1
ရှော လု မင်း ဆွေ တော် မျိုး တော် တို့ နှင့် ဒါ ဝိဒ် မင်း ဆွေ တော် မျိုး တော် တို့ သည် ကြာ မြင့် စွာ စစ် တိုက် ရာ ဒါ ဝိဒ် မင်း မှာ အာ ဗ လ တိုး တက် ၍ ရှော လု မင်း ဆွေ တော် မျိုး တော် တို့ မှာ ကား အား လျော့ ကြ လေ ၏။
2
ဟေ ဗြုန် မြို့၌ ဒါ ဝိဒ် မင်းရ သော သား တော် တို့ တွင် သား ဦး ကား၊ ယေ ဇ ရေ လ မြို့ သူ အ ဟိ နောင် မြင် သော သား တော် အာ မ နုန်၊
3
ဒု တိ ယ သား ကား က ရ မေ လ အ ရပ် နေ နာဗ လ၏ ခင် ပွန်း ဟောင်း အ ဘိ ဂဲ လ မြင် သော သား တော် ခိ လပ်၊ တ တိ ယ သား ကား၊ ဂေ ရှု ရ ဘု ရင် တာ လ မဲ မင်း၏ သ မီး တော် မာ ခါ မြင် သော သား တော် အ ဗ ရှ လုံ၊
4
စ တု တ္ထ သား ကား ဟ ဂ္ဂိတ် မြင် သော သား တော် အ ဒေါ နိ ယ၊ ပ ဥ္စမ သား ကား အ ဘိ တ လ မြင် သော သား တော် ရှေ ဖ တိ၊
5
ဆ ဌ မ သား ကား မိ ဘု ရား ဧ ဂ လာ မြင် သော သား တော် ဣ သ ရံ တို့ တည်း။ ဆို ခဲ့ သော သား တော် များ သည် ဟေ ဗြုန် မြို့၌ ဒါ ဝိဒ် မင်း ရ သော သား တော် များ ဖြစ် ၏။
6
ရှော လု မင်း ဆွေ တော် မျိုး တော် တို့ နှင့် ဒါ ဝိဒ် မင်း ဆွေ တော် မျိုး တော် တို့ စစ် တိုက် ကြ သည့် ကာ လ အာ ဗ နာ သည် ရှော လု မင်း ဆွေ တော် မျိုး တော် တို့ တွင် ကိုယ် ကို အာ ဏာ ကြီး စေ လေ ၏။
7
ရှော လု မင်း ၌ အာ ယ၏ သ မီး၊ ရိ ဇ ပ အ မည် ရှိ သော မောင်း မ ငယ် တစ် ယောက် ကျန် ရှိ သည် နှင့် ဣ ရှ ဗော ရှက် က၊ ငါ့ ခ မည်း တော်၏ မောင်း မ ငယ့် ထံ သင် အ ဘယ် ကြောင့် ဝင် ရ သ နည်း ဟု အာ ဗ နာ အား ဆို မိ သည့် အ တွက်
8
ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက် အာ ဗ နာ က၊ ငါ့ ကို ယု ဒ ဘက် ပါ ခွေး ခေါင်း မှတ် သ လော။ ဒါ ဝိဒ် မင်း လက် တွင်း သို့ သင့် ကို မ အပ်။ သင့် ခ မည်း တော် ရှော လု မင်း၏ ညီ တော် နောင် တော် မှ စ သော ဆွေ တော် မျိုး တော် အ ပေါင်း တို့ အား ယ နေ့ တိုင် အောင် ငါ ပြု သော ကျေး ဇူး ကို မဲ့ လျက် ဤ မိန်း မ ကြောင့် အ ပြစ် တင် လေ ဘိ တ ကား။
9
ထာ ဝ ရ ဘု ရား သည် နိုင် ငံ တော် ကို ရှော လု မင်း အ မျိုး မှ လွှဲ ပြီး လျှင် ဒန် မြို့ မှ စ၍ ဗေ ရ ရှေ ဘ မြို့ တိုင် အောင် ဣ သ ရေ လ ပြည်၊ ယု ဒ ပြည် တစ် ဝန်း လုံး၌ ဒါ ဝိဒ်၏ အာ ဏာ တည် စေ မည် ဟု ဒါ ဝိဒ် မင်း အား သ စ္စာ ဆို တော် မူ ခဲ့ သည့် အ တိုင်း ငါ လည်း မ ပြု ဘဲ နေ လျှင် ဘု ရား သ ခင် သည် ငါ အာ ဗ နာ့ အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ဆို သော်၊
