သုတ္တံကျမ်း။-19

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ကောက် လိမ် သော စ ကား ကို သုံး တတ် သော လူ မိုက် ထက်၊ ဖြောင့် မတ် ခြင်း လမ်း သို့ လိုက် သော ဆင်း ရဲ သူ သည် သာ ၍ ကောင်း ၏။
  • 2 စိတ် ဝိ ညာဉ် သည် ပ ညာ အ တတ် မ ရှိ ဘဲ မ နေ ကောင်း။ အ လျင် အ မြန် သွား သော သူ သည် လည်း မှား ယွင်း တတ် ၏။
  • 3 လူ သည် မိုက် သော သ ဘော ကြောင့်၊ လမ်း လွဲ ၍ စိတ် ထဲ မှာ ထာ ဝ ရ ဘု ရား ကို ကဲ့ ရဲ့ ပြစ် တင် တတ် ၏။
  • 4 စည်း စိမ် ရှိ လျှင် အ ဆွေ ခင် ပွန်း များ တတ် ၏။ ဆင်း ရဲ သော သူ မူ ကား၊ မိ မိ အိမ် နီး ချင်း နှင့် မျှ မ ပေါင်း ဘော် ရ။
  • 5 မ မှန် သော သက် သေ သည် အ ပြစ် မ ခံ ဘဲ မ နေ ရ။ မု သာ ကို သုံး သော သူ သည် လည်း ဒဏ် နှင့် မ လွတ် ရ။
  • 6 များ သော သူ တို့ သည် မင်း ကို ဖျောင်း ဖျ တတ် ကြ ၏။ လက် ဆောင် ပေး သော သူ ကို လည်း၊ လူ တိုင်း မိတ် ဆွေ ဖွဲ့ တတ် ၏။
  • 7 ဆင်း ရဲ သော သူ ၏ ညီ အစ် ကို ရှိ သ မျှ တို့ သည် သူ့ ကို မုန်း တတ် ကြ ၏။ သူ ၏ အ ဆွေ ခင် ပွန်း တို့ သည် သူ့ ကို သာ ၍ ဝေး စွာ ရှောင် တတ် ကြ ၏။ လိုက် ၍ ခေါ် သော် လည်း ကွယ် ပျောက် ကြ ပြီ။
  • 8 ပ ညာ ကို ရ သော သူ သည် မိ မိ အ သက် ဝိ ညာဉ် ကို ချစ် ရာ ရောက် ၏။ ဉာဏ် ကို စွဲ လမ်း သော သူ သည် လည်း၊ ကောင်း ကျိုး ကို ခံ တတ် ၏။
  • 9 မ မှန် သော သက် သေ သည် အ ပြစ် မ ခံ ဘဲ မ နေ ရ။ မု သာ ကို သုံး သော သူ သည် လည်း၊ ပျက် စီး ခြင်း သို့ ရောက် လိမ့် မည်။
  • 10 မိုက် သော သူ သည် မ ပျော် မွေ့ သင့်။ ထို မျှ မ က၊ ကျွန် သည် မင်း တို့ ကို အ စိုး မ ရ သင့်။
  • 11 သမ္မာ သ တိ ရှိ သော သူ သည် မိ မိ အ မျက် ဒေါ သ ကို ချုပ် တည်း တတ် ၏။ သူ တ ပါး ပြစ် မှား ခြင်း ကို သည်း ခံ သော သူ သည် လည်း ဘုန်း အ သ ရေ ရှိ ၏။၊
  • 12 ရှင် ဘု ရင် ၏ အ မျက် တော် သည် ခြင်္သေ့ ဟောက် သ ကဲ့ သို့ ဖြစ် ၏။ ကျေး ဇူး တော် မူ ကား၊ မြက် ပေါ် မှာ ကျ သော နှင်း ရည် ကဲ့ သို့ ဖြစ် ၏။
  • 13 မိုက် သော သား သည် အ ဘ ဆင်း ရဲ စ ရာ အ ကြောင်း ဖြစ် ၏။ ရန် တွေ့ တတ် သော မ ယား သည် လည်း၊ အ စက် စက် ကျ သော မိုဃ်း ပေါက် နှင့် တူ ၏။
  • 14 အိမ် နှင့် စည်း စိမ် သည် မိ ဘ အ မွေ ဥစ္စာ ဖြစ် ၏။ သမ္မာ သ တိ ရှိ သော မ ယား မူ ကား၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ ရာ ဖြစ် ၏။
  • 15 ပျင်း ရိ သော သ ဘော သည် လွန် ကျူး စွာ အိပ် ပျော် စေ ၍၊ ပျင်း ရိ သော သူ သည် အ ငတ် ခံ ရ ၏။
