1
ထို အ ခါ ယဇ် ပု ရော ဟိတ် မင်း က၊ ဤ စ ကား မှန် သ လော ဟု မေး သည် ရှိ သော်၊
2
သ တေ ဖန် က၊ ညီ အစ် ကို အ ဘ တို့ နား ထောင် ကြ ပါ လော့။ ငါ တို့ အ ဘ အာ ဗြ ဟံ သည်၊ ခါ ရန် မြို့ ၌ မ နေ မှီ၊ မေ သော ပေါ တာ မိ တိုင်း ၌ ရှိ စဉ် အ ခါ၊ ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် သည် ထင် ရှား တော် မူ ၍၊
3
သင် နေ သော ပြည် နှင့် တ ကွ အ မျိုး သား ချင်း များ ထဲ က ထွက် ပြီး လျှင်၊ ငါ ပြ လ တံ့ သော ပြည် သို့ သွား လော့ ဟု အာ ဗြ ဟံ အား မိန့် တော် မူ ၏။
4
ထို အ ခါ အာ ဗြ ဟံ သည် ခါ လ ဒဲ ပြည် မှ ထွက် ၍ ခါ ရန် မြို့ ၌ နေ ၏။ သူ ၏ အ ဘ သေ လွန် သည် ရှိ သော်၊ ယ ခု သင် တို့ နေ သော ဤ ပြည် သို့ ထို မြို့ မှ ပြောင်း စေ တော် မူ ၏။
5
ဤ ပြည် ၌ ခြေ နင်း ရာ ကို မျှ အ မွေ ပေး တော် မ မူ သော် လည်း၊ သူ မှ စ ၍ သူ ၏ သား မြေး တို့ အား ဤ ပြည် ကို အ ပိုင် ပေး တော် မူ မည် ဟု သား တ ယောက် မျှ မ ရှိ မှီ ဂ တိ ထား တော် မူ ၏။
6
သင် ၏ အ မျိုး အ နွှယ် သည် သူ တ ပါး ပိုင် သော ပြည် ၌ ဧည့် သည် ဖြစ် ကြ သ ဖြင့်၊ သူ တ ပါး တို့ ၌ ကျွန် ခံ ခြင်း၊ နှိပ် စက် ညှဉ်း ဆဲ ခြင်း ကို အ နှစ် လေး ရာ ပတ် လုံး ခံ ရ ကြ လိမ့် မည်။
7
သူ တို့ ကို စေ ခိုင်း သော လူ မျိုး ကို လည်း ငါ စီ ရင် မည်။ ထို နောက် မှ သူ တို့ သည် ထွက် ၍ ဤ အ ရပ် ၌ ငါ့ အား ဝတ် ပြု ကြ လိမ့် မည် ဟု ဗျာ ဒိတ် ထား တော် မူ ၏။
8
ဘု ရား သ ခင် သည် လည်း အ ရေ ဖျား လှီး ခြင်း နှင့် ဆိုင် သော ပ ဋိ ညာဉ် တ ရား ကို အာ ဗြ ဟံ အား ပေး တော် မူ ၏။ ထို သို့ ဣ ဇာက် ကို ဘွား မြင် ၍ ရှစ် ရက် မြောက် သော နေ့ ၌ အ ရေ ဖျား လှီး ခြင်း ကို ပေး လေ ၏။ ဣ ဇာက် သား ယာ ကုပ်၊ ယာ ကုပ် သား များ ကား၊ အ မျိုး ၏ အ ဘ တ ကျိပ် နှစ် ပါး တည်း။
9
အ မျိုး ၏ အ ဘ တို့ သည် လည်း ငြူ စူ သော စိတ် ရှိ ၍၊ ယော သပ် ကို အဲ ဂုတ္တု ပြည် သို့ ရောင်း လိုက် ကြ ၏။ ဘု ရား သ ခင် သည် သူ့ ကို စောင့် မ တော် မူ လျက်၊
10
အ လုံး စုံ သော ဒုက္ခ ဆင်း ရဲ ထဲ မှ ကယ် နှုတ် ၍၊ အဲ ဂုတ္တု ပြည် ကို အ စိုး ရ သော ဖါ ရော ဘု ရင် ထံ ၌ မျက် နှာ ပွင့် လန်း ခြင်း နှင့် ပ ညာ အ တတ် ကို ပေး တော် မူ သ ဖြင့်၊ ထို မင်း ကြီး သည် အဲ ဂုတ္တု နိုင် ငံ အုပ် အ ရာ၊ နန်း တော် အုပ် အ ရာ ၌ ယော သပ် ကို ခန့် ထား လေ ၏။
