1
နောက် တစ် ဖန် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ လက် ရွေး ဟူ သ မျှ ရဲ မက် သုံး သောင်း တို့ ကို စု ဝေး စေ ပြီး လျှင်
2
ခေ ရု ဗ တို့ အ ထက် စံ တော် မူ သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် သ မုတ် ခံ ရာ ဘု ရား သ ခင့် သေ တ္တာ တော် ကို ယု ဒ နယ်၊ ဗာ လာ မြို့ မှ၊ ပင့် ဆောင် ခြင်း ငှါ၊ နောက် ပါ သူ အ ပေါင်း တို့ နှင့် တ ကွ ချီ သွား လေ ၏။
3
ကုန်း ပေါ် ရှိ အ ဘိ န ဒပ် အိမ် ထဲ မှ ဘု ရား သ ခင့် သေ တ္တာ တော် ကို လှည်း သစ် ပေါ် တွင် တင်၍ ပင့် ဆောင် ရာ အ ဘိ န ဒပ် ၏ သား၊ သြ ဇ နှင့် အ ဟိ သြ တို့ သည် ထို လှည်း ကို မောင်း နှင် ရ ကြ ၏။
4
ထို သို့ ကုန်း ပေါ် ရှိ အ ဘိ န ဒပ် အိမ် မှ ဘု ရား သ ခင့် သေ တ္တာ တော် တင် လှည်း ကို ထုတ် ယူ သော အ ခါ သေ တ္တာ တော် ရှေ့ အ ဟိ သြ ဦး စီး လျက်
5
ဒါ ဝိဒ် မင်း နှင့် တ ကွ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ထင်း ရူး သား ဖြင့် လုပ် သော စောင်း၊ တ ယော၊ ပတ် သာ၊ လှုပ် ချူ နှင့် လက် ကွင်း စ သော တူ ရိ ယာ များ ကို၊ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ တီး မှုတ် ကြ ကုန်၏။
6
နာ ခုန်၏ တ လင်း သို့ ရောက် သော် နွား တိုက် လဲ သည် နှင့် သြ ဇ သည် ဘု ရား သ ခင့် သေ တ္တာ တော် ကို ကိုင် ဆွဲ မိ သော ကြောင့်
7
ထာ ဝ ရ ဘု ရား အ မျက် တော် ထား၍ မှောက် မှား ခြင်း အ တွက် ခတ် တော် မူ သော ဘု ရား သ ခင့် ဒဏ် ချက် ဖြင့် သေ တ္တာ တော် အ နီး၌ ပင် သြ ဇာ သေ လေ ၏။
8
သြ ဇ ကို ထာ ဝ ရ ဘု ရား ထို သို့ ခွင်း ဖောက် တော် မူ သော ကြောင့် ဒါ ဝိဒ် မင်း သည် စိတ် နာ၍ ထို အ ရပ် ကို ယ နေ့ တိုင် အောင် ပေ ရ ဇော ဇ အ မည် တွင် စေ သ တည်း။
9
ဒါ ဝိဒ် မင်း က လည်း၊ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် သည် ငါ့ ထံ မည် သို့ ရောက် နိုင် အံ့ နည်း ဟု အောက် မေ့ လျက် ထို ကာ လ ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့၍
10
ကိုယ့် နေ ရာ မြို့ တော် တွင်း သို့ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို မ ပင့် မ သွင်း ဝံ့ ဘဲ ဂါ သ မြို့ သား သြ ဗ ဒေ ဒုံ့ အိမ် တွင် လွှဲ တင် ထား ရာ
11
ထို ဂါ သ မြို့ သား သြ ဗ ဒေ ဒုံ့ အိမ်၌ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ထား သ မျှ သုံး လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား သည် သြ ဗ ဒေ ဒုံ နှင့် အိမ် သူ အိမ် သား အ ပေါင်း တို့ ကို အ ကျိုး ထူး ပေး တော် မူ၏။
12
ဘု ရား သ ခင့် သေ တ္တာ တော် ကြောင့် သြ ဗ ဒေ ဒုံ နှင့် ပိုင် သ မျှ ကို ထာ ဝ ရ ဘု ရား အ ကျိုး ထူး ပေး တော် မူ ကြောင်း ဒါ ဝိဒ် မင်း ကြား သိ သော အ ခါ တစ် ဖန် ထွက်၍ သြ ဗ ဒေ ဒုံ့ အိမ် မှ ကိုယ့် မြို့ တော် သို့ ဘု ရား သ ခင် သေ တ္တာ တော် ကို ဝမ်း မြောက် စွာ ပင့် ဆောင် စဉ်
13
