ရှင်ယောဟန်-18

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို သို့ မိန့် မြွက် တော် မူ ပြီး မှ ယေ ရှု သည် တ ပည့် တော် တို့ နှင့် အ တူ ကေ ဒြုန် ချောင်း တ ဘက် သို့ ကြွ ၍၊ ထို အ ရပ် ၌ ရှိ သော ဥ ယျာဉ် သို့ ဝင် တော် မူ ၏။
  • 2 ထို အ ရပ် သို့ ယေ ရှု သည် တ ပည့် တော် တို့ နှင့် အ တူ သွား မြဲ ရှိ သော ကြောင့်၊ ကိုယ် တော် ကို အပ် နှံ သော ယု ဒ ရှ ကာ ရုတ် သည် ထို အ ရပ် ကို သိ သည် ဖြစ် ၍၊
  • 3 စစ် သူ ရဲ တ တပ် ကို ၎င်း၊ ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် ဖာ ရိ ရှဲ တို့ စေ လွှတ် သော မင်း လု လင် တို့ ကို ၎င်း ခေါ် ခဲ့ ၍၊ မီး အိမ်၊ မီး ရှူး၊ လက် နက် တို့ ကို လက် စွဲ လျက် လာ ကြ ၏။
  • 4 ယေ ရှု သည် ကိုယ် ၌ ဖြစ် လ တံ့ သ မျှ သော အ မှု အ ရာ တို့ ကို သိ တော် မူ လျက်၊ လာ သော သူ တို့ ဆီ သို့ သွား ၍ အ ဘယ် သူ ကို ရှာ ကြ သ နည်း ဟု မေး တော် မူ ၏။
  • 5 နာ ဇ ရက် မြို့ သား ယေ ရှု ကို ရှာ ကြ သည် ဟု ဆို လျှင်၊ ယေ ရှု က၊ ငါ သည် ထို သူ ဖြစ် ၏ ဟု မိန့် တော် မူ ၏။ ကိုယ် တော် ကို အပ် နှံ သော ယု ဒ ရှ ကာ ရုတ် သည် လည်း ထို သူ တို့ နှင့် အ တူ ရပ် နေ ၏။
  • 6 ငါ သည် ထို သူ ဖြစ် ၏ ဟု မိန့် တော် မူ လျှင်၊ ထို သူ တို့ သည် နောက် သို့ လှန် ၍ မြေ ပေါ် မှာ လဲ ကြ ၏။
  • 7 အ ဘယ် သူ ကို ရှာ ကြ သ နည်း ဟု တ ဖန် မေး တော် မူ လျှင်၊ နာ ဇ ရက် မြို့ သား ယေ ရှု ကို ရှာ ကြ သည် ဟု ထို သူ တို့ သည် ဆို ကြ ၏။
  • 8 ယေ ရှု က လည်း၊ ငါ သည် ထို သူ ဖြစ် ၏ ဟု ငါ ပြော ပြီ။ သို့ ဖြစ် ၍ ငါ့ ကို ရှာ လျှင် ဤ သူ တို့ သည် သွား ပါ လေ စေ ဟု မိန့် တော် မူ ၏။
  • 9 ကိုယ် တော် သည် အ ကျွန်ုပ် အား ပေး တော် မူ သော သူ တို့ တွင် အ ဘယ် သူ မျှ ပျက် စီး ခြင်း သို့ မ ရောက် ပါ ဟူ သော အ ထက် စ ကား တော် ကို ပြည့် စုံ စေ ခြင်း ငှါ ဤ သို့ မိန့် တော် မူ ၏။
  • 10 ထို အ ခါ ရှိ မုန် ပေ တ ရု သည် မိ မိ ၌ ပါ သော ထား ကို ဆွဲ ထုတ် ပြီး လျှင် ယဇ် ပု ရော ဟိတ် မင်း ၏ ကျွန် တ ယောက် ကို ခုတ် သ ဖြင့် လက်ျာ နား ရွက် ပြတ် လေ ၏။ ထို ကျွန် ၏ အ မည် ကား မာ လ ခု ဖြစ် သ တည်း။
