1
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
2
ဘုန်း တန် ခိုး တော် ကို ရှု မြင် ရန်၊ သန့် ရှင်း ရာ ဌာ န တော် တွင် ဖူး မျှော် ပါ ၏။
3
အ သက် ရှင် ခြင်း ထက်၊ မေ တ္တာ ကျေး ဇူး တော် ကောင်း မြတ် သည့် အ တွက်၊ ကိုယ် တော် ကို နှုတ် မြွက် ချီး မွမ်း သည် နှင့် အ ညီ၊
4
အ သက် ထက် ဆုံး ဩ ဘာ ဆက် ခြင်း၊ နာ မ တော် အား ဖြင့် လက် အုပ် ချီ ခြင်း ပြု လျက်၊
5
ဆီ ဥ ခြင် ဆီ သ ဖွယ် ကိုယ် တော် နှင့် သာ ရောင့် ရဲ၍၊ ရွှင် လန်း သော နှုတ် ခမ်း ဖြင့် ချီး မွမ်း ပါ မည်။
6
အိပ် ရာ ပေါ် တွင် ကိုယ် တော် ကို သ တိ ရ သော်၊ မ စ တော် မူ သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊ ညဉ့် ယံ ပတ် လုံး ဆင် ခြင် လျက်၊ အ တောင် တော် အ ရိပ် တွင် ခို လှုံ ကြွေး ကြော် ပါ မည်။
7
8
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
9
အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ မူ ကား၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သို့ ဆင်း ရ လျက်၊
10
ဓား ဘေး သင့် ၍ တော ခွေး စာ ဖြစ် ရ ကြ လိမ့် မည်။
11
ဘု ရင် မင်း သည်၊ ဘု ရား သ ခင် ကြောင့် ရွှင် လန်း ခွင့်၊ သ စ္စာ တော် ခံ သူ အ ပေါင်း တို့ လည်း၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် မည်။ မု သာ သုံး သူ တို့ နှုတ် မှာ မူ၊ ပိတ် လျက် နေ ရ ကြ လ တ္တံ့။