1
ထို အ ခါ ပ ဌ နာ ပြု ရ သော သုံး ချက် တီး အ ချိန် ၌ ပေ တ ရု နှင့် ယော ဟန် တို့ သည် ဗိ မာန် တော် သို့ တက် ကြ သည် ရှိ သော်၊
2
အ မိ ဝမ်း တွင်း က ပင် ခြေ မ စွမ်း သော သူ တ ယောက် ကို သူ တ ပါး တို့ သည် ထမ်း လျက် လာ ကြ ၏။ ဗိ မာန် တော် သို့ ဝင် သော သူ တို့ မှာ စွန့် ကြဲ ခြင်း ကို ခံ စေ ခြင်း ငှါ၊ တင့် တယ် အ မည် ရှိ သော တံ ခါး နား မှာ ထို သူ ကို ထား လေ့ ရှိ ၏။
3
ပေ တ ရု နှင့် ယော ဟန် တို့ သည် ဗိ မာန် တော် သို့ ဝင် မည် လာ ကြ သည် ကို ထို သူ သည် မြင် လျှင် စွန့် ကြဲ ပါ ဟု တောင်း လေ ၏။
4
ထို အ ခါ ပေ တ ရု နှင့် ယော ဟန် တို့ သည် ထို သူ ကို စေ့ စေ့ ကြည့် ရှု ၍ ငါ တို့ အား မျှော် ကြည့် လော့ ဟု ဆို လျှင်၊
5
ထို သူ သည် တ စုံ တ ခု ကို ရ မည် ဟု စိတ် ထင် နှင့် တ မန် တော် တို့ ကို မျှော် ကြည့် လျက် နေ ၏။
6
ပေ တ ရု က လည်း၊ ငါ ၌ ရွှေ ငွေ မ ရှိ။ ရှိ သည့် အ ရာ ကို သင့် အား ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ် ၏ နာ မ တော် အား ဖြင့် ထ ၍ လှမ်း သွား လော့ ဟု ဆို လျက်၊
7
သူ ၏ လက်ျာ လက် ကို ကိုင် ဆွဲ ၍ ချီ ကြွ လေ သော ခ ဏ ခြင်း တွင်၊ ခြေ နှစ် ဘက် ဖ မျက် စိ တို့ သည် စွမ်း အား ကို ရ သ ဖြင့်၊
8
ရုတ် တ ရက် ထ ၍ မတ် တတ် ရပ် ပြီး လျှင် လှမ်း သွား လေ ၏။ သွား လျက်၊ ခုန် လျက်၊ ဘု ရား သ ခင် ကို ချီး မွမ်း လျက်၊ တ မန် တော် တို့ နှင့် အ တူ ဗိ မာန် တော် သို့ ဝင် လေ ၏။
9
ထို သို့ လှမ်း သွား ၍ ဘု ရား သ ခင် အား ချီး မွမ်း သည် ကို လူ အ ပေါင်း တို့ သည် မြင် သော အ ခါ၊
10
ထို သူ သည် ဗိ မာန် တော် ၏ တင့် တယ် တံ ခါး နား မှာ စွန့် ကြဲ ခြင်း ကို ခံ ၍ ထိုင် နေ သော သူ ဖြစ် သည် ကို သိ ကြ သော ကြောင့်၊ သူ ၌ ဖြစ် သည့် အ မှု ကို အံ့ ဩ မိန်း မော တွေ ဝေ ခြင်း ရှိ ၍၊
11
ထို သူ သည် ပေ တ ရု နှင့် ယော ဟန် ကို အ မှီ ပြု လျက် ရှိ ရာ အ ရပ်၊ ရှော လ မုန် က နား ပြင် အ မည် ရှိ သော က နား ပြင် သို့ ပြေး ဝင် ၍ စု ဝေး ကြ ၏။
12
ပေ တ ရု သည် မြင် လျှင်၊ ဣ သ ရေ လ လူ တို့၊ အ ဘယ် ကြောင့် ဤ အ မှု ကို အံ့ ဩ ကြ သ နည်း။ ဤ သူ သည် လှမ်း သွား နိုင် သော အ ခွင့် ကို ငါ တို့ သည် ကိုယ် တန် ခိုး၊ ကိုယ် သီ လ အား ဖြင့် ပေး ဘိ သ ကဲ့ သို့ အ ဘယ် ကြောင့် ငါ တို့ ကို စေ့ စေ့ ကြည့် ရှု ကြ သ နည်း။
13
အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ ၏ ဘု ရား သ ခင်၊ ငါ တို့ ဘိုး ဘေး များ ၏ ဘု ရား သ ခင် သည် မိ မိ သား တော် ၏ ဘုန်း ကို ထင် ရှား စေ တော် မူ ပြီ။ ထို သ ခင် ကို သင် တို့ သည် ပိ လတ် မင်း လက် သို့ အပ် နှံ ၍၊ ထို မင်း သည် လွှတ် မည် အ ကြံ ရှိ သော် လည်း သင် တို့ သည် ထို သ ခင် ကို ငြင်း ပယ် ကြ ၏။
14
သန့် ရှင်း ဖြောင့် မတ် တော် မူ သော သ ခင် ကို ငြင်း ပယ် ၍၊ လူ အ သက် ကို သတ် ခြင်း အ ပြစ် ရှိ သော သူ တ ယောက် ကို ရ မည် အ ကြောင်း တောင်း ပန် သ ဖြင့်၊
15