  • 11 ယေ ရှု က လည်း၊ ထား ကို အိမ် ၌ သွင်း ထား လော့။ ခ မည်း တော် သည် ငါ့ အား ပေး တော် မူ သော ခွက် ကို ငါ မ သောက် ရာ သ လော ဟု ပေ တ ရု အား မိန့် တော် မူ ၏။
  • 12 ထို အ ခါ တပ် မှူး မှ စ ၍ စစ် သူ ရဲ တို့ နှင့် ယု ဒ မင်း လု လင် တို့ သည် ယေ ရှု ကို ဘမ်း ဆီး ၍ ချည် နှောင် ပြီး လျှင် အန္နတ် မင်း ထံ သို့ ရှေ့ ဦး စွာ ယူ သွား ကြ ၏။
  • 13 အန္နတ် မင်း ကား၊ ထို နှစ် တွင် ယဇ် ပု ရော ဟိတ် မင်း ဖြစ် သော က ယာ ဖ ၏ ယောက္ခ မ ဖြစ် သ တည်း။
  • 14 ထို က ယာ ဖ ကား၊ လူ တ ယောက် သည် လူ များ တို့ အ တွက် ပျက် စီး သော် သာ ၍ ကောင်း သည် ဟု ယု ဒ လူ တို့ နှင့် တိုင် ပင် ပြော ဆို သော သူ ပေ တည်း။
  • 15 ရှိ မုန် ပေ တ ရု နှင့် အ ခြား သော တ ပည့် တော် တ ယောက် သည် ယေ ရှု နောက် တော် သို့ လိုက် ကြ ၏။ ထို တ ပည့် တော် သည် ယဇ် ပု ရော ဟိတ် မင်း ၏ အ သိ အ ကျွမ်း ဖြစ် ၍၊ ယေ ရှု နှင့် တ ကွ ယဇ် ပု ရော ဟိတ် မင်း ၏ အိမ် ဦး ထဲ သို့ ဝင် လေ ၏။
  • 16 ပေ တ ရု မူ ကား ပြင် ၌ တံ ခါး နား မှာ ရပ် နေ ၏။ ထို ကြောင့် ယဇ် ပု ရော ဟိတ် မင်း နှင့် အ ကျွမ်း ဝင် သော တ ပည့် တော် သည် ထွက် ၍ တံ ခါး စောင့် မိန်း မ အား ပြော ပြီး မှ ပေ တ ရု ကို သွင်း လေ ၏။
  • 17 တံ ခါး စောင့် မိန်း မ က ပေ တ ရု အား၊ သင် သည် ထို သူ ၏ တ ပည့် တို့ အ ဝင် ဖြစ် သည် မ ဟုတ် လော ဟု ဆို လျှင်၊ မ ဟုတ် ဘူး ဟု ပေ တ ရု ငြင်း လေ ၏။
  • 18 ထို ကာ လ ၌ ချမ်း သော ကြောင့် ကျွန် များ နှင့် မင်း လု လင် များ တို့ သည် မီး ခဲ ပုံ ကို ထည့် ၍ မီး လှုံ လျက် နေ ကြ ၏။ ပေ တ ရု သည် လည်း သူ တို့ နှင့် တ ကွ ရပ် ၍ မီး လှုံ လျက် နေ ၏။
  • 19 ထို အ ခါ ယဇ် ပု ရော ဟိတ် မင်း သည် တ ပည့် တော် တို့ ကို ၎င်း၊ ဒေ သ နာ တော် ကို ၎င်း အ ကြောင်း ပြု ၍ ယေ ရှု ကို မေး မြန်း စစ် ကြော ၏။
  • 20 ယေ ရှု က လည်း၊ ငါ သည် လော က ၌ ထင် ရှား စွာ ဟော ပြော ပြီ။ ယု ဒ လူ အ ပေါင်း တို့ စည်း ဝေး ရာ တ ရား စ ရပ် ၌ ၎င်း၊ ဗိ မာန် တော် ၌ ၎င်း၊ အ စဉ် မ ပြတ် ဆုံး မ ဩ ဝါ ဒ ပေး ပြီ။ မ ထင် ရှား ဘဲ အ လျှင်း မ ဟော မ ပြော။
