1
ဧ ဖက် မြို့ ၌ ရှိ သော အ သင်း တော် ၏ တ မန် ကို ဤ သို့ ရေး ၍ မှာ လိုက် လော့။ လက်ျာ လက် ၌ ကြယ် ခု နစ် လုံး ကို ကိုင် ၍၊ ရွှေ မီး ခွက် ခု နစ် လုံး အ လယ် ၌ သွား လာ သော သူ ၏ အ မိန့် တော် ကား၊ သင် အ ကျင့် ကျင့် ခြင်း၊ ပင် ပန်း စွာ လုပ် ဆောင် ခြင်း၊ သည်း ခံ ခြင်း ကို ငါ သိ ၏။
2
သင် သည် မ တ ရား သော သူ တို့ ကို လက် မ ခံ နိုင် ကြောင်း ကို ၎င်း၊ တ မန် တော် မ ဟုတ် ဘဲ၊ တ မန် တော် ဖြစ် ယောင် ဆောင် သော သူ တို့ ကို စစ် ဆေး ၍ လှည့် ဖြား သော သူ ဖြစ် သည် ဟု သိ ကြောင်း ကို ၎င်း၊
3
ခန္တီ နှင့် ပြည့် စုံ ၍၊ ငါ ၏ နာ မ ကြောင့် ဆင်း ရဲ ခံ ၍ အား မ လျော့ ကြောင်း ကို ၎င်း ငါ သိ ၏။
4
သို့ သော် လည်း၊ သင် သည် ရှေ့ ဦး စွာ သော ချစ် ခြင်း မေတ္တာ လျော့ ပြီ ဟု သင် ၌ အ ပြစ် တင် စ ရာ ရှိ ၏။
5
ထို ကြောင့်၊ သင် သည် မ ရွေ့ လျော့ မှီ၊ အ ရင် နေ ရာ အ ရပ် ကို အောက် မေ့ လော့။ နောင် တ ရ လော့။ ရှေ့ ဦး စွာ သော အ ကျင့် ကို ကျင့် လော့။ သို့ မ ဟုတ် သင် ရှိ ရာ သို့ ငါ သည် အ လျင် အ မြန် လာ မည်။ နောင် တ မ ရ လျှင်၊ သင် ၏ မီး ခွက် ကို နေ ရာ မှ ရွှေ့ မည်။
6
သို့ သော် လည်း၊ ငါ မုန်း သော နိ ကော လ တ ပည့် တို့ ၏ အ ကျင့် ကို သင် လည်း မုန်း သည် ဟု ပြော စ ရာ ရှိ ၏။
7
ဝိ ညာဉ် တော် သည် အ သင်း တော် တို့ အား အ ဘယ် သို့ မိန့် တော် မူ သည် ကို၊ နား ရှိ သော သူ မည် သည် ကား ကြား ပါ စေ။ အ ကြင် သူ သည် အောင် မြင် ၏၊ ထို သူ သည် ငါ ၏ ဘု ရား သ ခင် ပ ရ ဒိ သု ဥ ယျာဉ် ၌ ရှိ သော အ သက် ပင် ၏ အ သီး ကို စား စေ ခြင်း ငှါ ငါ အ ခွင့် ပေး မည်။
8
စ မု ရ န မြို့ ၌ ရှိ သော အ သင်း တော် ၏ တ မန် ကို ဤ သို့ ရေး ၍ မှာ လိုက် လော့။ အ ဦး ဆုံး သော သူ၊ နောက် ဆုံး သော သူ တည်း ဟူ သော၊ အ ရင် သေ ၍ အ သက် ရှင် လျက် ရှိ သော သူ ၏ အ မိန့် တော် ကား၊
9
သင် အ ကျင့် ကျင့် ခြင်း၊ ဒုက္ခ ခံ ခြင်း၊ ဆင်း ရဲ ခြင်း ကို ငါ သိ ၏။ သို့ သော် လည်း၊ သင် သည် ကြွယ် ဝ ပြည့် စုံ ခြင်း ရှိ ၏။ ယု ဒ လူ ဖြစ် ယောင် ဆောင် ၍ ယု ဒ လူ မှန် မ ဟုတ်၊ စာ တန် ၏ အ ပေါင်း အ သင်း ဖြစ် သော သူ တို့ ၏ ကဲ့ ရဲ့ ခြင်း ကို လည်း ငါ သိ ၏။
10
သင် သည် ခံ ရ မည့် အ ရာ တ စုံ တ ခု ကို မျှ မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခြင်း ကို ခံ ရ မည် အ ကြောင်း မာရ် နတ် သည် သင် တို့ တွင် အ ချို့ ကို ထောင် ထဲ ၌ လှောင် ထား ၍၊ သင် တို့ သည် ဆယ် ရက် ပတ် လုံး ဆင်း ရဲ ဒုက္ခ ကို ခံ ရ ကြ လိမ့် မည်။ သေ သည် တိုင် အောင် သစ္စာ စောင့် လော့။ သို့ ဖြစ် လျှင်၊ အ သက် သ ရ ဖူ ကို ငါ ပေး မည်။
