၁ ကော-15

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ညီ အစ် ကို တို့၊ ငါ သည် သင် တို့ အား ဟော ပြော ဘူး သည် နှင့် အ ညီ သင် တို့ သည် ခံ ယူ ၍ မှီ ဝဲ ဆည်း ကပ် သော ဧ ဝံ ဂေ လိ တ ရား ကို သင် တို့ အား တ ဖန် ငါ ကြား လိုက် ၏။
  • 2 အ ထက် က ငါ ဟော ပြော သည် အ ကြောင်း များ ကို သင် တို့ သည် အ ကျိုး မဲ့ မ ယုံ ဘဲ စိတ် စွဲ လမ်း လျှင်၊ ထို ဧ ဝံ ဂေ လိ တ ရား အား ဖြင့် ကယ် တင် တော် မူ ခြင်း သို့ ရောက် ကြ ၏။
  • 3 ငါ သည် ကိုယ် တိုင် ခံ ယူ သည် အ တိုင်း၊ သင် တို့ အား ရှေ့ ဦး စွာ အပ် ပေး သော အ ကြောင်း အ ရာ ဟူ မူ ကား၊ ခ ရစ် တော် သည် ကျမ်း စာ လာ သည် အ တိုင်း ငါ တို့ အ ပြစ် ကြောင့် အ သေ ခံ တော် မူ ၏။
  • 4 သင်္ဂြိုဟ် ပြီး မှ၊ ကျမ်း စာ လာ သည် အ တိုင်း သုံး ရက် မြောက် သော နေ့ ၌ ထ မြောက် တော် မူ ၏။
  • 5 ကေ ဖ သည် ကိုယ် တော် ကို မြင် ပြီး မှ၊ တ ကျိပ် နှစ် ပါး သော သူ တို့ သည် မြင် ရ ကြ ၏။
  • 6 ထို နောက် ညီ အစ် ကို ငါး ရာ မ က၊ တ ပြိုင် နက် မြင် ရ ကြ ၏။ ထို သူ တို့ တွင် အ များ သော သူ တို့ သည် ယ ခု တိုင် အောင် အ သက် ရှင် ကြ သေး ၏။ အ ချို့ တို့ သည် အိပ် ပျော် ကြ ပြီ။
  • 7 ထို နောက် ယာ ကုပ် မြင် ရ ၏။ ထို နောက် တ မန် တော် အ ပေါင်း တို့ သည် မြင် ရ ကြ ၏။
  • 8 နောက် ဆုံး ၌ အ ချိန် မ တော် မ တန် ဘွား သော သူ ကဲ့ သို့ ဖြစ် သော ငါ ပင် မြင် ရ ၏။
  • 9 ငါ သည် အ ထက် က ဘု ရား သ ခင် ၏ အ သင်း တော် ကို ညှဉ်း ဆဲ သော ကြောင့်၊ အ ညံ့ ဆုံး သော တ မန် တော် ဖြစ် ၏။ တ မန် တော် ဟု ခေါ် ဝေါ် ခြင်း ကို မ ခံ ထိုက်။
  • 10 သို့ သော် လည်း ဘု ရား သ ခင် ၏ ကျေး ဇူး တော် အား ဖြင့် သာ ငါ ဖြစ် သည် အ တိုင်း ငါ ဖြစ် ၏။ ငါ ခံ ရ သော ကျေး ဇူး တော် ကို လည်း အ ကျိုး မဲ့ ခံ ရ သည် မ ဟုတ်။ အ ခြား သော တ မန် တော် အ ပေါင်း တို့ ထက်၊ ငါ သည် သာ ၍ ကြိုး စား ခြင်း ကို ပြု ၏။ ထို သို့ ဆို သော် လည်း၊ ငါ ကြိုး စား သည် မ ဟုတ်။ ငါ နှင့် အ တူ ရှိ သော ဘု ရား သ ခင် ၏ ကျေး ဇူး တော် သည် ကြိုး စား တော် မူ ၏။
  • 11 ထို ကြောင့်၊ ငါ ဖြစ် စေ၊ သူ တို့ ဖြစ် စေ၊ ဤ သို့ ငါ တို့ သည် ဟော ပြော ကြ ၏။ ဤ သို့ လည်း သင် တို့ သည် ယုံ ကြည် ကြ ၏။
  • 12 ယ ခု မှာ၊ ခ ရစ် တော် သည် သေ ခြင်း မှ ထ မြောက် တော် မူ ကြောင်း ကို ဟော ပြော ရ သည် ဖြစ် ၍၊ သေ သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ ဟု သင် တို့ တွင် အ ချို့ သော သူ တို့ သည် အ ဘယ် ကြောင့် ဆို ရ ကြ သ နည်း။