  • 21 အ ဘယ် ကြောင့် ငါ့ ကို မေး မြန်း သ နည်း။ ငါ သည် အ ဘယ် သို့ ဟော ပြော သည် ကို ကြား နာ သော သူ တို့ ကို မေး မြန်း လော့။ ငါ ပြော သော စ ကား ကို ထို သူ တို့ သည် သိ ကြ ၏ ဟု မိန့် တော် မူ ၏။
  • 22 ထို သို့ မိန့် တော် မူ လျှင်၊ အ နီး အ ပါး ၌ ရပ် နေ သော မင်း လု လင် တ ယောက် က၊ သင် သည် ယဇ် ပု ရော ဟိတ် မင်း ကို ဤ သို့ ပြန် ပြော ရာ သ လော ဟု ဆို လျက် ယေ ရှု ကို ရိုက် လေ ၏။
  • 23 ယေ ရှု က လည်း၊ ငါ့ စ ကား မ မှန် လျှင် မ မှန် ကြောင်း ကို ပြ ပါ။ မှန် လျှင် ငါ့ ကို အ ဘယ် ကြောင့် ရိုက် သ နည်း ဟု မိန့် တော် မူ ၏။
  • 24 အန္နတ် မင်း သည် ကိုယ် တော် ကို ချည် နှောင် လျက် ရှိ သည် အ တိုင်း၊ ယဇ် ပု ရော ဟိတ် မင်း က ယာ ဖ ထံ သို့ ပို့ စေ ခဲ့ ပြီ။
  • 25 ရှိ မုန် ပေ တ ရု သည် ရပ် ၍ မီး လှုံ လျက် နေ သည် တွင် အ ချို့ သော သူ တို့ က၊ သင် သည် သူ ၏ တ ပည့် တို့ အ ဝင် ဖြစ် သည် မ ဟုတ် လော ဟု မေး လျှင်၊ မ ဟုတ် ဘူး ဟု ပေ တ ရု ငြင်း လေ ၏။
  • 26 ပေ တ ရု ခုတ် ၍ နား ရွက် ပြတ် သော သူ နှင့် ပေါက် ဘော် တော် သော ယဇ် ပု ရော ဟိတ် မင်း ၏ ကျွန် တ ယောက် က၊ သင် သည် ဥ ယျာဉ် ၌ ယေ ရှု နှင့် အ တူ ရှိ သည် ကို ငါ မြင် ခဲ့ ပြီ မ ဟုတ် လော ဟု ဆို လျှင်၊
  • 27 ပေ တ ရု သည် တ ဖန် ငြင်း ပြန် လေ ၏၊ ထို ခ ဏ ခြင်း တွင် ကြက် တွန် ၏။
  • 28 နံ နက် အ ချိန် ရောက် လျှင်၊ ယေ ရှု ကို က ယာ ဖ ထံ မှ အိမ် တော် ဦး သို့ ဆောင် သွား ကြ ၏။ ထို သူ တို့ သည် အာ ပတ် နှင့် ကင်း လွတ် ၍ ပ သ ခါ ပွဲ ကို ခံ ရ မည် အ ကြောင်း၊ အိမ် တော် ဦး ထဲ သို့ ကိုယ် တိုင် မ ဝင် ကြ။
  • 29 ထို ကြောင့် ပိ လတ် မင်း သည် သူ တို့ ရှိ ရာ သို့ ထွက် ၍ ဤ သူ ၌ အ ဘယ် အ ပြစ် ကို တင် ကြ သ နည်း ဟု မေး သော်၊
  • 30 ဤ သူ သည် လူ ဆိုး မ ဟုတ် လျှင် အ ကျွန်ုပ် တို့ သည် ကိုယ် တော် ၌ မ အပ် ပါ ဟု လျှောက် ကြ ၏။
  • 31 ပိ လတ် မင်း က လည်း၊ သူ့ ကို ယူ ၍ သင် တို့ ဓမ္မ သတ် အ တိုင်း စီ ရင် ကြ ဟု ဆို ၏။ ယု ဒ လူ တို့ က လည်း၊ အ ကျွန်ုပ် တို့ သည် အ ဘယ် သူ ကို မျှ မ သတ် ပိုင် ပါ ဟု လျှောက် ကြ ၏။
