ရှင်ယောဟန်-14

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် တုံ ယေ ရှု က၊ သင် တို့ စိတ် နှ လုံး ပူ ပန် ခြင်း မ ရှိ စေ နှင့်။ ဘု ရား သ ခင် ကို ယုံ ကြည် ကြ လော့။ ငါ့ ကို လည်း ယုံ ကြည် ကြ လော့။
  • 2 ငါ့ အ ဘ ၏ အိမ် တော် ၌ နေ စ ရာ အ ခန်း အ များ ရှိ ၏။ သို့ မ ဟုတ် လျှင် မ ဟုတ် ကြောင်း ကို သင် တို့ အား ငါ မ ပြော ဘဲ မ နေ။ သင် တို့ နေ စ ရာ အ ရပ် ကို ပြင် ဆင် ခြင်း ငှါ ငါ သွား ရ ၏။
  • 3 ငါ သည် သွား ၍ သင် တို့ နေ စ ရာ အ ရပ် ကို ပြင် ဆင် ပြီး မှ တ ဖန် လာ ပြန် ၍၊ ငါ ရှိ ရာ အ ရပ် ၌ သင် တို့ ရှိ စေ ခြင်း ငှါ သင် တို့ ကို ငါ့ ထံ သို့ သိမ်း ဆည်း မည်။
  • 4 ငါ သည် အ ဘယ် အ ရပ် သို့ သွား သည် ကို ၎င်း၊ လမ်း ခ ရီး ကို ၎င်း၊ သင် တို့ သိ ကြ ၏ ဟု မိန့် တော် မူ ၏။
  • 5 သော မ က လည်း၊ သ ခင်၊ ကိုယ် တော် သည် အ ဘယ် အ ရပ် သို့ သွား တော် မူ သည် ကို အ ကျွန်ုပ် တို့ မ သိ သည် ဖြစ် ၍၊ လမ်း ခ ရီး ကို အ ဘယ် သို့ သိ နိုင် ပါ မည် နည်း ဟု လျှောက် လျှင်၊
  • 6 ယေ ရှု က၊ ငါ သည် လမ်း ခ ရီး ဖြစ် ၏။ သမ္မာ တ ရား လည်း ဖြစ် ၏။ အ သက် လည်း ဖြစ် ၏။ ငါ့ ကို အ မှီ မ ပြု လျှင် အ ဘယ် သူ မျှ ခ မည်း တော် ထံ သို့ မ ရောက် ရ။
  • 7 သင် တို့ သည် ငါ့ ကို သိ လျှင် ငါ့ ခ မည်း တော် ကို မ သိ ဘဲ မ နေ ရ ကြ။ ယ ခု မှ စ ၍ ခ မည်း တော် ကို သိ မြင် ကြ ၏ ဟု မိန့် တော် မူ ၏။
  • 8 ဖိ လိပ္ပု က လည်း၊ သ ခင်၊ ခ မည်း တော် ကို အ ကျွန်ုပ် တို့ အား ပြ တော် မူ ပါ။ ထို သို့ ပြ တော် မူ လျှင် အ ကျွန်ုပ် တို့ အ လို ပြည့် စုံ ပါ မည် ဟု လျှောက် လျှင်၊
  • 9 ယေ ရှု က၊ ဖိ လိပ္ပု၊ ဤ မျှ ကာ လ ပတ် လုံး ငါ သည် သင် တို့ နှင့် အ တူ ရှိ ပြီး မှ သင် သည် ငါ့ ကို မ သိ သေး သ လော။ ငါ့ ကို မြင် သော သူ သည် ခ မည်း တော် ကို မြင် ၏။ သို့ ဖြစ် လျှင်၊ ခ မည်း တော် ကို အ ကျွန်ုပ် တို့ အား ပြ တော် မူ ပါ ဟု သင် သည် အ ဘယ် သို့ ဆို ရ သ နည်း။
  • 10 ငါ သည် ခ မည်း တော် ၌ ရှိ သည် ကို ၎င်း၊ ခ မည်း တော် သည် ငါ ၌ ရှိ တော် မူ သည် ကို ၎င်း မ ယုံ သ လော။ ငါ ဟော ပြော သော စ ကား ကို ကိုယ် အ လို အ လျောက် ငါ ဟော ပြော သည် မ ဟုတ်။ ငါ ပြု သော အ မှု တို့ ကို ကား၊ ငါ ၌ တည် နေ တော် မူ သော ခ မည်း တော် သည် ပြု တော် မူ ၏။