10
11
ဣ ရ ဗော ရှက် မင်း ကြောက် ရွံ့ သ ဖြင့် စ ကား တစ် ခွန်း မျှ မ တုံ့ မ ပြန် ဝံ့ ချေ။
12
ထို နောက် အာ ဗ နာ သည် ဒါ ဝိဒ် မင်း ထံ ကိုယ့် အ တွက် တ မန် တို့ ကို စေ၍ ဤ ပြည် ကား မည် သူ့ လက် ဝယ် ပါ သ နည်း ဟူ ၍ လည်း ကောင်း၊ ကျွန် တော် နှင့် သ စ္စာ မိတ် ဖွဲ့ တော် မူ လျှင် အ ရှင့် ထံ ဣ သ ရေ လ တစ် မျိုး လုံး ညွှတ် စေ ရန် ကျွန် တော့် လက် ရုံး သည် အ ရှင့် လက် ရုံး ဖြစ် ပါ လိမ့် မည် ဟူ၍ လည်း ကောင်း၊ တင် ဆက် သော်၊
13
ဒါ ဝိဒ် မင်း က၊ ကောင်း ပြီ။ သ စ္စာ မိတ် ဖွဲ့ မည်။ သို့ ရာ တွင် တောင်း ဆို ရန် တစ် ခု ရှိ သည် မှာ ငါ့ မျက် နှာ ကို အ ဖူး အ မြင် လာ သော အ ခါ ရှော လု မင်း သ မီး တော် မိ ခါ လ ကို တင် ရင် မ ဆက် က၊ ငါ့ မျက် နှာ ကို ဖူး မြင် ရ မည် မ ဟုတ် ဟု မိန့် ဆို သည့် ပြင်၊
14
ရှော လု မင်း သား တော် ဣ ရှ ဗော ရှက် မင်း ထံ တ မန် တို့ ကို စေ လွှတ် လျက်၊ ဖိ လိ တ္တိ တို့ အ ရေ ဖျား တစ် ရာ နှင့် ကန် တော့ လက် ဆောင် တင် သွင်း၍ ရ သော ငါ့ ကြင် ဘက် မိ ခါ လ ကို ပို့ အပ် ပါ လော့ ဟု အ မှာ တော် သ လိုက် သည့် အ တိုင်း
15
ဣ ရှ ဗော ရှက် မင်း သည် မိ ခါ လ ကို လဲ ရှ သား၊ နောက် လင် ပါ လ တေ လ ထံ မှ ပြန် သိမ်း စေ၏။
16
ပါ လ တေ လ လည်း၊ ငို ကြွေး လျက် ဗာ ဟု ရိမ် မြို့ ရောက် လိုက် လာ သော် ပြန် သွား လော့ ဟု အာ ဗ နာ ဆို သည့် အ တိုင်း ပြန် သွား ရ ၏။
17
အာ ဗ နာ သည် ဣ သ ရေ လ လူ ကြီး တို့ နှင့် တိုင် ပင် လျက် ယ မန် က ပင် ဒါ ဝိဒ် ကို မင်း မြှောက် ရန် သင် တို့ ကြံ စည် ခဲ့ ကြ ပြီ။
18
ဒါ ဝိဒ် မင်း ကို ရည်၍ ထာ ဝ ရ ဘု ရား က ဣ သ ရေ လူ မျိုး တော် ကို ဖိ လိ တ္တိ လူ မျိုး နှင့် အ ခြား ရန် သူ တို့ လက် တွင်း မှ ငါ့ ကျွန် ရင်း ဒါ ဝိဒ်၏ လက် ရုံး ရည် ဖြင့် ကယ် ဆယ် မည် ဟု ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည် ဖြစ်၍ ယ ခု လုံ့ လ ထုတ် ကြ လော့ ဟု တိုက် တွန်း သည့် ပြင်
19
ဗင်္ယာ မိန့် အ နွယ် သား တို့ အား လည်း ညှိ နှိုင်း ပြီး လျှင်၊ ဣ သ ရေ လူ မျိုး တို့ နှင့် ဗင်္ယာ မိန့် အ နွယ် သား အ ပေါင်း တို့ ကြိုက် ညီ ကြ သည့် အ တိုင်း ဒါ ဝိဒ် မင်း ထံ တင် လျှောက် ရန် ဟေ ဗြုန် မြို့ သို့ သွား လေ ၏။