11
ခါ နာန် ပြည် နှင့် အဲ ဂုတ္တု ပြည် တ ရှောက် လုံး ၌ အ စာ ခေါင်း ပါး ခြင်း၊ ကြီး စွာ သော ဆင်း ရဲ ခြင်း ရှိ ၍ ငါ တို့ အ ဘ များ ၌ စား စ ရာ ကုန် သော အ ခါ၊ အဲ ဂုတ္တု ပြည် မှာ ဆန် စ ပါး ရှိ သည် ဟု ယာ ကုပ် သည် ကြား လျှင်၊
12
ငါ တို့ အ ဘ များ ကို ပ ဌ မ အ ကြိမ် တွင် စေ လွှတ် လေ ၏။
13
ဒု တိ ယ အ ကြိမ် တွင် ယော သပ် သည် မိ မိ ညီ အစ် ကို တို့ အား မိ မိ အ ကြောင်း ကို ဘော် ပြ ၍၊ ဖါ ရော ဘု ရင် သည် ယော သပ် ၏ အ မျိုး ကို သိ တော် မူ ၏။
14
ထို အ ခါ ယော သပ် သည် စေ လွှတ် ၍ မိ မိ အ ဘ ယာ ကုပ် နှင့် တ ကွ အ ရေ အ တွက် အား ဖြင့် ခု နစ် ကျိပ် ငါး ယောက် သော မိ မိ အ မျိုး သား ချင်း အ ပေါင်း တို့ ကို ခေါ် ပင့် လေ ၏။
15
ယာ ကုပ် သည် လည်း အဲ ဂုတ္တု ပြည် သို့ သွား ၍ ကိုယ် တိုင် မှ စ သော ငါ တို့ အ ဘ များ သည် သေ လွန် ကြ ၏။
16
ထို သူ တို့ ကို လည်း ရှေ ခင် မြို့ သို့ ပို့ ဆောင် သ ဖြင့်၊ ရှေ ခင် ၏ အ ဘ ဖြစ် သော ဟာ မော် ၏ သား တို့ အား အ ဘိုး ငွေ ကို ပေး ၍ ဝယ် ပြီး ဖြစ် သော သင်္ချိုင်း တွင်း ၌ ထား ကြ ၏။
17
အာ ဗြ ဟံ အား ဘု ရား သ ခင် ဓိဋ္ဌာန် တော် မူ သော ဂ တိ တော် ၏ အ ချိန် ရောက် လု သော အ ခါ၊ ထို လူ မျိုး သည် အဲ ဂုတ္တု ပြည် ၌ တိုး ပွါး ၍၊
18
ယော သပ် ကို မ သိ မ ကျွမ်း သော မင်း ကြီး တ ပါး ပေါ် လာ သည် တိုင် အောင် များ ပြား ကြ လေ ၏။
19
ထို မင်း ကြီး သည် ငါ တို့ အ ဆွေ အ မျိုး ကို ပ ရိ ယာယ် ပြု သ ဖြင့်၊ သူ ငယ် များ ကို အ သက် မ ရှင် စေ ခြင်း ငှါ ပစ် ထား ရ မည် အ ကြောင်း ငါ တို့ အ ဘ များ ကို ညှဉ်း ဆဲ နှိပ် စက် လေ ၏။
20
ထို အ ခါ အ လွန် အ ဆင်း လှ သော မော ရှေ ကို ဘွား မြင် လျှင်၊ သုံး လ ပတ် လုံး အ ဘ အိမ် တွင် ကျွေး မွေး ကြ ၏။
21
နောက် မှ ပစ် ထား သည် ရှိ သော်၊ ဖါ ရော ဘု ရင် ၏ သ မီး တော် သည် ကောက် ယူ ၍ မိ မိ သား အ ရာ ၌ မွေး စား လေ ၏။
22
မော ရှေ သည် လည်း အဲ ဂုတ္တု အ တတ် ပ ညာ အ လုံး စုံ တို့ ကို သင် ၍၊ နှုတ် သတ္တိ လက် သတ္တိ ရှိ ၏။
23