  • 13 သေ သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ခ ရစ် တော် သည် ထ မြောက် တော် မ မူ။
  • 14 ခ ရစ် တော် သည် ထ မြောက် တော် မ မူ လျှင်၊ ငါ တို့ ဟော ပြော ခြင်း ၌ အ ကျိုး မ ရှိ။ သင် တို့ ယုံ ကြည် ခြင်း ၌ လည်း အ ကျိုး မ ရှိ။
  • 15 ထို မျှ မ က၊ ငါ တို့ သည် ဘု ရား သ ခင် ၏ အ မှု မှာ မ မှန် သော သက် သေ ခံ ဖြစ် ကြ ၏။
  • 16 အ ကြောင်း မူ ကား၊ သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ဘု ရား သ ခင် သည် ခ ရစ် တော် ကို ထ မြောက် စေ တော် မ မူ။ ယ ခု မှာ ခ ရစ် တော် ကို ထ မြောက် စေ တော် မူ ပြီ ဟု ငါ တို့ သည် ဘု ရား သ ခင် ၏ အ ကြောင်း ကို သက် သေ ခံ ကြ ၏။ သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ခ ရစ် တော် သည် သည် ထ မြောက် တော် မ မူ။
  • 17 ခ ရစ် တော် သည် ထ မြောက် တော် မ မူ လျှင်၊ သင် တို့ သည် ယုံ ကြည် သော် လည်း အ ကျိုး မ ရှိ။ ဒု စ ရိုက် အ ပြစ် အောက် ၌ ရှိ ကြ သေး ၏။
  • 18 ထို မှ တ ပါး၊ ခ ရစ် တော် ကို ယုံ ကြည် ၍ အိပ် ပျော် သော သူ တို့ သည် ဆုံး ရှုံး ခြင်း သို့ ရောက် ကြ ပြီ။
  • 19 ငါ တို့ သည် ခ ရစ် တော် ကို အ မှီ ပြု ၍ ယ ခု ဘ ဝ ၌ သာ မြော် လင့် စ ရာ ရှိ လျှင်၊ အ ခြား သော သူ အ ပေါင်း တို့ ထက် သာ ၍ ဆင်း ရဲ သော သူ ဖြစ် ကြ ၏။
  • 20 ယ ခု မူ ကား၊ ခ ရစ် တော် သည် သေ ခြင်း မှ ထ မြောက် တော် မူ ၍၊ အိပ် ပျော် သော သူ တို့ တွင် အ ဦး သီး သော အ သီး ဖြစ် တော် မူ ပြီ။
  • 21 သို့ ဖြစ် ၍ လူ အား ဖြင့် သေ ခြင်း တ ရား သည် တည် သ ကဲ့ သို့၊ သေ သော သူ တို့ ၏ ထ မြောက် ခြင်း တ ရား သည် လူ အား ဖြင့် တည် လျက် ရှိ ၏။
  • 22 လူ အ ပေါင်း တို့ သည် အာ ဒံ အား ဖြင့် သေ ခြင်း သို့ ရောက် သည် နည်း တူ၊ လူ အ ပေါင်း တို့ သည် ခ ရစ် တော် အား ဖြင့် အ သက် ရှင် ခြင်း သို့ ရောက် ရ ကြ လ တံ့။
  • 23 သို့ ရာ တွင် လူ အ သီး အ သီး တို့ သည် မိ မိ တို့ အ လှည့် အ တိုင်း လိုက် ရ ကြ လိမ့် မည်။ ခ ရစ် တော် သည် အ ဦး သီး သော အ သီး ဖြစ် တော် မူ ၏။ ထို နောက် ခ ရစ် တော် သည် ကြွ လာ တော် မူ သော အ ခါ၊ တ ပည့် တော် ဖြစ် သော သူ တို့ သည် ရှင် ခြင်း သို့ ရောက် ကြ လိမ့် မည်။
  • 24 ထို အ ခါ ခ ရစ် တော် သည် အ ထွဋ် အ မြတ် အာ ဏာ တန် ခိုး အ မျိုး မျိုး ကို ပယ် ရှင်း ၍၊ မိ မိ နိုင် ငံ ကို ဘု ရား သ ခင် တည်း ဟူ သော ခ မည်း တော် ၌ အပ် ပြန် တော် မူ ပြီး မှ ကမ္ဘာ ကုန် ရ လ တံ့။
