1
ညီ အစ် ကို တို့၊ ငါ သည် သင် တို့ ရှိ ရာ သို့ ရောက် လာ သော အ ခါ၊ ဘု ရား သ ခင် ၏ သက် သေ ခံ ချက် ကို ထူး မြတ် သော စ ကား နှင့် ထူး မြတ် သော ပ ညာ အား ဖြင့် သင် တို့ အား ပြ သ ၍ ရောက် လာ သည် မ ဟုတ်။
2
အ ကြောင်း မူ ကား၊ ယေ ရှု ခ ရစ် တည်း ဟူ သော လက် ဝါး ကပ် တိုင် မှာ အ သေ ခံ တော် မူ သော သ ခင် မှ တ ပါး၊ အ ဘယ် အ ရာ ကို မျှ သင် တို့ တွင် ငါ မ သိ မ မှတ် ဟု ငါ စိတ် ပြဋ္ဌာန်း ခြင်း ရှိ ၏။
3
သင် တို့ နှင့် အ တူ ငါ ရှိ နေ သော အ ခါ၊ အား နည်း ခြင်း၊ အ လွန် ကြောက် ရွံ့ တုန် လှုပ် ခြင်း နှင့် တ ကွ ငါ ရှိ နေ ၏။
4
-
5
သင် တို့ ၏ ယုံ ကြည် ခြင်း သည် လူ ပ ညာ အား ဖြင့် မ တည်၊ ဘု ရား သ ခင် ၏ တန် ခိုး တော် အား ဖြင့် တည် စေ ခြင်း ငှါ၊ ငါ့ စ ကား၊ ငါ့ ဒေ သ နာ သည် လူ ပ ညာ နှင့် ယှဉ် သော ဖြား ယောင်း သော စ ကား နှင့် တ ကွ ရှိ သည် မ ဟုတ်။ ဝိ ညာဉ် တော် ၏ နိ မိတ် လက္ခ ဏာ တန် ခိုး တော် နှင့် တ ကွ ရှိ ၏။
6
သို့ သော် လည်း၊ စုံ လင် သော သူ တို့ အား ငါ တို့ သည် ပ ညာ စ ကား ကို ဟော ပြော ၏။ ထို သို့ ဆို သော်၊ လော ကီ ပ ညာ ကို မ ဆို လို။ ပြယ် ပျောက် တတ် သော လော ကီ မင်း တို့ ၏ ပ ညာ ကို မ ဆို လို။
7
ဤ ကမ္ဘာ မ တည် မ ရှိ မှီ၊ ငါ တို့ ၏ ဘုန်း အ သ ရေ ဖြစ် စေ ခြင်း ငှါ၊ ဘု ရား သ ခင် စီ ရင် တော် မူ သော ပ ညာ၊ နက် နဲ သော အ ရာ ၌ ဝှက် ထား သော ဘု ရား သ ခင် ၏ ပ ညာ ကို ငါ တို့ သည် ပြ သ ကြ ၏။
8
ထို ပ ညာ ကို လော ကီ မင်း တ စုံ တ ယောက် မျှ မ သိ။ သိ လျှင်၊ ဘုန်း ကြီး တော် မူ သော သ ခင် ကို လက် ဝါး ကပ် တိုင် မှာ မ ကွပ် မျက် ကြ ပြီ။
9
ကျမ်း စာ လာ သည် နှင့် အ ညီ၊ ဘု ရား သ ခင် ကို ချစ် သော သူ တို့ အ ဘို့ အ လို ငှါ၊ ဘု ရား သ ခင် ပြင် ဆင် တော် မူ သော အ ရာ တို့ ကို လူ မျက် စိ ဖြင့် မ မြင်၊ နား ဖြင့် မ ကြား၊ စိတ် နှ လုံး ဖြင့် မ ကြံ စည် သေး။
10
ထို အ ရာ တို့ ကို ဘု ရား သ ခင် သည် မိ မိ ဝိ ညာဉ် တော် အား ဖြင့် ငါ တို့ အား ဘော် ပြ တော် မူ ၏။ ဝိ ညာဉ် တော် သည် ဘု ရား သ ခင် ၏ နက် နဲ သော အ ရာ တိုင် အောင် ခပ် သိမ်း သော အ ရာ တို့ ကို စစ် တော် မူ ၏။
11
လူ ၏ နက် နဲ သော အ ရာ ကို လူ ၌ ရှိ သော မိ မိ စိတ် ဝိ ညာဉ် မှ တ ပါး အ ဘယ် သူ သိ သ နည်း။ ထို နည်း တူ ဘု ရား သ ခင် ၏ နက် နဲ သော အ ရာ ကို ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် မှ တ ပါး အ ဘယ် သူ မျှ မ သိ။
12
ငါ တို့ သည် လော ကီ ဝိ ညာဉ် ကို မ ခံ ရ ကြ။ ဘု ရား သ ခင် ပေး တော် မူ သော အ ရာ တို့ ကို သိ ခြင်း အ လို ငှါ ဘု ရား သ ခင့် ထံ မှ ကြွ လာ သော ဝိ ညာဉ် ကို ခံ ရ ကြ ပြီ။
13
ဘု ရား သ ခင် ပေး တော် မူ သော အ ရာ တို့ ကို ငါ တို့ သည် လူ ပ ညာ ကို အ မှီ ပြု ၍ နား လည် သော စ ကား နှင့် မ ဟော။ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ဝိ ညာဉ် နှင့် စပ် ဆိုင် သော အ ရာ ကို ဝိ ညာဉ် စ ကား အား ဖြင့် ဖွင့် ပြ ၍ ပဲ့ ပြင် တော် မူ သော စ ကား နှင့် ငါ တို့ သည် ဟော ကြ ၏။
14
ဇာ တိ ပ က တိ လူ သည် ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် အ ရာ တို့ ကို မ ခံ မ ယူ။ ထို အ ရာ တို့ သည် မိုက် မဲ သော အ ရာ ဖြစ် သည် ဟု ထင် တတ် ၏။ ထို အ ရာ တို့ ကို ဝိ ညာဉ် အား ဖြင့် သာ ပိုင်း ခြား ၍ နား လည် နိုင် သော ကြောင့်၊ ဇာ တိ ပ က တိ လူ သည် နား မ လည် နိုင်။
15
ဝိ ညာဉ် လူ မူ ကား၊ ထို အ ရာ အ လုံး စုံ တို့ ကို ပိုင်း ခြား ၍ နား လည် တတ် ၏။ သို့ သော် လည်း ထို လူ ကို အ ဘယ် သူ မျှ ပိုင်း ခြား ၍ မ သိ နိုင်။
16
ထို လူ ကို သွန် သင် နိုင် မည် အ ကြောင်း အ ဘယ် သူ သည် ထာ ဝ ရ ဘု ရား ၏ စိတ် တော် ကို သိ သ နည်း။ ငါ တို့ မူ ကား ခ ရစ် တော် ၏ စိတ် ကို ခံ ရ ကြ ၏။