အ သက် လေး ဆယ် စေ့ သော အ ခါ ဣ သ ရေ လ အ မျိုး သား ဖြစ် သော မိ မိ ညီ အစ် ကို တို့ ကို အ ကြည့် အ ရှု သွား မည် ဟု အ ကြံ ရှိ ၏။
24
အ မျိုး သား ချင်း တ ယောက် သည် ညှဉ်း ဆဲ ခံ ရ သည် ကို မြင် လျှင် သူ့ ဘက် က နေ ၍ အဲ ဂုတ္တု လူ ကို ကွပ် မျက် သ ဖြင့်၊ ထို ညှဉ်း ဆဲ ခံ ရ သော သူ အား အ နိုင် ပေး လေ ၏။
25
ဘု ရား သ ခင် သည် ဤ သူ လက် ဖြင့် ငါ တို့ ကို ကယ် နှုတ် တော် မူ မည် အ ရာ ကို ညီ အစ် ကို တို့ သည် နား လည် လိမ့် မည် ဟု ထင် မှတ် သော် လည်း၊ ထို သူ တို့ သည် နား မ လည် ဘဲ နေ ကြ ၏။
26
နက် ဖြန် နေ့ ၌ အ ချင်း ချင်း ခိုက် ရန် ပြု ကြ သော သူ တို့ ရှိ ရာ သို့ သွား ၍၊ အ ချင်း လူ တို့၊ ညီ အစ် ကို ချင်း ဖြစ် လျက် နှင့် အ ဘယ် ကြောင့် တ ယောက် ကို တ ယောက် ညှဉ်း ဆဲ ကြ သ နည်း ဟု ဆို ၍ ရန် ငြိမ်း ရာ သို့ သွေး ဆောင် သည် ရှိ သော်၊
27
အိမ် နီး ချင်း ကို ညှဉ်း ဆဲ သော သူ က၊ အ ဘယ် သူ သည် သင့် ကို ငါ တို့ အ ပေါ် မှာ အ ကဲ အ မှူး တ ရား သူ ကြီး အ ရာ ၌ ခန့် ထား သ နည်း။
28
မ နေ့ က အဲ ဂုတ္တု လူ ကို သတ် သ ကဲ့ သို့ ငါ့ ကို သတ် လို သ လော ဟု ဆို လျက် မော ရှေ ကို ပယ် ၏။
29
ထို စ ကား ကို ကြား လျှင်၊ မော ရှေ သည် ပြေး ၍ မိ ဒျန် ပြည် ၌ ဧည့် သည် ဖြစ် လျက် နေ သည် တွင် သား နှစ် ယောက် ကို မြင် လေ ၏။
30
အ နှစ် လေး ဆယ် လွန် သော အ ခါ၊ သိ နာ တောင် ခြေ ရင်း တွင်၊ မီး လောင် သော ချုံ ၌ ထာ ဝ ရ ဘု ရား ၏ ကောင်း ကင် တ မန် ထင် ရှား ၏။
31
ထို ရူ ပါ ရုံ ကို မြင် သော အ ခါ မော ရှေ သည် အံ့ ဩ ၍ စေ့ စေ့ ကြည့် ရှု ခြင်း ငှါ အ နား သို့ ချဉ်း ကပ် လျှင်၊
32
ငါ ကား သင့် ဘိုး ဘေး တို့ ၏ ဘု ရား၊ အာ ဗြ ဟံ ၏ ဘု ရား၊ ဣ ဇာက် ၏ ဘု ရား၊ ယာ ကုပ် ၏ ဘု ရား ဖြစ် ၏ ဟု ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ သံ ထွက် တော် မူ ၏။ ထို အ ခါ မော ရှေ သည် တုန် လှုပ် လျက် စေ့ စေ့ မ ကြည့် ဝံ့။
33
ထာ ဝ ရ ဘု ရား က လည်း၊ သင် ၏ ခြေ နင်း ကို ချွတ် လော့။ သင် နင်း သော အ ရပ် ကား သန့် ရှင်း သော မြေ ဖြစ် ၏။
34