  • 11 ငါ သည် ခ မည်း တော် ၌ ရှိ သည် ကို ၎င်း၊ ခ မည်း တော် သည် ငါ ၌ ရှိ တော် မူ သည် ကို ၎င်း ယုံ ကြ လော့။ ငါ့ စ ကား ကို မ ယုံ လျှင်၊ ငါ့ အ မှု တို့ ကို ထောက် ၍ ယုံ ကြ လော့။
  • 12 ငါ အ မှန် အ ကန် ဆို သည် ကား၊ ငါ့ ကို ယုံ ကြည် သော သူ သည် ငါ ပြု သော အ မှု တို့ ကို ပြု လိမ့် မည်။ ထို အ မှု တို့ ထက် သာ ၍ ကြီး သော အ မှု တို့ ကို လည်း ပြု လိမ့် မည်။ အ ကြောင်း မူ ကား၊ ငါ သည် ခ မည်း တော် ထံ သို့ သွား ၍၊
  • 13 သင် တို့ သည် ငါ ၏ နာ မ ကို အ မှီ ပြု လျက် ဆု တောင်း သ မျှ အ တိုင်း ငါ ပြု မည်။ အ ကြောင်း မူ ကား၊ ခ မည်း တော် သည် သား တော် အား ဖြင့် ဘုန်း ထင် ရှား တော် မူ ခြင်း ရှိ မည် အ ကြောင်း တည်း။
  • 14 သင် တို့ သည် ငါ ၏ နာ မ ကို အ မှီ ပြု ၍ တ စုံ တ ခု သော ဆု ကို တောင်း လျှင်၊ တောင်း သည် အ တိုင်း ငါ ပြု မည်။
  • 15 ငါ့ ကို ချစ် လျှင် ငါ့ ပ ညတ် တို့ ကို စောင့် ရှောက် ကြ လော့။ ငါ သည် ခ မည်း တော် ကို တောင်း ၍၊
  • 16 ခ မည်း တော် သည် သမ္မာ တ ရား ကို ပြ သော ဝိ ညာဉ် တော် တည်း ဟူ သော တ ပါး သော ဥ ပဇ္ဈာယ် ဆ ရာ ကို သင် တို့ နှင့် အ တူ အ စဉ် မ ပြတ် တည် နေ စေ ခြင်း ငှါ သင် တို့ အား ပေး တော် မူ မည်။
  • 17 ထို ဝိ ညာဉ် တော် ကို လော ကီ သား တို့ သည် မ သိ မ မြင် သော ကြောင့် မ ခံ မ ယူ နိုင် ကြ။ ထို ဝိ ညာဉ် တော် သည် သင် တို့ နှင့် အ တူ တည် နေ ၍၊ သင် တို့ ၌ ရှိ တော် မူ သော ကြောင့် သင် တို့ သိ ရ ကြ ၏။
  • 18 ငါ သည် သင် တို့ ကို မိ ဘ မဲ့ ဖြစ် စေ ခြင်း ငှါ စွန့် ပစ် မည် မ ဟုတ်။ သင် တို့ ဆီ သို့ လာ ဦး မည်။
  • 19 ခ ဏ ကြာ ပြီး မှ လော ကီ သား တို့ သည် ငါ့ ကို မ မြင် ရ ကြ။ သင် တို့ မူ ကား မြင် ရ ကြ လိမ့် မည်။ ငါ သည် အ သက် ရှင် သော ကြောင့် သင် တို့ သည် လည်း အ သက် ရှင် ရ ကြ လိမ့် မည်။
  • 20 ငါ သည် ခ မည်း တော် ၌ ရှိ သည် ကို ၎င်း၊ သင် တို့ သည် ငါ ၌ ရှိ သည် ကို ၎င်း၊ ငါ သည် သင် တို့ ၌ ရှိ သည် ကို ၎င်း၊ ထို နေ့ ၌ သင် တို့ သည် သိ ရ ကြ လိမ့် မည်။
  • 21 ငါ့ ပ ညတ် တို့ ကို ရ ၍ စောင့် ရှောက် သော သူ သည် ငါ့ ကို ချစ် သော သူ ဖြစ် ၏။ ငါ့ ကို ချစ် သော သူ ကို ငါ့ ခ မည်း တော် သည် ချစ် တော် မူ မည်။ ငါ သည် လည်း ထို သူ ကို ချစ် ၍ သူ့ အား ကိုယ် တိုင် ထင် ရှား မည် ဟု မိန့် တော် မူ ၏။