အ သက် ရှင် ခြင်း သို့ ပို့ ဆောင် တော် မူ သော အ ရှင် ကို ကွပ် မျက် ကြ ပြီ တ ကား။ ထို အ ရှင် ကို ဘု ရား သ ခင် သည် သေ ခြင်း မှ ထ မြောက် စေ တော် မူ သည် ကို ငါ တို့ သည် သက် သေ ခံ ဖြစ် ကြ ၏။
16
ထို သ ခင် ကို ယုံ ကြည် ခြင်း အား ဖြင့် ထို သ ခင် ၏ နာ မ တော် သည် သင် တို့ သိ မြင် သော ဤ သူ အား အ စွမ်း ကို ပေး တော် မူ ပြီ။ ထို သ ခင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ မျက် မှောက် တွင် ဤ သူ ၌ စေ့ စုံ ခြင်း အ ခွင့် ကို ပေး ၍ ရှိ လေ ပြီ။
17
ယ ခု လည်း ညီ အစ် ကို တို့၊ သင် တို့ မှ စ ၍ အ စိုး ရ သော သူ တို့ သည် မ သိ ဘဲ လျက် ထို သို့ ပြု ကြ သည် ကို ငါ သိ ၏။
18
ခ ရစ် တော် သည် အ သေ ခံ ရ မည် ဟု ပ ရော ဖက် အ ပေါင်း တို့ သည် ဟော ပြော ၍၊ ဘု ရား သ ခင် ဘော် ပြ တော် မူ နှင့် သော အ မှု ကို ထို သို့ အား ဖြင့် ပြီး စီး တော် မူ ပြီ။
19
ထို ကြောင့် ထာ ဝ ရ ဘု ရား ထံ တော် မှ ချမ်း ဧ သော အ ချိန် ကာ လ သည် ရောက် လာ ၍၊
20
သင် တို့ အ ဘို့ အ လို ငှါ ခန့် ထား တော် မူ နှင့် သော ယေ ရှု ခ ရစ် ကို စေ လွှတ် တော် မူ မည် အ ကြောင်း သင် တို့ အ ပြစ် များ ကို ပြေ စေ ခြင်း ငှါ နောင် တ ရ ၍ စိတ် ပြောင်း လဲ ခြင်း သို့ ရောက် ကြ လော့။
21
ကမ္ဘာ ဦး မှ စ ၍ သန့် ရှင်း သော ပ ရော ဖက် ဆ ရာ တော် တို့ နှုတ် ဖြင့် ဘု ရား သ ခင် ဗျာ ဒိတ် ထား တော် မူ သော ထို ကပ် ကာ လ၊ အ လုံး စုံ သော အ ရာ တို့ ကို အ သစ် ပြု ပြင် တော် မူ သော ကပ် ကာ လ မ ရောက် မှီ တိုင် အောင် ကောင်း ကင် ဘုံ သည် ထို ခ ရစ် တော် ကို ခံ ယူ သိမ်း ဆည်း ရ မည်။
22
ငါ တို့ ဘိုး ဘေး များ တို့ အား လည်း မော ရှေ က၊ သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ အ မျိုး သား ချင်း တို့ အ ထဲ ၌ ငါ နှင့် တူ သော ပ ရော ဖက် တ ပါး ကို သင် တို့ အ ဘို့ ပေါ် ထွန်း စေ တော် မူ မည်။ ထို ပ ရော ဖက် ဟော ပြော သ မျှ သော အ ရာ တို့ ကို သင် တို့ သည် နား ထောင် ရ ကြ မည်။
23
အ ကြင် သူ သည် ထို ပ ရော ဖက် ၏ စ ကား ကို နား မ ထောင် ဘဲ နေ အံ့၊ ထို သူ သည် မိ မိ အ မျိုး ထဲ က ပယ် ရှင်း ခြင်း ကို ခံ ရ မည် ဟု ဟော ၏။
24
ပ ရော ဖက် ရှ မွေ လ မှ စ ၍ နောက် ဟော သော ပ ရော ဖက် ရှိ သ မျှ တို့ သည် ဤ သည် နေ့ ရက် ကာ လ ကို ဟော ပြော ပြ ညွှန် ကြ ပြီ။
25
သင် တို့ သည် ပ ရော ဖက် အ မျိုး အ နွှယ် ဖြစ် ကြ ၏။ ဘု ရား သ ခင် သည် အာ ဗြ ဟံ ကို၊ သင် ၏ အ မျိုး အ နွှယ် အား ဖြင့် လူ မျိုး အ ပေါင်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု ဗျာ ဒိတ် ထား တော် မူ ၍၊ ငါ တို့ ဘိုး ဘေး များ တို့ အား ပေး တော် မူ သော ပ ဋိ ညာဉ် တ ရား တော် နှင့် သင် တို့ သည် ဆိုင် ကြ ၏။
26
သင် တို့ တွင် မိ မိ ဒု စ ရိုက် တို့ ကို ကြဉ် ရှောင် ပယ် ရှား သော သူ ရှိ သ မျှ တို့ အား ကောင်း ကြီး မင်္ဂ လာ ကို ပေး စေ ခြင်း ငှါ ဘု ရား သ ခင် သည် မိ မိ သား တော် ယေ ရှု ကို ထ မြောက် စေ တော် မူ ပြီး လျှင်၊ သင် တို့ ရှိ ရာ သို့ ရှေ့ ဦး စွာ စေ လွှတ် တော် မူ သည် ဟု လူ များ တို့ အား ပေ တ ရု ဟော ပြော ၏။