1
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် မြည် တမ်း သံ ကို ကြား နာ၍၊ ရန် ဘေး မှ အ သက် ကို စောင့် ထိန်း တော် မူ ပါ။
2
လူ ဆိုး တို့ အ သင်း အ ပင်း မှလည်း ကောင်း၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ အ စု အ ခဲ မှ လည်း ကောင်း၊ ကွယ် ကာ တော် မူ ပါ။
3
ထို သူ တို့ သည် ကိုယ့် လျှာ ကို ဓား ကဲ့ သို့ ကျင်း ခြင်း၊ နစ် နာ ရာ စ ကား ဖြစ် သော မြှား ကို ရွယ် ခြင်း၊ စုံ လင် သော သူ့ ကို၊ အောင်း ရာ မှ ပစ် ခြင်း ကြံ လျက်၊ ရှောင် တ ခင် ဘေး ကင်း စွာ ပစ် တတ် ကြ သည် တ ကား။
4
5
မ ကောင်း သော အ ကြံ ကို အ တည် ပြု လျက်၊ ညွှတ် ကွင်း များ ကို ထောင် ထား ရန် တိုင် ပင် လျက်၊ မည် သူ သိ မြင် မည် နည်း ဟု ဆို တတ် ကြ ပါ ၏။
6
မ ကောင်း မှု ကို ကြံ ဖန် ၍၊ မ ရ မ နေ ကြံ စည် တတ် ကြ ပါ ၏။ လူ တို့ အ တွင်း သ ဘော သည် အ လွန် နက် နဲ ပါ ၏။
7
သို့ သော် လည်း၊ မြှား တော် ကို ဘု ရား သ ခင် ပစ် တော် မူ သ ဖြင့်၊ ရုတ် တ ရက် အ နာ တ ရ ခံ ရ ကြ ရာ၊
8
ကိုယ့် စ ကား အ ကျိုး ဆက် ကြောင့် ပြို လဲ ရ ကြ လိမ့် မည်။ မြင် ရ သူ အ ပေါင်း တို့ ခေါင်း ခါ လျက်၊ လူ့ ခပ် သိမ်း တို့ ကြောက် ရွံ့ လျက်၊
9
ဘု ရား သ ခင့် အ စီ အ ရင် တော် ကို စဉ်း စား ၍၊ အ မှု တော် ကို ကြော် ငြာ ကြ လိမ့် မည်။
10
ဖြောင့် မတ် သူ မူ ကား၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ခို လှုံ ခွင့်၊ သ ဘော ဖြောင့် သူ ရှိ သ မျှ တို့ ပင်၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် သ တည်း။