  • 25 ခ ရစ် တော် သည် ရန် သူ အ ပေါင်း တို့ ကို ခြေ ဘ ဝါး တော် အောက် ၌ ချ ထား တော် မ မူ မှီ တိုင် အောင် အုပ် စိုး တော် မူ ရ မည်။
  • 26 နောက် ဆုံး သော ရန် သူ တည်း ဟူ သော သေ မင်း သည် ဆုံး ရှုံး ခြင်း သို့ ရောက် ရ လ တံ့။
  • 27 ခပ် သိမ်း သော အ ရာ တို့ ကို လူ သား ၏ ခြေ အောက် ၌ ချ ထား တော် မူ သည် ဟု ကျမ်း စာ လာ ၏။ ခပ် သိမ်း သော အ ရာ တို့ သည် ချ ထား လျက် ရှိ ကြောင်း ကို ဆို သော်၊ ခပ် သိမ်း သော အ ရာ တို့ ကို လူ သား အောက် ၌ ချ ထား တော် မူ သော သူ သည် ကြွင်း တော် မူ ကြောင်း ထင် ရှား သ တည်း။
  • 28 ခပ် သိမ်း သော အ ရာ တို့ သည် လူ သား အောက် ၌ ချ ထား လျက် ရှိ သော အ ခါ၊ ခပ် သိမ်း သော အ ရာ တို့ ကို သူ့ အောက် ၌ ချ ထား တော် မူ သော သူ ၏ အုပ် စိုး တော် မူ ခြင်း ကို သား တော် သည် ကိုယ် တိုင် ဝန် ခံ လိမ့် မည်။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် သည် အ လုံး စုံ ဖြစ် တော် မူ မည် အ ကြောင်း တည်း။
  • 29 သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း အ လျှင်း မ ရှိ လျှင်၊ သေ လွန် သော သူ တို့ ၏ ကိုယ် စား ဗတ္တိ ဇံ ကို ခံ သော သူ တို့ သည် အ ဘယ် သို့ ပြု ရ မည် နည်း။ သေ လွန် သော သူ တို့ ၏ ကိုယ် စား အ ဘယ် ကြောင့် ဗတ္တိ ဇံ ကို ခံ ရ ကြ သ နည်း။
  • 30 ငါ တို့ သည် လည်း ဘေး ရောက် အံ့ သော အ ခြင်း အ ရာ နှင့် အ ဘယ် ကြောင့် တွေ့ ရ ကြ သ နည်း။
  • 31 ငါ သည် နေ့ တိုင်း အ သေ ခံ ရ ၏ ဟု ငါ တို့ သ ခင် ယေ ရှု ခ ရစ် ၌ သင် တို့ အ ကြောင်း ကြောင့် ငါ ဝါ ကြွား ဝမ်း မြောက် ခြင်း ကို တိုင် တည် ၍ ငါ ဆို ဝံ့ ၏။
  • 32 သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ဧ ဖက် မြို့ ၌ လော ကီ ဝေါ ဟာ ရ အား ဖြင့်၊ အ ထက် က ငါ သည် သား ရဲ တို့ နှင့် တိုက် သော် လည်း၊ အ ဘယ် အ ကျိုး ရှိ သ နည်း။ စား ကြ ကုန် အံ့၊ သောက် ကြ ကုန် အံ့၊ နက် ဖြန် သေ ရ ကြ မည်။
  • 33 အ လွဲ မ ယူ ကြ နှင့်။ မ ကောင်း သော သူ တို့ နှင့် ပေါင်း ဘော် ခြင်း အား ဖြင့် ကောင်း သော အ ကျင့် ဓ လေ့ ယို ယွင်း တတ် ၏။
  • 34 တ ရား သ ဖြင့် နိုး ကြ လော့။ ဒု စ ရိုက် ကို မ ပြု ကြ နှင့်။ အ ချို့ သော သူ တို့ သည် ဘု ရား သ ခင် ကို မ သိ ကြ။ ထို သို့ ဆို သော်၊ သင် တို့ ကို ရှက် ကြောက် စေ ခြင်း ငှါ ငါ ဆို ၏။
  • 35 သေ လွန် သော သူ တို့ သည် အ ဘယ် သို့ ထ မြောက် ကြ မည် နည်း။ အ ဘယ် သို့ သော ကိုယ် နှင့် ပေါ် လာ ကြ မည် နည်း ဟု တ စုံ တ ယောက် သော သူ မေး လိမ့် မည်။