သေ တ္တာ တော် ထမ်း သူ တို့ သည် ခြေ ခြောက် လှမ်း သွား ပြီး မှ ဆူ ဖြိုး သော နွား များ ကို ဆက် ကပ် ပူ ဇော် လေ၏။
14
ဒါ ဝိဒ် မင်း လည်း ပိတ် ကိုယ် ဝတ် ကို ဝတ် ဆည်း လျက် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ ကြိုး ပန်း စွာ က ခုန် လေ၏။
15
ဒါ ဝိဒ် မင်း နှင့် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ထို သို့ ကြွေး ကြော် လျက် တံ ပိုး မှုတ် လျက် ထာ ဝ ရ ဘု ရား၏ သေတ္တာ တော် ကို ပင့် ဆောင် ကြ ရာ
16
ဒါ ဝိဒ် မြို့ တော် တွင်း သို့ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ဝင် ရောက် ဆဲ အ ခါ ရှော လု မင်း သ မီး တော် မိ ခါ လ သည် ပြူ တင်း ပေါက် မှ စီး ကြည့်၍ ထာ ဝ ရ ဘု ရား ရှေ့ ဒါ ဝိဒ် မင်း က ခုန် လျက် လာ သည် ကို မြင် သော်
17
မ ခန့် မ ညား နှ လုံး သွင်း လေ၏။ ထာ ဝ ရ ဘု ရား၏ သေ တ္တော တော် ကို သွင်း၍ ဒါ ဝိဒ် မင်း စိုက် ထား ပြီး သော တဲ တော် ဗ ဟို တွင် သင့် မြတ် စွာ ထား ပြီး မှ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ထာ ဝ ရ ဘု ရား ရှေ့ တော်၌ ဒါ ဝိဒ် မင်း ဆက် ကပ် ပူ ဇော် လေ ၏။
18
မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ယ သ က္ကာ ပူ ဇော် ခြင်း ကိ စ္စ ကို ဆောင် ရွက် ပြီး လျှင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု၍ လူ ပ ရိ သတ် အား ကောင်း ကြီး ပေး လျက်
19
ဣ သ ရေ လ တစ် မျိုး လုံး တည်း ဟူ သော ထို ပ ရိ သတ်၊ ယောက်ျား၊ မိန်း မ တို့ အား တစ် ယောက် လျှင် မုန့် ပေါက် တစ် လုံး၊ အ မဲ တစ် တုံး၊ စ ပျစ် ပြဉ် တစ် ပြား စီ ဝေ ငှ ပြီး နောက် အ သီး အ သီး ကိုယ့် အိမ် သို့ ပြန် သွား ရ ကြ၏။
20
နန်း တော် သား တို့ ကို ကောင်း ကြီး ပေး အံ့ သော ငှါ ဒါ ဝိဒ် မင်း ဝင် ရောက် သော အ ခါ ရှော လု မင်း သ မီး တော် မိ ခါ လ သည် ကြို ဆို လျက် တင် လျှောက် သည် မှာ ပေါ့ ပျက် သူ အ ရှက် မဲ့ အ ဝတ် လစ် သည့် နည်း တူ၊ ကျေး ကျွန် သင်း ပင်း တို့၏ ကျွန် မိန်း မ များ ရှေ့ တွင် ပင် အ ဝတ် လစ် သော ဣ သ ရေ လ ဘု ရင် သည် ယ နေ့ အ လွန် ဘုန်း တော် ကြီး ပါ သည် တ ကား ဟု လျှောက် ဆို သော်
21
ဒါ ဝိဒ် မင်း က ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် သော ဣ သ ရေ လ အ ပေါ် တွင် မင်း အ ဖြစ် ဖြင့် သင့် ခ မည်း တော် နှင့် ဆွေ တော် မျိုး တော် တို့ အ စား ငါ့ ကို ရွေး ချယ် တော် မူ သော ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ငါ က ခုန် ပေ၏။ ထို ထက် မ က၊ မ ခန့် မ ညား ခံ သင့် အောင် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တီး မှုတ် ဦး မည်။ ငါ့ စိတ် ရင်း အ တိုင်း ယုတ် မာ သော် လည်း သင် ပြော သော ကျွန် မိန်း မ တို့ ကား ငါ့ ကို ချီး မွမ်း ကြ လိမ့် မည် ဟု မိ ခါ လ အား ပြန် ဆို၏။
22
23
ရှော လု မင်း သ မီး တော် မိ ခါ လ လည်း အ သက် ထက် ဆုံး သား သ မီး မ ဖွား မ မြင် ရ ချေ။