11
ဝိ ညာဉ် တော် သည် အ သင်း တော် တို့ အား အ ဘယ် သို့ မိန့် တော် မူ သည် ကို နား ရှိ သော သူ မည် သည် ကား ကြား ပါ စေ။ အောင် မြင် သော သူ ကို ဒု တိ ယ သေ ခြင်း သည် မ ညှဉ်း ဆဲ ရ။
12
ပေ ရ ဂံ မြို့ ၌ ရှိ သော အ သင်း တော် ၏ တ မန် ကို ဤ သို့ ရေး ၍ မှာ လိုက် လော့။ ထက် သော သန် လျက် ရှိ သော သူ ၏ အ မိန့် တော် ကား၊
13
သင် အ ကျင့် ကျင့် ခြင်း ကို ၎င်း၊ စာ တန် ၏ ရာ ဇ ပလ္လင် ရှိ ရာ အ ရပ် တည်း ဟူ သော သင် ၏ နေ ရာ အ ရပ် ကို ၎င်း ငါ သိ ၏။ စာ တန် နေ ရာ အ ရပ် ၌ သင် တို့ တွင် အ သေ သတ် ခြင်း ကို ခံ ရ သော အန္တိ ပ သည် သစ္စာ ရှိ ၍ ငါ့ ဘက် ၌ သက် သေ ခံ ရ သော နေ့ ရက် ကာ လ တွင် ပင်၊ သင် သည် ငါ ၏ နာ မ ကို စွဲ ကိုင် ၏။ ငါ ၏ ယုံ ကြည် ခြင်း တ ရား ကို မ စွန့် မ ပယ်။
14
သို့ သော် လည်း ဣ သ ရေ လ အ မျိုး သား တို့ သည် ရုပ် တု ရှေ့ မှာ ပူ ဇော် သော ယဇ် ကောင် ကို စား စေ ခြင်း ငှါ ၎င်း၊ မ တ ရား သော မေ ထုန် ကို ပြု စေ ခြင်း ငှါ ၎င်း၊ ထိ မိ ၍ လဲ စ ရာ အ ရာ ကို သူ တို့ ရှေ့ ၌ ချ ထား မည် အ ကြောင်း၊ ဗာ လက် မင်း ကို အ ကြံ ပေး သော သူ တည်း ဟူ သော ဗာ လမ် ၏ အ ယူ ကို စွဲ လမ်း သော သူ တို့ သည် သင် ၏ နေ ရာ ၌ ရှိ ကြ သည် ဖြစ် ၍၊ သင် ၌ အ နည်း ငယ် သော အ ပြစ် တင် စ ရာ ရှိ ၏။
15
ထို အ ယူ နှင့် သ ဘော တူ သော နိ ကော လ တ ပည့် တို့ ၏ အ ယူ ကို စွဲ လမ်း သော သူ တို့ သည် ထို နည်း တူ သင် ၌ ရှိ ကြ ၏။
16
ထို ကြောင့် နောင် တ ရ လော့။ မ ရ လျှင် သင် ရှိ ရာ သို့ ငါ သည် အ လျင် အ မြန် လာ မည်။ ထို သူ တို့ ကို ငါ့ ခံ တွင်း ၏ သန် လျက် နှင့် စစ် တိုက် မည်။
17
ဝိ ညာဉ် တော် သည် အ သင်း တော် တို့ အား အ ဘယ် သို့ မိန့် တော် မူ သည် ကို၊ နား ရှိ သော သူ မည် သည် ကား ကြား ပါ စေ။ အ ကြင် သူ သည် အောင် မြင် ၏၊ ဝှက် ထား သော မန္န ကို ၎င်း၊ ကျောက် ဖြူ လက် ဖွဲ့ ကို ၎င်း၊ ထို ကျောက် ပေါ် ၌ အက္ခ ရာ တင် သော နာ မ သစ် ကို ၎င်း ထို သူ အား ငါ ပေး မည်။ ထို ကျောက် ကို ရ သော သူ မှ တ ပါး အ ဘယ် သူ မျှ ထို နာ မ ကို မ သိ နိုင် ရာ။
18
သွာ တိ ရ မြို့ ၌ ရှိ သော အ သင်း တော် ၏ တ မန် ကို ဤ သို့ ရေး ၍ မှာ လိုက် လော့။ မီး လျှံ ကဲ့ သို့ သော မျက် စိ နှင့် ၎င်း၊ ကြေး ဝါ စစ် နှင့် တူ သော ခြေ နှင့် ၎င်း ပြည့် စုံ သော ဘု ရား သ ခင့် သား တော် ၏ အ မိန့် တော် ကား၊
19