  • 16 ပ ညတ် တ ရား ကို စောင့် သော သူ သည် မိ မိ အ သက် ဝိ ညာဉ် ကို စောင့် ရာ ရောက် ၏။ မိ မိ သွား ရာ လမ်း တို့ ကို မ ထီ လေး စား ပြု သော သူ မူ ကား၊ အ သေ ခံ ရ ၏။
  • 17 ဆင်း ရဲ သား ကို သ နား သော သူ သည် ထာ ဝ ရ ဘု ရား အား ချေး ငှါး သော သူ ဖြစ် ၍၊ သူ ပြု သော အ မှု ၏ အ ကျိုး ကို ဆပ် ပေး တော် မူ လိမ့် မည်။
  • 18 မြော် လင့် စ ရာ ရှိ စဉ် အ ခါ၊ ကိုယ် သား ကို ဆုံး မ လော့။ သူ့ ကို အ ကျိုး နည်း အောင် သ နား သော စိတ် မ ရှိ စေ နှင့်။
  • 19 ဒေါ သ အ မျက် ကြီး သော သူ သည် အ ပြစ် ဒဏ် ကို ခံ ရ လိမ့် မည်။ သူ့ ကို ကယ် နှုတ် လျှင် အ ဖန် ဖန် ကယ် နှုတ် ရ မည်။
  • 20 နောက် ဆုံး ကာ လ ၌ ပ ညာ ရှိ ဖြစ် လို သော ငှါ၊ ဆုံး မ သော စ ကား ကို နား ထောင် ၍ နည်း ဥ ပ ဒေ သ ကို ခံ ယူ လော့။
  • 21 လူ သည် အ ထူး ထူး အ ပြား ပြား ကြံ စည် တတ် ၏။ သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား ၏ အ ကြံ တော် သည် တည် လိမ့် မည်။
  • 22 လူ သည် စေ တ နာ ရှိ လျှင် ကျေး ဇူး ပြု ရာ ရောက် ၏။ ဆင်း ရဲ သော သူ သည် လည်း၊ မု သာ သုံး သော သူ ထက် သာ ၍ ကောင်း ၏။
  • 23 ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော သ ဘော သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သည် ဖြစ် ၍၊ ထို သ ဘော ရှိ သော သူ သည် အ လို ဆန္ဒ ပြည့် စုံ လျက် ရှိ ၍၊ ဘေး ဥ ပဒ် နှင့် ကင်း လွတ် လိမ့် မည်။
  • 24 ပျင်း ရိ သော သူ သည် မိ မိ လက် ကို အိုး ၌ သွင်း သော် လည်း တ ဖန် နှုတ် ၍ မိ မိ ပ စပ် သို့ မ ခွံ့ လို။
  • 25 မ ထီ မဲ့ မြင် ပြု သော သူ ကို ရိုက် လျှင် ဉာဏ် တိမ် သော သူ သည် သ တိ ရ လိမ့် မည်။ ဉာဏ် ကောင်း သော သူ ကို ဆုံး မ လျှင်၊ သူ သည် ပ ညာ တ ရား ကို နား လည် လိမ့် မည်။
  • 26 အ ဘ ဥစ္စာ ကို ဖြုန်း ၍ အ မိ ကို နှင် ထုတ် သော သား သည် အ ရှက် ခွဲ သော သား၊ ကဲ့ ရဲ့ ခြင်း ကို ခံ စေ သော သား ဖြစ် ၏။
  • 27 ငါ့ သား၊ ပ ညာ တ ရား ကို ပယ် စေ ခြင်း ငှါ၊ သွန် သင် သော သူ ၏ စ ကား ကို နား မ ထောင် နှင့်။
  • 28 အ ဓမ္မ သက် သေ သည် တ ရား ကို မ ထီ မဲ့ မြင် ပြု တတ် ၏။ မ တ ရား သော သူ သည် လည်း၊ ဒု စ ရိုက် ကို စား ၍ မျို တတ် ၏။
  • 29 မ ထီ မဲ့ မြင် ပြု သော သူ တို့ အ ဘို့ အ ပြစ် စီ ရင် ခြင်း၊ မိုက် သော သူ တို့ ၏ ကျော အ ဘို့ ဒဏ် ပေး ခြင်း သည် အ သင့် ရှိ ၏။
回到本卷目录 回到本版本目录 回到首页