် သူ တို့ ခံ ကြ ရာ၊ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘေး ကင်း စွာ ပို့ ဆောင် တော် မူ ခြင်း၊
54
ညာ လက် ရုံး တော် ဖြင့် အ ပိုင် ရ တော် မူ သော ဤ တောင် တန်း၊ သန့် ရှင်း ရာ ပြည် တော် အ စွန်း သို့ လိုက် ပို့ တော် မူ ခြင်း၊
55
လူ မျိုး ခြား တို့ ကို ရှေ့ မှ နှင် ထုတ် ပြီး လျှင်၊ ဣ သ ရေ လ အ နွယ် များ၏ အ ပိုင် အ ဖြစ်၊ တာ ထိုး ဝေ ပေး လျက်၊ တဲ များ တွင် နေ ရာ ချ တော် မူ ခြင်း များ တည်း။
56
သို့ ဖြစ် ပါ လျက်၊ သူ တို့ သည် မြင့် မြတ် သော ဘု ရား သ ခင် ကို စုံ စမ်း၍ ပုန် ကန် ပြီး လျှင်၊ သက် သေ ခံ တော် မူ ချက် များ ကို မ စောင့် မ ထိန်း၊
57
ဘိုး ဘေး တို့ ဘာ ဝဖောက် ပြန် လျက်၊ သ စ္စာ ဖျက် လျက်၊ လိမ် ဖယ် သော လေး ကဲ့ သို့ လွဲ ကြ၍၊ မြင့် ရာ ဌာ န များ ဖြင့် အ မျက် တော် တိုက် လျက်၊
58
ရုပ် ပွား ဆင်း တု များ ဖြင့် ရှု စိတ် တော် မ မူ ခြင်း ကို ဖြစ် စေ ကြ ၏။
59
ဘု ရား သ ခင် သည် ကြား သိ၍၊ အ မျက် ထား တော် မူ ရာ၊ ဣ သ ရေ လ လူ မျိုး ကို များ စွာ ရွံ ရှာ သ ဖြင့်၊
60
လူ တို့ တွင် ကိန်း ဝပ် တော် မူ ရာ၊ ရှိ လော တဲ တော် ကို စွန့် ခွာ ၍၊ ခွန် အား တော် ကို သိမ်း သွား ရာ သို့ လည်း ကောင်း၊
61
ဘုန်း တော် ကို ရန် ဘက် တို့ လက် သို့ လည်း ကောင်း၊ လွှဲ အပ် လျက်၊
62
ပိုင် တော် မူ ရာ ကို အ မျက် တော် ထား သ ဖြင့်၊ လူ မျိုး တော် တို့ ၌ ဓား ဘေး သင့် စေ တော် မူ လျှင်၊
63
လူ ပျို တို့ မီး ကျွမ်း လောင် ၍၊ အ ပျို တို့ သည် မင်္ဂ လာ ဆောင် သီ ချင်း ကြား ခွင့်၊
64
ဓား ဘေး ဖြင့် ပ ရော ဟိတ် တို့ ကျ ဆုံး၍၊ မု ဆိုး မ တို့ သည် မြည် တမ်း မှု ပြု ခွင့် မ ရ ကြ။
65
ထို အ ခါ၊ အ ရှင် ဘု ရား သည် အိပ် ပျော် ရာ မှ နိုး လာ သော သူ ကဲ့ သို့ လည်း ကောင်း၊ စ ပျစ် ရည် ကြောင့် ဟစ် အော် သော သူ ရဲ ကဲ့ သို့ လည်း ကောင်း၊ နိုး တော် မူ ပြီး လျှင်၊
66
ရန် ဘက် တို့ ကို ဒဏ် ခတ် တွန်း လှန် သ ဖြင့်၊ အ စဉ် အ မြဲ အ ရှက် ကွဲ စေ တော် မူ ၏။
67
၎င်း ပြင်၊ ဧ ဖ ရိမ့် အ နွယ် ကို မ ရွေး ဘဲ၊ ယော သပ်၏ တဲ ကို ငြင်း ပယ်၍၊
68
ယု ဒ အ နွယ် ကို လည်း ကောင်း၊ နှစ် သက် တော် မူ ရာ ဇိ အုန် တောင် ကို လည်း ကောင်း၊ ရွေး တော် မူ လျက်၊
69
သန့် ရှင်း ရာ ဌာ န တော် ကို ဘ ဝဂ် ပ မာ ဏ၊ ကာ လ အ စဉ် တည် သော မြေ ပ ထ ဝီ ကဲ့ သို့ တည် ဆောက် တော် မူ ၏။
70
ကျွန် တော် ရင်း ဒါ ဝိဒ် ကို လည်း ရွေး ကောက် လျက်၊ သိုး ခြံ များ ထဲ က ထုတ် ယူ လျက်၊
71
လူ မျိုး တော် ဖြစ် သော ယာ ကုပ်၊ ပိုင် တော် မူ ရာ ဣ သ ရေ လ လူ မျိုး ကို ထိန်း ကျောင်း စေ ရန်၊ နို့ ငင် သိုး မ များ ကို လိုက် ပို့ ရာ မှ ခေါ် တော် မူ ခဲ့ ၏။
72
ထို မင်း လည်း စုံ လင် သော စိတ် အ တိုင်း၊ ထိန်း ကျောင်း ၍၊ ကျွမ်း ကျင် သော လက် ဖြင့် လမ်း ပြ ခဲ့ သ တည်း။