  • 36 အ ချင်း လူ မိုက်၊ သင် စိုက် သော မျိုး စေ့ မ ပျက် လျှင် မ ရှင် တတ်။
  • 37 ထို မှ တ ပါး မျိုး စေ့ ကို စိုက် သော အ ခါ၊ နောက် ဖြစ် လ တံ့ သော ကိုယ် ကို မ စိုက်။ ဂျုံ စ ပါး ဖြစ် စေ၊ အ ခြား သော စ ပါး ဖြစ် စေ၊ အ စေ့ သက် သက် ကို စိုက် တတ် ၏။
  • 38 ဘု ရား သ ခင် သည် အ လို တော် ရှိ သည် အ တိုင်း ကိုယ် ကို ပေး တော် မူ ၏။ မျိုး စေ့ အ သီး အ သီး တို့ အား လည်း၊ မိ မိ တို့ မျိုး အ တိုင်း ကိုယ် ကို ပေး တော် မူ ၏။
  • 39 အ သား ရှိ သ မျှ တို့ သည် တ မျိုး တည်း မ ဟုတ်။ လူ သား တ မျိုး၊ အ မဲ သား တ မျိုး၊ ငါး သား တ မျိုး၊ ငှက် သား တ မျိုး၊ အ သီး အ သီး ရှိ ကြ ၏။
  • 40 ကောင်း ကင် အ ကောင် အ ထည် လည်း ရှိ ၏။ မြေ ကြီး အ ကောင် အ ထည် လည်း ရှိ ၏။ ကောင်း ကင် အ ကောင် အ ထည် ၏ ဂုဏ် အ သ ရေ လည်း တ မျိုး၊ မြေ ကြီး အ ကောင် အ ထည် ၏ ဂုဏ် အ သ ရေ လည်း တ မျိုး ဖြစ် ၏။
  • 41 နေ ၏ ဂုဏ် အ သ ရေ တ မျိုး၊ လ ၏ ဂုဏ် အ သ ရေ တ မျိုး၊ ကြယ် တို့ ၏ ဂုဏ် အ သ ရေ တ မျိုး အ သီး အ သီး ရှိ ကြ ၏။ ကြယ် တို့ ၏ ဂုဏ် အ သ ရေ သည် လည်း အ သီး သီး အ ခြား ခြား ဖြစ် ကြ ၏။
  • 42 ထို နည်း တူ၊ သေ သော သူ တို့ ၏ ထ မြောက် ခြင်း အ ကြောင်း အ ရာ ဖြစ် ၏။ ကိုယ် သည် စိုက် သော အ ခါ၊ ပုပ် တတ် သော သ ဘော ရှိ ၏။ ထ မြောက် သော အ ခါ မ ပုပ် နိုင် သော အ ဖြစ် ၌ တည် ၏။
  • 43 စိုက် သော အ ခါ ဂုဏ် အ သ ရေ ပျက် ၏။ ထ မြောက် သော အ ခါ ဂုဏ် အ သ ရေ နှင့် ပြည့် စုံ ၏။ စိုက် သော အ ခါ အ စွမ်း မ ရှိ။ ထ မြောက် သော အ ခါ အ စွမ်း နှင့် ပြည့် စုံ ၏။
  • 44 စိုက် သော အ ခါ ဇာ တိ ပ က တိ ကိုယ် ဖြစ် ၏။ ထ မြောက် သော အ ခါ ဝိ ညာ ဏ ကိုယ် ဖြစ် ၏။ ဇာ တိ ပ က တိ ကိုယ် တ မျိုး၊ ဝိ ညာ ဏ ကိုယ် တ မျိုး ရှိ ၏။
  • 45 ကျမ်း စာ လာ သည် ကား၊ ရှေ့ ဦး စွာ သော လူ အာ ဒံ သည် အ သက် ရှင် သော သတ္တ ဝါ ဖြစ် ၏ ဟု လာ သ တည်း။ ယ ခု တွင် နောက် ဆုံး ဖြစ် သော အာ ဒံ မူ ကား၊ အ သက် ရှင် စေ တတ် သော ဝိ ညာဉ် ဖြစ် ၏။
  • 46 ဝိ ညာ ဏ ကိုယ် သည် ရှေ့ ဦး စွာ ဖြစ် သည် မ ဟုတ်။ ဇာ တိ ပ က တိ ကိုယ် သည် ရှေ့ ဦး စွာ ဖြစ် ၏။ နောက် မှ ဝိ ညာ ဏ ကိုယ် ဖြစ် ၏။
  • 47 ရှေ့ ဦး စွာ သော လူ သည် မြေ ကြီး က ဖြစ် သော ကြောင့် မြေ သား ဖြစ် ၏။ ဒု တိ ယ လူ မူ ကား၊ ကောင်း ကင် ဘုံ က ဖြစ် တော် မူ သော သ ခင် ပေ တည်း။