အဲ ဂုတ္တု ပြည် ၌ ရှိ သော ငါ ၏ လူ တို့ သည် ခံ ရ သော ညှဉ်း ဆဲ ခြင်း ကို ငါ စေ့ စေ့ မြင် ခဲ့ ပြီ။ သူ တို့ ညည်း တွား မြည် တမ်း သော အ သံ ကို လည်း ငါ ကြား ခဲ့ ပြီ။ သူ တို့ ကို ကယ် နှုတ် ခြင်း ငှါ ငါ ဆင်း လာ ပြီ။ ယ ခု သွား လော့။ သင့် ကို အဲ ဂုတ္တု ပြည် သို့ ငါ စေ လွှတ် မည် ဟု ဗျာ ဒိတ် တော် ရှိ ၏။
35
အ ဘယ် သူ သည် သင့် ကို အ ကဲ အ မှူး တ ရား သူ ကြီး အ ရာ ၌ ခန့် ထား သ နည်း ဟူ ၍ အ ငြင်း အ ပယ် ခံ ရ သော ထို မော ရှေ ကို အ ကဲ အ မှူး၊ ကယ် လွှတ် သော သူ ဖြစ် စေ ခြင်း ငှါ၊ ဘု ရား သ ခင် သည် ချုံ ၌ ထင် ရှား သော ကောင်း ကင် တ မန် အား ဖြင့် စေ ခန့် တော် မူ ၏။
36
ထို သူ သည် ဣ သ ရေ လ အ မျိုး သား တို့ ကို နှုတ် ဆောင် ၍ အ နှစ် လေး ဆယ် ပတ် လုံး အဲ ဂုတ္တု ပြည် ၌ ၎င်း၊ ဧ ဒုံ ပင် လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိ မိတ် လက္ခ ဏာ၊ အံ့ ဘွယ် သော အ မှု တို့ ကို ပြု လေ ၏။
37
သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ အ မျိုး သား ချင်း တို့ အ ထဲ ၌ ငါ နှင့် တူ သော ပ ရော ဖက် တ ပါး ကို သင် တို့ အ ဘို့ ပေါ် ထွန်း စေ တော် မူ မည်။ ထို ပ ရော ဖက် ၏ စ ကား ကို နား ထောင် ရ ကြ မည် ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ပြော ဆို သော သူ ကား အ ခြား သူ မ ဟုတ်၊ ထို မော ရှေ ပင် ဖြစ် သ တည်း။
38
ထို သူ သည် တော တွင် ရှိ သော အ စည်း အ ဝေး ၌ ၎င်း၊ သိ နာ တောင် ပေါ် မှာ သူ့ ကို နှုတ် ဆက် သော ကောင်း ကင် တ မန် နှင့် ၎င်း ငါ တို့ အ ဘ များ နှင့် ၎င်း ရှိ ၏။ ထို သူ သည် ငါ တို့ အား အပ် ပေး ခြင်း ငှါ အ သက် ရှင် စေ သော ဗျာ ဒိတ် တော် ကို ခံ လေ ၏။
39
ထို သူ ၏ စ ကား ကို ငါ တို့ အ ဘ များ သည် နား မ ထောင် လို ဘဲ လျက် ပယ် ၍၊
40
ငါ တို့ ရှေ့ မှာ သွား ရ သော ဘု ရား တို့ ကို ငါ တို့ အ ဘို့ လုပ် ပါ။ ငါ တို့ ကို အဲ ဂုတ္တု ပြည် မှ နှုတ် ဆောင် ခဲ့ သော ထို မော ရှေ ၌ အ ဘယ် သို့ ဖြစ် သည် ကို ငါ တို့ မ သိ ဟု အဲ ဂုတ္တု ပြည် သို့ ပြန် ချင် သော စိတ် နှင့် အာ ရုန် ကို ပြော ဆို ကြ ၏။
41
ထို နေ့ ရက် ကာ လ ၌ နွား သ ငယ် ကို လုပ် ၍ ထို ရုပ် တု အား ယဇ် ပူ ဇော် သ ဖြင့် မိ မိ တို့ လက် နှင့် လုပ် သော အ ရာ ၌ ပင် ပျော် မွေ့ ကြ ၏။
42
