ဗျာ​ဒိတ်-20

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် ကောင်း ကင် တ မန် သည် အ နက် ဆုံး သော တွင်း ၏ သော့ နှင့် သံ ကြိုး ကြီး ကို ကိုင် လျက် ကောင်း ကင် က ဆင်း သက် သည် ကို ငါ မြင် ၏။
  • 2 ရှေး မြွေ ဟောင်း၊ မာရ် နတ် စာ တန် တည်း ဟူ သော န ဂါး ကို ကိုင် ဘမ်း ၍၊ အ နှစ် တ ထောင် ဘို့ ချည် နှောင် လေ ၏။
  • 3 အ နှစ် တ ထောင် မ ကုန် မှီ တိုင် အောင်၊ လူ အ မျိုး မျိုး တို့ ကို မ လှည့် ဖြား ရ မည် အ ကြောင်း၊ အ နက် ဆုံး သော တွင်း ထဲ သို့ ချ ပစ် လှောင် ထား ၍ တံ ဆိပ် ခတ် လေ ၏။ အ နှစ် တ ထောင် ကုန် ပြီး မှ တ ဖန် ခ ဏ လွှတ် ရ ဦး မည်။
  • 4 ပလ္လင် များ ကို လည်း ငါ မြင် ၏။ ပလ္လင် ပေါ် မှာ ထိုင် သော သူ တို့ သည် တ ရား စီ ရင် ရ သော အ ခွင့် ကို ရ ကြ ၏။ သား ရဲ နှင့် သူ ၏ ရုပ် တု ကို မ ကိုး ကွယ်၊ သူ ၏ တံ ဆိပ် လက် မှတ် ကို န ဖူး ၌ မ ခံ၊ လက် ၌ မ ခံ ဘဲ နေ ၍၊ ယေ ရှု ၏ သက် သေ ခံ တော် မူ ချက် နှင့် ဘု ရား သ ခင် ၏ နှုတ် က ပတ် တော် ကြောင့်၊ လည် ပင်း ဖြတ် ခြင်း ကို ခံ ရ သော သူ တို့ ၏ ဝိ ညာဉ် များ ကို ငါ မြင် ၏။ သူ တို့ သည် အ သက် ရှင် ၍ အ နှစ် တ ထောင် ပတ် လုံး ခ ရစ် တော် နှင့် အ တူ စိုး စံ ရ ကြ ၏။
  • 5 ကြွင်း သော လူ သေ တို့ သည် ထို အ နှစ် တ ထောင် မ ကုန် မှီ အ သက် မ ရှင် ရ ကြ။ ဤ ထ မြောက် ခြင်း ကား၊ ပ ဌ မ ထ မြောက် ခြင်း ဖြစ် သ တည်း။
  • 6 ပ ဌ မ ထ မြောက် ခြင်း ကို ဝင် စား သော သူ သည် မင်္ဂ လာ ရှိ သော သူ၊ သန့် ရှင်း သော သူ ဖြစ် ၏။ ထို သို့ သော သူ သည် ဒု တိ ယ သေ ခြင်း ၏ လက် နှင့် ကင်း လွတ် လျက်၊ ဘု ရား သ ခင် ၏ ယဇ် ပု ရော ဟိတ်၊ ခ ရစ် တော် ၏ ယဇ် ပု ရော ဟိတ် ဖြစ် ၍၊ အ နှစ် တ ထောင် ပတ် လုံး ခ ရစ် တော် နှင့် အ တူ စိုး စံ ရ ကြ လိမ့် မည်။
  • 7 ထို အ နှစ် တ ထောင် ကုန် ပြီး မှ၊ စာ တန် သည် ထောင် ထဲ က လွတ် သော အ ခွင့် ကို ရ ၍၊