  • 48 မြေ သား တို့ သည် ထို မြေ သား ကဲ့ သို့ ဖြစ် ကြ ၏။ ကောင်း ကင် သား တို့ သည် ထို ကောင်း ကင် သား ကဲ့ သို့ ဖြစ် ကြ လိမ့် မည်။
  • 49 ငါ တို့ သည် မြေ သား ၏ ပုံ သဏ္ဌာန် ကို ဆောင် သ ကဲ့ သို့၊ ကောင်း ကင် သား ၏ ပုံ သဏ္ဌာန် ကို ဆောင် ကြ လိမ့် မည်။
  • 50 ညီ အစ် ကို တို့၊ ငါ ဆို သည် ကား၊ လူ အ သွေး အ သား သည် ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို အ မွေ မ ခံ နိုင်။ ပုပ် တတ် သော အ ရာ သည် မ ပုပ် နိုင် သော အ ဖြစ် ကို အ မွေ မ ခံ နိုင်။
  • 51 နက် နဲ သော အ ရာ တ ခု ကို ငါ ပြ ဦး မည်။ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ ကြ မည် မ ဟုတ်။
  • 52 သို့ သော် လည်း၊ နောက် ဆုံး သော တံ ပိုး မှုတ် သော အ ခါ၊ တ ခ ဏ ခြင်း တွင် မျက် စိ တ မှိတ် ၌ ငါ တို့ ရှိ သ မျှ သည် ပြောင်း လဲ ခြင်း သို့ ရောက် ရ ကြ မည်။ ထို တံ ပိုး မှုတ် ချိန် ရောက် သော အ ခါ၊ သေ လွန် သော သူ တို့ သည်၊ မ ပုပ် နိုင် သော အ ဖြစ် ၌ တည် လျက် ထ မြောက် ၍၊ ငါ တို့ ရှိ သ မျှ သည် ပြောင်း လဲ ခြင်း သို့ ရောက် ရ ကြ မည်။
  • 53 ယ ခု မျက် မှောက် ပုပ် တတ် သော အ ရာ သည် မ ပုပ် နိုင် သော အ ဖြစ် သို့ ဝင် စား ရ မည်။ ယ ခု မျက် မှောက် သေ တတ် သော အ ရာ သည် မ သေ နိုင် သော အ ဖြစ် သို့ ဝင် စား ရ မည်။
  • 54 ဤ ပုပ် တတ် သော အ ရာ သည် မ ပုပ် နိုင် သော အ ဖြစ် သို့ ၎င်း၊ သေ တတ် သော အ ရာ သည် မ သေ နိုင် သော အ ဖြစ် သို့ ၎င်း၊ ဝင် စား သော အ ခါ၊ သေ ခြင်း သည် အောင် ခြင်း ၌ နစ် မြုပ် ပြီ ဟု ကျမ်း စာ ၌ လာ ချက် ပြည့် စုံ လိမ့် မည်။
  • 55 အို သေ မင်း၊ သင် ၏ လက် နက် သည်၊ အ ဘယ် မှာ ရှိ သ နည်း။ အို မ ရ ဏာ နိုင် ငံ၊ သင် ၏ အောင် ခြင်း သည် အ ဘယ် မှာ ရှိ သ နည်း။
  • 56 သေ မင်း ၏ လက် နက် ကား၊ ဒု စ ရိုက် အ ပြစ် ပေ တည်း။ ဒု စ ရိုက် အ ပြစ် ၏ တန် ခိုး ကား၊ ပ ညတ် တ ရား ပေ တည်း။
  • 57 ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် ခြင်း အ ခွင့် ကို ပေး တော် မူ သော ဘု ရား သ ခင် ၏ ကျေး ဇူး တော် သည် ကြီး လှ စွ တ ကား။
  • 58 ထို ကြောင့် ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် သ ခင် ဘု ရား ၏ အ မှု တော် ကို ဆောင် ရွက် ၍ အ ကျိုး ကြီး သည် ကို သိ မှတ် သ ဖြင့် တည် ကြည် သော စိတ် နှင့် ပြည့် စုံ ၍၊ မ ရွေ့ လျော့ မ တိမ်း ယိမ်း ဘဲ လျက်၊ သ ခင် ဘု ရား ၏ အ မှု တော် ကို ကြိုး စား အား ထုတ် ကြ လော့။
回到本卷目录 回到本版本目录 回到首页