ဆာ​လံ-148

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဟာ လေ လု ယ၊ ကောင်း ကင် ဘုံ မှ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ ဘ ဝဂ် ပေါ် မှ ချီး မွမ်း ကြ လော့။
  • 2 စေ တ မန် တော် အ ပေါင်း တို့၊ ချီး မွမ်း ကြ လော့။ ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ချီး မွမ်း ကြ လော့။
  • 3 နေ နှင့် လ တို့၊ ချီး မွမ်း ကြ လော့။ ထွန်း တောက် သော ကြယ် အ ပေါင်း တို့၊ ချီး မွမ်း ကြ လော့။
  • 4 ကောင်း ကင် အ ထပ် ထပ် နှင့် မိုး ကောင်း ကင် အ ထက် ရှိ ရေ များ တို့၊ ချီး မွမ်း ကြ လော့။
  • 5 ထို အ ရာ များ ကို အ မိန့် တော် နှင့် ဖန် ဆင်း တော် မူ သော ကြောင့်၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ချီး မွမ်း ကြ စေ။
  • 6 ကာ လ အ စဉ် အ ဆက် တည် မြဲ စေ တော် မူ လျက်၊ မ ပျက် ရ သော ဓ မ္မ တာ တ ရား ကို စီ ရင် တော် မူ ပြီ။
  • 7 မြေ ပ ထ ဝီ ရှိ မြွေ နဂါး များ၊ နက် ရှိုင်း ရာ များ၊ မီး နှင့် မိုး သီး၊ မိုး ပွင့် နှင့် အ ခိုး အ ငွေ့၊ အ မိန့် တော် ကို လိုက် နာ ရ သော လေ ပြင်း မုန် တိုင်း၊
  • 8
  • 9 တောင် ကြီး တောင် ငယ် ရှိ သ မျှ၊ အ သီး သီး သော အ ပင်၊ သစ် က တိုး ပင် ရှိ သ မျှ၊ သား ရဲ သား ယဉ် ရှိ သ မျှ၊
  • 10 တွား တတ် သော တိ ရ စ္ဆာန် နှင့် ပျံ တတ် သော ငှက် မှ စ၍၊
  • 11 မြေ ကြီး ရှင် ဘုရင် တို့ နှင့် ပြည် သူ ပြည် သား ရှိ သ မျှ၊ မြေ ကြီး ပေါ် ရှိ မှူး မတ် တို့ နှင့် တ ရား မင်း ရှိ သ မျှ၊
  • 12 လူ ပျို နှင့် အ ပျို တို့၊ သူ အို နှင့်၊ သူ ငယ် ရှိ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။
  • 13 နာ မ တော် တစ် ပါး တည်း သာ လျှင် မြင့် မြတ် လျက်၊ ဘုန်း တော် သည် မြေ ကြီး နှင့် ကောင်း ကင် ထက် ကြီး မြတ် သော ကြောင့်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ချီး မွမ်း ကြ စေ။
  • 14 အ ပါး တော် ၌ ရှိ နေ ရ သော လူ မျိုး၊ ဣ သ ရေ လ အ မျိုး သား ဖြစ် သူ၊ ကိုယ် တော် ကို ကြည် ညို သူ အ ပေါင်း တို့ ၏ သ ဒ္ဓိ တင် ရာ ဖြစ် သော ဦး ချို ကို၊ ချီး မြင့် တော် မူ ၏။ ဟာ လေ လု ယ။
回到本卷目录 回到本版本目录 回到首页