အ နာ ဂတ္တိ ကျမ်း ၌ လာ သည် ကား၊ အို ဣ သ ရေ လ အ မျိုး၊ သင် တို့ သည် စီ ရင် သော တိ ရစ္ဆာန် နှင့် ယဇ် များ ကို တော ၌ အ နှစ် လေး ဆယ် ပတ် လုံး ငါ့ အား ပူ ဇော် ကြ သ လော။
43
သင် တို့ သည် မော လုပ် ၏ တဲ နှင့် သင် တို့ ဘု ရား ရင် ဖန် ၏ ကြယ် တည်း ဟူ သော ကိုး ကွယ် ဘို့ ရာ မိ မိ တို့ လုပ် သော ပုံ တို့ ကို ဆောင် ရွက် ကြ ပြီ တ ကား။ ထို ကြောင့် ငါ သည် သင် တို့ ကို ဗာ ဗု လုန် မြို့ တ ဘက် သို့ ဆောင် သွား မည် ဟု ကျမ်း လာ ရှိ သည် နှင့် အ ညီ၊ ဘု ရား သ ခင် သည် မျက် နှာ တော် ကို လွှဲ ၍၊ ကောင်း ကင် တန် ဆာ များ တို့ အား ဝတ် ပြု စေ ခြင်း ငှါ ထို သူ တို့ ကို စွန့် ပစ် ထား တော် မူ ၏။
44
မော ရှေ မြင် ရ သော ပုံ နှင့် အ ညီ၊ သက် သေ ခံ တော် မူ ချက် ဌာ ပ နာ ရာ တဲ တော် ကို လုပ် ရ မည် အ ကြောင်း အ မိန့် တော် ရှိ သော သူ မှာ ထား တော် မူ သည် အ တိုင်း၊ ထို တဲ တော် သည် တော တွင် ငါ တို့ အ ဘ များ ၌ ရှိ ၏။
45
နောက် ကျ သော ငါ တို့ အ ဘ များ သည် ထို တဲ တော် ကို တ ပါး အ မျိုး သား တို့ ပိုင် သော မြေ ထဲ သို့ ယော ရှု နှင့် အ တူ ဆောင် သွင်း ကြ ၏။ ထို တ ပါး အ မျိုး သား တို့ ကို ဘု ရား သ ခင် သည် ဒါ ဝိဒ် မင်း လက် ထက် တိုင် အောင် ငါ တို့ အ ဘ များ ထံ မှ နှင် ထုတ် တော် မူ ၏။
46
ထို ဒါ ဝိဒ် သည် ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို ခံ ၍၊ ယာ ကုပ် ၏ ဘု ရား သ ခင် ကျိန်း ဝပ် တော် မူ ဘို့ ရာ အ ရပ် ကို တွေ့ ခြင်း ငှါ တောင့် တ ၏။
47
ရှော လ မုန် သည် လည်း ဗိ မာန် တော် ကို တည် ဆောက် ရ ၏။
48
-
49
-
50
သို့ သော် လည်း ကောင်း ကင် ဘုံ သည် ငါ့ ပလ္လင် ဖြစ် ၏။ မြေ ကြီး သည် ငါ့ ခြေ တင် ရာ ခုံ ဖြစ် ၏။ အ ဘယ် သို့ သော ဗိ မာန် ကို ငါ့ အ ဘို့ တည် ဆောက် ကြ မည် နည်း။ အ ဘယ် အ ရပ် သည် ငါ့ ကျိန်း ဝပ် ရာ အ ရပ် ဖြစ် မည် နည်း။ ငါ့ လက် သည် ဤ အ ရာ အ လုံး စုံ တို့ ကို ဖန် ဆင်း သည် မ ဟုတ် လော ဟု ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ ချက် ကို ပ ရော ဖက် ပြန် ကြား သည် နှင့် အ ညီ၊ အ မြင့် ဆုံး သော ဘု ရား သည် လူ တို့ လက် ဖြင့် လုပ် သော ဗိ မာန် ၌ ကျိန်း ဝပ် တော် မူ သည် မ ဟုတ်။
51
