1
ထာ ဝ ရ ဘု ရား မိန့် ဆို တော် မူ ခဲ့ သည့် အ တိုင်း စာ ရာ ကို ကြည့် ရှု ပြု စု တော် မူ သ ဖြင့်၊
2
စာ ရာ သည် သ န္ဓေ ရ ရှိ ၍ ဘု ရား သ ခင် မိန့် တော် မူ ခဲ့ သော အ ခါ သ မ ယ၌ အာ ဗြ ဟံ အ သက် ကြီး ရင့် မှ သူ ဖြင့် သား ယောက်ျား ကို ရ လေ ၏။
3
အာ ဗြ ဟံ သည် စာ ရာ ဖွား ၍ ရ သော သား ကို ဣ ဇာက် အ မည် ဖြင့် မှည့် လျက်၊
4
ဘု ရား သ ခင် မိန့် မှာ တော် မူ သည့် အ တိုင်း သား ဣ ဇာက် ရှစ် ရက် အ ရွယ် ရောက် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး လေ ၏။
5
သား ဣ ဇာက် ကို ရ သော အ ခါ အာ ဗြ ဟံ သည် အ သက် တစ် ရာ ရှိ သ တည်း။
6
စာ ရာ က လည်း ဘု ရား သ ခင် သည် ငါ အား ရယ် ရွှင် ခွင့် ကို ပေး တော် မူ ပြီ။ ကြား ရ သူ အ ပေါင်း တို့ လည်း ငါ နှင့် အ တူ ရယ် ရွှင် ကြ လိမ့် မည် ဟူ ၍ လည်း ကောင်း၊
7
စာ ရာ သည် သား ကို နို့ ချို တိုက် ကျွေး ရ လိမ့် မည် ဟု အာ ဗြ ဟံ အား မည် သူ ပြော နှင့် ရ သ နည်း။ သူ အ သက် ကြီး ရင့် မှ ငါ သည် သား ယောက်ျား ကို ရ ပြီ ဟူ ၍ လည်း ကောင်း ဆို လေ ၏။
8
ထို သူ ငယ် ဣ ဇာက် ကြီး ပွား ၍ နို့ ခွဲ ထား ၏။ နို့ ခွဲ သော နေ့၌ အာ ဗြ ဟံ သည် ပွဲ ကြီး ကျင်း ပ စဥ် အိ ဂျစ် ပြည် သူ ဟာ ဂ ရ ဖြင့် အာ ဗြ ဟံ ရ သော သား ရယ် သွမ်း သွေး သည် ကို စာ ရာ မြင် သော်၊
9
10
ထို ကျွန် မိန်း မ နှင့် သူ့ သား ကို နှင် ထုတ် ပါ လော့။ ထို ကျွန် မိန်း မ၏ သား သည် ကျွန် မ၏ သား ဣ ဇာက် နှင့် အ တူ အ မွေ ခံ ရ မည် မ ဟုတ် ဟု အာ ဗြ ဟံ အား ဆို လေ ၏။
11
အာ ဗြ ဟံ သည် ထို သား အ တွက် အ မှု ခက် လှ သည် ဟု ထင် မြင် သော်၊
12
ဘု ရား သ ခင် က ထို သူ ငယ် နှင့် သင့် ကျွန် မိန်း မ အ တွက် ခက် သည် ဟု မ ထင် မြင် ဘဲ၊ စာ ရာ ပြော ဆို သ မျှ စ ကား ကို နား ထောင် လော့။ ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သ မုတ် လိမ့် မည်။
13
ထို ကျွန် မ၏ သား မူ ကား သင့် အ မျိုး အ နွယ် ဖြစ် သော ကြောင့် သူ့ အား ဖြင့် လည်း လူ တစ် မျိုး ဖြစ် စေ မည် ဟု အာ ဗြ ဟံ အား မိန့် တော် မူ ၏။
14
အာ ဗြ ဟံ သည် နံ နက် အ ချိန် ထ ပြီး မှ မုန့် နှင့် ရေ ဘူး ကို ယူ၍ ဟာ ဂ ရ ပ ခုံး ထက် တင် လျက် သူ ငယ် ကို အပ် ပြီး လျှင်၊ လွှတ် လိုက် သည့် အ တိုင်း ဟာ ဂ ရ ထွက် သွား၍ ဗေ ရ ရှေ ဘ တော ၌ လှည့် လည် လျက် နေ ရ ရှာ ၏။
15
ဘူး ၌ ရေ ကုန် သော အ ခါ သူ ငယ် ကို သစ် ပင် အောက် တွင် ချ ထား ခဲ့ ၍၊
16
ငါ သည် သူ ငယ် သေ သည် ကို မ မြင် လို ဟု ဆို လျက် လေး တစ် ပစ် ခန့် ကွာ သွား ပြီး လျှင် သူ ငယ် ကို ရှေ့ ရှု ထိုင် နေ လေ၏။ ထို သို့ ထိုင် နေ လျက် ဟာ ဂ ရ ဟစ် အော် ငို ကြွေး စဥ်၊
17
သူ ငယ်၏ အ သံ ကို ဘု ရား သ ခင် ကြား တော် မူ ၍ ဘု ရား သ ခင့် စေ တ မန် တော် က၊ ဟာ ဂ ရ မည် သို့ နည်း။ မ စိုး ရိမ် နှင့်။ သူ ငယ် ရှိ ရာ မှ သူ့ အ သံ ကို ဘု ရား သ ခင် ကြား တော် မူ ပြီ။