  • 32 ထို သို့ လျှောက် သော်၊ ယေ ရှု သည် အ ဘယ် သို့ မိ မိ သေ ရ မည် အ ရိပ် ကို ပေး ၍၊ မိန့် တော် မူ သော စ ကား တော် ပြည့် စုံ မည် အ ကြောင်း တည်း။
  • 33 ပိ လတ် မင်း သည် အိမ် တော် ဦး ထဲ သို့ တ ဖန် ဝင် ၍ ယေ ရှု ကို ခေါ် ပြီး လျှင်၊ သင် သည် ယု ဒ ရှင် ဘု ရင် မှန် သ လော ဟု မေး ၏။
  • 34 ယေ ရှု က လည်း၊ မင်း ကြီး သည် ကိုယ် အ လို အ လျောက် ဤ သို့ မေး သ လော။ သို့ မ ဟုတ် သူ တ ပါး တို့ သည် ငါ ၏ အ ကြောင်း ကို လျှောက် ကြ ပြီ လော ဟု မေး တော် မူ ၏။
  • 35 ပိ လတ် မင်း က၊ ငါ သည် ယု ဒ လူ ဖြစ် သ လော။ သင် ၏ လူ မျိုး နှင့် တ ကွ ယဇ် ပု ရော ဟိတ် အ ကြီး တို့ သည် သင့် ကို ငါ ၌ အပ် ကြ ပြီ။ သင် သည် အ ဘယ် သို့ ပြု မိ သ နည်း ဟု မေး လျှင်၊
  • 36 ယေ ရှု က၊ ငါ ၏ နိုင် ငံ သည် ဤ လော က နှင့် မ စပ် ဆိုင်။ ငါ ၏ နိုင် ငံ သည် ဤ လော က နှင့် စပ် ဆိုင် လျှင်၊ ငါ သည် ယု ဒ လူ တို့ လက် သို့ မ ရောက် စေ ခြင်း ငှါ ငါ ၏ လူ တို့ သည် တိုက် လှန် ကြ လိမ့် မည်။ ယ ခု မူ ကား ငါ ၏ နိုင် ငံ သည် ဤ ဒေ သ အ ရပ် နှင့် မ စပ် ဆိုင် ဟု မိန့် တော် မူ ၏။
  • 37 ပိ လတ် မင်း က လည်း၊ သို့ ဖြစ် လျှင် သင် သည် ရှင် ဘု ရင် မှန် သ လော ဟု မေး သော်၊ ယေ ရှု က၊ မင်း ကြီး မေး သည် အ တိုင်း ငါ သည် ရှင် ဘု ရင် မှန် ၏။ သမ္မာ တ ရား ဘက် ၌ သက် သေ ခံ ခြင်း ငှါ ငါ သည် မွေး ဘွား ခြင်း ကို ခံ ၍ ဤ လော က သို့ ကြွ လာ ပြီ။ သမ္မာ တ ရား နှင့် စပ် ဆိုင် သ မျှ သော သူ တို့ သည် ငါ့ စ ကား ကို နား ထောင် ကြ သည် ဟု မိန့် တော် မူ ၏။
  • 38 ပိ လတ် မင်း က လည်း၊ သမ္မာ တ ရား ကား အ ဘယ် သို့ နည်း ဟု မေး ပြီး မှ တ ဖန် ယု ဒလူ တို့ ရှိ ရာ သို့ ထွက် ၍၊ ဤ သူ ၌ အ ဘယ် အ ပြစ် ကို မျှ ငါ မ တွေ့။
  • 39 ပ သ ခါ ပွဲ ၌ လူ တ ယောက် ကို သင် တို့ အား ငါ လွှတ် မြဲ ထုံး စံ ရှိ သည် ဖြစ် ၍၊ ယု ဒ ရှင် ဘု ရင် ကို လွှတ် စေ ချင် သ လော ဟု မေး လျှင်၊
  • 40 တ ဖန် လူ အ ပေါင်း တို့ က၊ ဤ သူ ကို မ လွှတ် စေ ချင် ပါ၊ ဗာ ရဗ္ဗ ကို လွှတ် စေ ချင် ပါ သည် ဟု အော် ဟစ် ၍ လျှောက် ဆို ကြ ၏။ ထို ဗာ ရဗ္ဗ ကား ထား ပြ ဖြစ် သ တည်း။
回到本卷目录 回到本版本目录 回到首页