လည် ပင်း ခိုင် မာ ၍ နှ လုံး ဖြင့် ၎င်း၊ နား ဖြင့် ၎င်း အ ရေ ဖျား လှီး ခြင်း ကို မ ခံ သော လူ တို့၊ သင် တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ကို အ စဉ် မ ပြတ် ဆန့် ကျင် ဘက် ပြု လေ့ ရှိ ကြ ၏။ သင် တို့ ဘိုး ဘေး များ ၏ အ လေ့ နှင့် သင် တို့ အ လေ့ တူ ၏။
52
သင် တို့ ဘိုး ဘေး များ သည် အ ဘယ် ပ ရော ဖက် ကို မျှ မ ညှဉ်း ဆဲ ဘဲ နေ သ နည်း။ ဖြောင့် မတ် သော သူ ကြွ လာ တော် မူ မည် အ ကြောင်း အ ရာ ကို ဟော ပြော ပြ ညွှန် သော သူ တို့ ကို ကွပ် မျက် ကြ ၏။ ထို ဖြောင့် မတ် သော သူ ကို ပင် ယ ခု လည်း သင် တို့ သည် အပ် နှံ ၍ အ သေ သတ် ကြ ပြီ။
53
သင် တို့ သည် ကောင်း ကင် တ မန် များ ခင်း ကျင်း သော အား ဖြင့် ပ ညတ် တ ရား တော် ကို ခံ ရ သော် လည်း မ စောင့် မ ရှောက် ကြ ဟု သ တေ ဖန် မြွက် ဆို ၏။
54
ထို စ ကား ကို ကြား လျှင် နှ လုံး ကွဲ ပြတ် မ တတ် ဖြစ် ၍၊ သ တေ ဖန် ၌ အံ သွား ခဲ ကြိတ် ခြင်း ကို ပြု ကြ လေ ၏။
55
သူ သည် လည်း သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် သ ဖြင့်၊ ကောင်း ကင် သို့ စေ့ စေ့ ကြည့် မျှော် ၍ ဘု ရား သ ခင် ၏ ဘုန်း တော် ကို ၎င်း၊ ဘု ရား သ ခင် ၏ လက်ျာ တော် ဘက် ၌ ယေ ရှု ရပ် နေ သည် ကို ၎င်း မြင် လျှင်၊
56
ကြည့် ပါ။ ကောင်း ကင် ဖွင့် လှစ် သည် ကို ၎င်း၊ လူ သား သည် ဘု ရား သ ခင် ၏ လက်ျာ တော် ဘက် ၌ ရပ် နေ သည် ကို ၎င်း ငါ မြင် သည် ဟု ဆို ၏။
57
ထို သူ တို့ သည် ပြင်း စွာ သော အ သံ နှင့် ဟစ် ကြော် ၍ နား ကို ပိတ် ဆို့ လျက် သူ့ ဆီ သို့ ညီ ညွတ် စွာ တ ဟုန် တည်း ပြေး ၍၊
58
မြို့ ပြင် သို့ နှင် ထုတ် ပြီး မှ ကျောက် ခဲ နှင့် ပစ် ကြ ၏။ သက် သေ ခံ တို့ သည် လည်း မိ မိ တို့ အ ဝတ် ကို ရှော လု အ မည် ရှိ သော လု လင် ၏ ခြေ ရင်း ၌ ထား ကြ ၏။
59
ကျောက် ခဲ နှင့် ပစ် ကြ စဉ် သ တေ ဖန် သည် ပ ဌ နာ ပြု လျက်၊ သ ခင် ယေ ရှု၊ အ ကျွန်ုပ် ၏ ဝိ ညာဉ် ကို သိမ်း ယူ တော် မူ ပါ ဟု လျှောက် ဆို ၏။
60
ဒူး ထောက် လျက်၊ သ ခင်၊ ဤ သူ တို့ ပြု သော ဒု စ ရိုက် အ ပြစ် ကို မှတ် တော် မ မူ ပါ နှင့် ဟု ကြီး သော အ သံ နှင့် ကြွေး ကြော် ပြီး မှ ကျိန်း စက် လေ ၏။ သူ့ ကို ကွပ် မျက် သော အ မှု ကို ရှော လု သည် လည်း ဝန် ခံ လျက် ရှိ ၏။