  • 8 အ ရေ အ တွက် အား ဖြင့် သ မုဒ္ဒ ရာ သဲ လုံး နှင့် အ မျှ များ သော ဂေါ ဂ၊ မာ ဂေါ ဂ တည်း ဟူ သော မြေ ကြီး လေး မျက် နှာ ပေါ် မှာ နေ သော လူ အ မျိုး မျိုး တို့ ကို လှည့် ဖြား အံ့ သော ငှါ ၎င်း၊ စစ် တိုက် ဘို့ စည်း ဝေး စေ ခြင်း ငှါ ၎င်း တက် လိမ့် မည်။
  • 9 ထို သူ များ တို့ သည် မြေ ကြီး မျက် နှာ ပေါ် သို့ တက် ၍၊ သန့် ရှင်း သူ တို့ ၏ တပ် ကို ၎င်း၊ ချစ် ဘွယ် သော မြို့ တော် ကို ၎င်း၊ ဝိုင်း ကြ ၏။ ထို အ ခါ ဘု ရား သ ခင့် အ ထံ တော်၊ ကောင်း ကင် မှ မီး ကျ ၍ သူ တို့ ကို မျို လေ ၏။
  • 10 သူ တို့ ကို လှည့် ဖြား သော မာရ် နတ် ကို လည်း၊ သား ရဲ နှင့် မိစ္ဆာ ပ ရော ဖက် ရှိ ရာ၊ ကန့် နှင့် ရော နှော သော မီး အိုင် ထဲ သို့ ချ ပစ် လျှင်၊ သူ တို့ သည် နေ့ ညဉ့် မ ပြတ် ကမ္ဘာ အ ဆက် ဆက် ပြင်း စွာ သော ဝေ ဒ နာ ကို ခံ ရ ကြ လ တံ့။
  • 11 တ ဖန် တုံ၊ ဖြူ သော ပလ္လင် ကြီး ကို ၎င်း၊ ပလ္လင် ပေါ် မှာ ထိုင် တော် မူ သော သူ ကို ၎င်း ငါ မြင် ၏။ ကောင်း ကင် နှင့် မြေ ကြီး သည် မျက် နှာ တော် ရှေ့ မှ ပြေး လွင့် ၍ သူ တို့ နေ စ ရာ အ ရပ် မ ရှိ။
  • 12 သေ လွန် သော သူ အ ကြီး အ ငယ် တို့ သည် ပလ္လင် တော် ရှေ့ မှာ ရပ် နေ ကြ သည် ကို ငါ မြင် ၏။ စာ စောင် များ ကို ဖွင့် ထား ၏။ အ သက် စာ စောင် တည်း ဟူ သော အ ခြား တ ပါး သော စာ စောင် ကို လည်း ဖွင့် လေ ၏။ သေ လွန် သော သူ တို့ သည် မိ မိ တို့ အ ကျင့် အ တိုင်း၊ စာ စောင် တို့ ၌ ရေး ထား ချက် များ နှင့် အ ညီ တ ရား စီ ရင် ခြင်း ကို ခံ ရ ကြ ၏။
  • 13 သ မုဒ္ဒ ရာ သည် မိ မိ ၌ ရှိ သော လူ သေ တို့ ကို အပ် ပေး ၏။ မ ရ ဏာ နှင့် မ ရ ဏာ နိုင် ငံ သည် လည်း မိ မိ တို့ ၌ ရှိ သော လူ သေ တို့ ကို အပ် ပေး ကြ ၏။ လူ အ သီး အ သီး တို့ သည် မိ မိ တို့ အ ကျင့် အ တိုင်း တ ရား စီ ရင် ခြင်း ကို ခံ ရ ကြ ၏။
  • 14 ထို အ ခါ မ ရ ဏာ နှင့် မ ရ ဏာ နိုင် ငံ ကို မီး အိုင် ထဲ သို့ ချ ပစ် လေ ၏။ ထို သေ ခြင်း ကား ဒု တိ ယ သေ ခြင်း ဖြစ် သ တည်း။
  • 15 အ သက် စာ စောင် ၌ စာ ရင်း မ ဝင် သော သူ ရှိ သ မျှ တို့ ကို လည်း မီး အိုင် ထဲ သို့ ချ ပစ် လေ ၏။
回到本卷目录 回到本版本目录 回到首页