  • 22 ယု ဒ ရှ ကာ ရုတ် မ ဟုတ်၊ အ ခြား သော ယု ဒ က၊ သ ခင်၊ ကိုယ် တော် သည် လော ကီ သား တို့ အား မ ထင် ရှား ဘဲ အ ကျွန်ုပ် တို့ အား အ ဘယ် သို့ ထင် ရှား တော် မူ မည် နည်း ဟု မေး လျှောက် ၏။
  • 23 ယေ ရှု က လည်း၊ ငါ့ ကို ချစ် သော သူ သည် ငါ့ စ ကား ကို နား ထောင် လိမ့် မည်။ ငါ့ ခ မည်း တော် သည် ထို သူ ကို ချစ် တော် မူ သည်။ ငါ တို့ သည် လည်း သူ့ ဆီ သို့ ကြွ ၍ နေ ရာ ချ မည်။
  • 24 ငါ့ ကို မ ချစ် သော သူ သည် ငါ့ စ ကား ကို နား မ ထောင်။ သင် တို့ ကြား သော စ ကား သည် ငါ့ စ ကား မ ဟုတ်။ ငါ့ ကို စေ လွှတ် တော် မူ သော ခ မည်း တော် ၏ စ ကား တော် ဖြစ် ၏။
  • 25 ငါ သည် သင် တို့ နှင့် အ တူ ရှိ စဉ် တွင် ဤ စ ကား ကို ပြော ခဲ့ ပြီ။
  • 26 ခ မည်း တော် သည် ငါ့ အ တွက် ကြောင့် စေ လွှတ် တော် မူ သော ဥ ပဇ္ဈာယ် ဆ ရာ တည်း ဟူ သော သန့် ရှင်း သော ဝိ ညာဉ် တော် သည် သင် တို့ အား ခပ် သိမ်း သော အ ရာ တို့ ကို ပြ သ သွန် သင် တော် မူ ၍၊ ငါ ပြော ခဲ့ သ မျှ သော စ ကား တို့ ကို မှတ် မိ သော ဉာဏ် ကို သင် တို့ အား ပေး တော် မူ မည်။
  • 27 ငြိမ် သက် ခြင်း ကို သင် တို့ ၌ ငါ ထား ခဲ့ ၏။ ငါ ၏ ငြိမ် သက် ခြင်း ကို သင် တို့ အား ငါ ပေး ၏။ လော ကီ သား တို့ ပေး သ ကဲ့ သို့ ငါ ပေး သည် မ ဟုတ်။ သင် တို့ စိတ် နှ လုံး ပူ ပန် ခြင်း၊ စိုး ရိမ် တုန် လှုပ် ခြင်း မ ရှိ စေ နှင့်။
  • 28 ငါ သည် ယ ခု သွား သော် လည်း သင် တို့ ဆီ သို့ လာ ဦး မည် ဟု ငါ ပြော သော စ ကား ကို သင် တို့ ကြား ရ ကြ ပြီ။ သင် တို့ သည် ငါ့ ကို ချစ် လျှင် ခ မည်း တော် ထံ သို့ ငါ သွား မည် ကို ဝမ်း မြောက် ကြ လိမ့် မည်။ အ ကြောင်း မူ ကား၊ ငါ့ ခ မည်း တော် သည် ငါ့ ထက် သာ ၍ ကြီး မြတ် တော် မူ ၏။
  • 29 ထို အ မှု အ ရာ ရောက် သော အ ခါ သင် တို့ သည် ယုံ ကြည် စေ ခြင်း ငှါ၊ မ ရောက် မှီ ယ ခု ပင် သင် တို့ အား ငါ ပြော နှင့် ပြီ။
  • 30 ယ ခု မှ စ ၍ ငါ သည် သင် တို့ နှင့် များ စွာ မ ပြော ရ။ အ ကြောင်း မူ ကား၊ ဤ လော က ကို အ စိုး ရ သော မင်း သည် လာ ဆဲ ဖြစ် ၏။ လာ သော် လည်း ငါ ၌ အ ဘယ် အ ခွင့် အ ရာ ကို မျှ မ တွေ့ ရ။
  • 31 ငါ သည် ခ မည်း တော် ကို ချစ် သည် ကို ၎င်း၊ ခ မည်း တော် မှာ တော် မူ သည် အ တိုင်း ငါ ပြု သည် ကို ၎င်း၊ လော ကီ သား တို့ သိ မည် အ ကြောင်း တည်း။ ဤ အ ရပ် မှ ထ ၍ သွား ကြ ကုန် အံ့။
回到本卷目录 回到本版本目录 回到首页