သင် အ ကျင့် ကျင့် ခြင်း၊ ချစ် ခြင်း၊ အ မှု ဆောင် ခြင်း၊ ယုံ ကြည် ခြင်း၊ သည်း ခံ ခြင်း ကို ၎င်း၊ နောက် ကျင့် သော အ ကျင့် တို့ သည် အ ရင် ကျင့် သော အ ကျင့် ထက် သာ ၍ များ ကြောင်း ကို ၎င်း ငါ သိ ၏။
20
သို့ သော် လည်း၊ ငါ ၏ အ စေ ခံ ကျွန် တို့ သည် မ တ ရား သော မေ ထုန် ကို ပြု စေ ခြင်း ငှါ ၎င်း၊ ရုပ် တု ရှေ့ မှာ ပူ ဇော် သော ယဇ် ကောင် ကို စား စေ ခြင်း ငှါ ၎င်း၊ ပ ရော ဖက် မ ဟူ ၍ ကိုယ် ကို ခေါ် ဝေါ် သော သင် ၏ ခင် ပွန်း ယေ ဇ ဗေ လ သည် သွန် သင် ၍ မှား ယွင်း စေ ရ သော အ ခွင့် ကို သင် သည် ပေး သော ကြောင့်၊ သင် ၌ အ ပြစ် တင် စ ရာ ရှိ ၏။
21
နောင် တ ရ သင့် သော ကာ လ ကို ငါ ပေး သော် လည်း၊ သူ သည် မိ မိ မ တ ရား သော မေ ထုန် ကို နောင် တ ရ ချင် သော စိတ် မ ရှိ။
22
ထို ကြောင့်၊ သူ့ ကို အိပ် ရာ ၌ ငါ ချ ထား မည်။ သူ နှင့် အ တူ မ တ ရား သော မေ ထုန် ကို ပြု ၍၊ ထို သို့ သော အ ကျင့် ကို နောင် တ မ ရ သော သူ တို့ ကို လည်း၊ ကြီး စွာ သော ဆင်း ရဲ ခြင်း သို့ ရောက် စေ မည်။
23
သူ ၏ သား သ မီး တို့ ကို လည်း အ သေ သတ် မည်။ ငါ သည် နှ လုံး ကျောက် ကပ် ကို စစ် ဆေး တော် မူ သော သူ ဖြစ် ကြောင်း ကို၊ ထို သို့ သော အား ဖြင့် ခပ် သိမ်း သော အ သင်း တော် တို့ သည် သိ ရ ကြ လိမ့် မည်။ သင် တို့ သည် အ သီး အ သီး ကျင့် သော အ ကျင့် နှင့် အ လျောက် အ ကျိုး အ ပြစ် ကို ငါ ပေး မည်။
24
ထို မိစ္ဆာ ဒိဋ္ဌိ အ ယူ ကို ယူ သော သူ တို့ ခေါ် ဝေါ် သည် နှင့် အ ညီ၊ စာ တန် ၏ နက် နဲ သော အ ရာ ဟု ခေါ် ဝေါ် သော အ ရာ တို့ ကို မ ကျွမ်း၊ ထို မိစ္ဆာ ဒိဋ္ဌိ အ ယူ ကို မ ယူ၊ ကြွင်း သော သွာ တိ ရ မြို့ သား တို့ ကို ငါ ဆို သည် ကား၊ သင် တို့ သည် ရ သ မျှ ကို ငါ လာ သည် တိုင် အောင် စွဲ ကိုင် ကြ လော့။
25
ထို မှ တ ပါး အ ခြား သော ဝန် ကို သင် တို့ အ ပေါ် ၌ ငါ မ တင်။
26
အ ကြင် သူ သည် အောင် မြင် ၍ အ ဆုံး တိုင် အောင် ငါ့ အ ကျင့် ကို ကျင့် ၏၊ ငါ့ ခ မည်း တော် သည် ငါ့ အား အ ခွင့် ပေး တော် မူ သ ကဲ့ သို့၊ လူ မျိုး တို့ ကို အုပ် စိုး စေ ခြင်း ငှါ ထို သူ အား ငါ သည် အ ခွင့် ပေး မည်။
27
ထို သူ သည် သူ တို့ ကို သံ လှံ တံ နှင့် အုပ် စိုး ၍၊ မြေ အိုး ကို ခွဲ ဖျက် သ ကဲ့ သို့ ခွဲ ဖျက် လိမ့် မည်။
28
မိုဃ်း သောက် ကြယ် ကို လည်း ထို သူ အား ငါ ပေး မည်။
29
ဝိ ညာဉ် တော် သည် အ သင်း တော် တို့ အား အ ဘယ် သို့ မိန့် တော် မူ သည် ကို နား ရှိ သော သူ မည် သည် ကား ကြား ပါ စေ။