18
ထ လော့။ သူ ငယ် ကို ထူ ၍ လက် နှင့် မ လော့။ သူ့ အား ဖြင့် လူ မျိုး ကြီး ငါ ဖြစ် စေ မည် ဟု ကောင်း ကင် မှ ခေါ်၍ ဟာ ဂ ရ အား မြွက် ဆို၏။
19
မျက် စိ ကို ဘု ရား သ ခင် ပွင့် စေ တော် မူ သ ဖြင့် ဟာ ဂ ရ သည် ရေ တွင်း ကို မြင် ရ သည့် အ လျောက် သွား ၍ ဘူး တွင် ရေ ဖြည့် ပြီး လျှင် သူ ငယ် ကို တိုက် လေ ၏။
20
ထို သူ ငယ် နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သ ဖြင့် သူ ကြီး ပွား ၍ တော၌ နေ လျက် အ ရွယ် ရောက် သော် လေး သ မား ဖြစ် လေ ၏။
21
ပါ ရန် တော၌ နေ ရာ သူ့ အ မိ သည် အိ ဂျစ် ပြည် မှ မိန်း မ တစ် ယောက် ကို ခေါ်၍ သူ နှင့် ထိမ်း မြား လေ ၏။
22
ထို ရော အ ခါ အ ဘိ မ လက် မင်း နှင့် ဗိုလ် ချုပ် ဖိ ကော လ တို့ က သင် ပြု လေ သ မျှ ၌ သင် နှင့် အ တူ ဘု ရား သခင် ရှိ တော် မူ သည် ဖြစ် ၍၊
23
သင် သည် ငါ မှ စ သော ငါ့ သား မြေး တို့ ကို မ လှည့် စား ဘဲ သင့် ကို ငါ ကျေး ဇူး ပြု သ ကဲ့ သို့ ငါ့ ကို လည်း ကောင်း၊ သင် တည်း ခို ရာ ပြည် ကို လည်း ကောင်း၊ ကျေး ဇူး ပြု မည့် အ ကြောင်း ဘု ရား သ ခင် ကို တိုင် တည်၍ ဤ တွင် သစ္စာ ထား လော့ ဟု အာ ဗြ ဟံ အား မိန့် ဆို ရာ၊
24
သ စ္စာ ထား ပါ မည် ဟု အာ ဗြ ဟံ ပြန် လျှောက် လေ ၏။
25
ထို အ ခါ အ ဘိ မ လက် မင်း၏ ကျွန် တို့ လု ယူ ကြ သော ရေ တွင်း နှင့် စပ်၍ အာ ဗြ ဟံ သည် အ ဘိ မ လက် မင်း အား အ ပြစ် ဖော် ပြ သော်၊
26
အ ဘိ မ လက် မင်း က ဤ အ မှု မည် သူ ပြု သည် ကို ငါ မ သိ။ ယ နေ့ တိုင် အောင် သင် လည်း မ လျှောက်၊ ငါ လည်း မ ကြား ရ ဟု မိန့် ဆို ၏။
27
အာ ဗြ ဟံ လည်း သိုး၊ ဆိတ်၊ နွား များ ကို ယူ ပြီး လျှင် အ ဘိ မ လက် မင်း အား ဆက်၍ ထို နှစ် ဦး တို့ ပ ဋိ ညာ ဥ် ဖွဲ့ ကြ ၏။
28
အာ ဗြ ဟံ သည် သိုး စု အ နက် သိုး မ ငယ် ခု နစ် ကောင် ကို အ သီး အ ခြား ထား ပြီး လျှင်၊
29
အ ဘိ မ လက် မင်း က အ သီး အ ခြား ထား သော ထို သိုး မ ငယ် ခု နစ် ကောင် ကား မည် သို့ နည်း ဟု မေး သော်၊
30
ဤ ရေ တွင်း ကို ကျွန် တော် တူး ရ သော သက် သေ အ လို့ ငှါ ထို သိုး မ ငယ် ခု နစ် ကောင် ကို ကျွန် တော့် လက် မှ ခံ ယူ ပါ ဟု အာ ဗြ ဟံ လျှောက် ပြန်၏။
31
၎င်း အ ရပ်၌ ထို နှစ် ဦး တို့ သ စ္စာ ထား ကြ သည် ကို အ စွဲ ပြု၍ ဗေ ရ ရှေ ဘ ဟု သ မုတ် ကြ ၏။
32
ထို သို့ ဗေ ရ ရှေ ဘ အ ရပ် တွင် ပ ဋိ ညာဉ် ဖွဲ့ ပြီး မှ အ ဘိ မ လက် မင်း နှင့် ဗိုလ် ချုပ် ဖိ ကော လ တို့ ထ၍ ဖိ လိ တ္တိ ပြည် သို့ ပြန် သွား ကြ ၏။
33
အာ ဗြ ဟံ သည် ဗေ ရရှေ ဘ အ ရပ်၌ မ ကျည်း ပင် ကို စိုက် ပျိုး ၍ အ စဉ် အ မြဲ တည် ရှိ တော် မူ သော ထာ၀ ရ ဘုရား သ ခင့် နာ မ တော် အား ဖြင့် ပ ဌ နာ ပြု လေ ၏။
34
ဖိ လိ တ္တိ ပြည် မှာ ကာ လ ရှည် ကြာ စွာ အာ ဗြ ဟံ တည်း နေ သ တည်း။