20
လူ နှစ် ကျိပ် နှင့် တ ကွ အာ ဗ နာ ရောက် သော် ဒါ ဝိဒ် မင်း သည် အာ ဗ နာ နှင့် အ ပေါင်း ပါ တို့ အ ဖို့ စား သောက် ပွဲ ခင်း ကျင်း လေ၏။
21
ထို နောက် အာ ဗ နာ က၊ ကျွန် တော် ထွက် သွား ပြီး လျှင် သ စ္စာ မိတ် ဖွဲ့ လျက် သ ဘော တော် အ လျောက် အုပ် စိုး ခွင့် ရ စေ ရန် အ ရှင် မင်း မြတ် ထံ ဣ သ ရေ လ တစ် မျိုး လုံး ကို စု ရုံး ပါ မည် ဟု တင် လျှောက် သည့် အ တိုင်း ဒါ ဝိဒ် မင်း ခွင့် ပြု၍ ဘေး မဲ့ သွား ရ လေ ၏။
22
ထို သို့ ဒါ ဝိဒ် မင်း ခွင့် ပြု၍ ဟေ ဗြုန် မြို့ မှ အာ ဗ နာ ဘေး မဲ့ ထွက် သွား ပြီး နောက် ယွာ ဘ နှင့် ဒါ ဝိဒ် မင်း သူ ရဲ တို့ သည် လက် ရ ဥစ္စာ အ မြောက် အ မြား နှင့် စစ် အောင် ရာ မှ ပြန် လာ လျက်
23
အ ပေါင်း ပါ တစ် တပ် လုံး ဆိုက် ရောက် ကြ ရာ ဘု ရင် မင်း ထံ နေ ရ သား အာ ဗ နာ ဝင် ရောက် ပြီ။ ခွင့် ပေး တော် မူ သ ဖြင့် ဘေး မဲ့ ထွက် သွား ရ လေ ပြီ ဟူ သော သ တင်း ကို ယွာ ဘ ကြား သော်၊
24
ဘု ရင် မင်း ထံ ဝင်၍ မည် သို့ ပြု တော် မူ ဘိ သ နည်း။ အာ ဗ နာ သည် ရှေ့ တော် သို့ ဝင် ရောက် သည် ဖြစ် လျက် အ ဘယ် ကြောင့် အ လွတ် ထွက် သွား ခွင့် ပြု တော် မူ သ နည်း။
25
နေ ရ သား အာ ဗ နာ သည် စစ် ဝင် ခြင်း၊ စစ် ထွက် ခြင်း အ မှု နှင့် စီ မံ သ မျှ ကို သိ လို၍ ကိုယ် တော် အား လှည့် ဖြား ခြင်း ငှါ ရောက် လာ ကြောင်း ဘု ရင် မင်း သိ အပ် သည် ဟု တင် လျှောက် လေ ၏။
26
ယွာ ဘ သည် အ ပါး တော် က ထွက် သွား လျက် ဒါ ဝိဒ် မင်း မ သိ စေ ဘဲ အာ ဗ နာ ကို လိုက် ခေါ် ရန် ခြေ လျင် တို့ ကို စေ လွှတ် သ ဖြင့် သိ ရ ရေ တွင်း မှာ မှီ ၍ ပြန် ခေါ် သည့် အ တိုင်း
27
ဟေ ဗြုန် မြို့ သို့ ရောက် သော အ ခါ ယွာ ဘ သည် နှစ် ကိုယ့် တစ် စိတ် တိုင် ပင် လို ဟန် မြို့ တံ ခါး ဝ သို့ ခေါ် ပြီး လျှင် ညီ အာ သ ဟေ လ အ သွေး ကို သွန်း မိ သည့် အ တွက် ဝမ်း ကို ထိုး သတ် သ ဖြင့် အာ ဗ နာ သေ လေ ၏။
28
ထို အ ကြောင်း ဒါ ဝိဒ် မင်း ကြား သော် ငါ နှင့် တ ကွ တစ်နိုင် ငံ လုံး သည် နေ ရ သား အာ ဗ နာ့ အ သွေး ကို သွန်း ပြစ် နှင့် ထာ ဝ ရ ဘုရား ရှေ့ တော် တွင် အ စဉ် ကင်း လျက် ရှိ ပါ ၏။
29
ယွာ ဘ နှင့်လည်း ကောင်း အ မျိုး အ ဆွေ တို့ ဦး ထိပ် ထက် သင့် ရောက် ပါ စေ သော။ ယွာ ဘ၏ ဆွေ မျိုး အ စဉ် အ ဆက်၊ ရိ နာ၊ နူ နာ၊ ဓား ဘေး၊ မွတ် သိပ် ခြင်း ဘေး များ သင့် သည့် ပြင်၊ ဗိုင်း ငင့် လျက် အ သက် မွေး ရ ပါ စေ သော ဟု ကျိန် ဆို လေ ၏။
30
ယွာ ဘ နှင့် ညီ အ ဘိ ရှဲ တို့ သည် ညီ ထွေး အာ သ ဟေ လ ကို ဂိ ဗောင် စစ် ရေး တွင် အာ ဗ နာ လုပ် ကြံ သည့် အ တွက် ထို သို့ လက် စား ချေ ကြ သ တည်း။
31
ယွာ ဘ နှင့် အ ပေါင်း ပါ တို့ အား ဒါ ဝိဒ် မင်း က၊ အာ ဗ နာ့ အ လောင်း ရှေ့ အ ဝတ် ဆုတ် ခြင်း၊ လျော် တေ ဝတ် ခြင်း၊ မြည် တမ်း ခြင်း အ မှု ကို ပြု ကြ လော့ ဟု မိန့် ဆို ပြီး လျှင်
32
ကိုယ် တော် တိုင် လိုက် ပို့ လျက် ဟေ ဗြုန် မြို့ တွင် သင်္ဂြိုဟ်ကြ ရာ မြေ ပုံ့ အ နီး ဘု ရင် မင်း အော် ဟစ် ငို ကြွေး သော် ပ ရိ သတ် လုံး ငို ကြွေး ကြ ကုန် ၏။
33
ဘု ရင် မင်း သည် အာ ဗ နာ အ တွက် ငို ချင်း ဖွဲ့ ဆို သည် မှာ အို အာ ဗ နာ၊ သင် သည် သူ မိုက် သေ၊ သေ အပ် သ လော။
34
လူ ဆိုး တို့ လက် ဖြင့် ကျ ဆုံး သည့် နည်း တူ လက် ထိတ် မ ခတ်၊ ခြေ ချင်း မ စွဲ ဘဲ၊ ကျ ဆုံး လေ စွ တ ကား ဟု ဖွဲ့ ဆို လျှင် ပ ရိ သတ် လုံး လည်း ငို ကြွေး ကြ ပြန် ၏။
35
ထို နောက် ပ ရိ သတ် ဥဿုံ သည် ဒါ ဝိဒ် မင်း ထံ ချဉ်း ကပ်၍ နေ မ ဝင် မီ ပွဲ တော် တည် ရန် တောင်း ပန် ကြ သော် လည်း၊ ဒါ ဝိဒ် မင်း က၊ နေ မ ဝင် မီ မည် သည့် ပွဲ တော် စာ မ ဆို ငါ မြည်း စမ်း မိ လျှင် ဘု ရား သ ခင် သည် ငါ့ အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု သ စ္စာ ဆို သော အ ခါ
36
ပ ရိ သတ် ဥဿုံ သည် ဘု ရင် မင်း ပြု သ မျှ ကို နှစ် သက် ကြ သည့် အ တိုင်း ဤ အ မှု ကို လည်း သိ မှတ်၍ နှစ် သက် ကြ၏။
37
လူ ပ ရိ သတ် မှ စ၍ ဣ သ ရေ လ တစ် မျိုး လုံး လည်း နေ ရ သား အာ ဗ နာ ကို ကွပ် မျက် ရန် ဘု ရင် မင်း သ ဘော မ တူ ကြောင်း ထို နေ့ တွင် နား လည် ကြ သ တည်း။
38
ကျေး ကျွန် သင်း ပင်း တို့ အား လည်း ဘု ရင် မင်း က၊ ဣ သ ရေ လူ မျိုး ၌ ကြီး မြတ် သော စစ် ဘု ရင် တစ် ပါး ယ နေ့ ကျ ဆုံး ကြောင်း ကို မ သိ ကြ လော။
39
ငါ သည် ဘိ သိက် တော် ခံ ဘု ရင် မင်း မှန် သော် လည်း၊ ယ နေ့ နူး ညံ့ သိမ် မွေ့ ၏။ ဇေ ရု ယာ့ သား ဖြစ် သော ဤ သူ တို့ ကား၊ ငါ့ ထက် ကြမ်း ကြုတ် ကြ၏။ ထာ ဝ ရ ဘု ရား သည် လူ သွမ်း တို့ အ ကျင့် ဆိုး အ တိုင်း ဆပ် ပေး တော် မူ ပါ စေ သော ဟု မြွက် ဆို လေ ၏။