ထွက်​မြောက်-40

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် ထာ ဝ ရ ဘု ရား သည်၊ မော ရှေ အား မိန့် တော် မူ သည် ကား၊
  • 2 သင် သည် ပ ဌ မ လ၊ ပ ဌ မ နေ့ ၌ ပ ရိ သတ် စည်း ဝေး ရာ တဲ တော် ကို ဆောက် ရ မည်။
  • 3 တဲ တော် အ ထဲ ၌၊ သက် သေ ခံ ချက် သေတ္တာ ကို သွင်း ထား ၍၊ အ တွင်း ကု လား ကာ ဖြင့် ကွယ် ကာ ရ မည်။
  • 4 စား ပွဲ ကို လည်း သွင်း ၍၊ စား ပွဲ ပေါ် မှာ ပြင် ဆင် ရ သ မျှ တို့ ကို ပြင် ဆင် ရ မည်။ မီး ခုံ ကို လည်း သွင်း ၍၊ မီး ခွက် တို့ ကို ထွန်း ရ မည်။
  • 5 နံ့ သာ ပေါင်း ရှို့ ရာ ရွှေ ပလ္လင် ကို သက် သေ ခံ ချက် သေတ္တာ ရှေ့ ၌ တည် ထား ၍၊ တဲ တော် တံ ခါး ဝ ကာ သော ကု လား ကာ ကို ဆွဲ ကာ ရ မည်။
  • 6 ယဇ် ကောင် ရှို့ ရာ ပလ္လင် ကို လည်း၊ ပ ရိ သတ် စည်း ဝေး ရာ တဲ တော် တံ ခါး ရှေ့ ၌ တည် ထား ရ မည်။
  • 7 အင် တုံ ကို လည်း ပ ရိ သတ် စည်း ဝေး ရာ တဲ တော် နှင့် ယဇ် ပလ္လင် စပ် ကြား မှာ တည် ထား ၍၊ အင် တုံ ၌ ရေ ကို ထည့် ရ မည်။
  • 8 တဲ တော် ပတ် လည် ဝင်း ကို ထူ ၍၊ ဝင်း တံ ခါး ဝ ကာ သော ကု လား ကာ ကို ဆွဲ ကာ ရ မည်။
  • 9 လိမ်း ရန် ဆီ ကို ယူ ၍၊ တဲ တော် နှင့် တဲ တော် ၌ ရှိ သ မျှ တို့ ကို လိမ်း သ ဖြင့်၊ တဲ တော် နှင့် တဲ တော် တန် ဆာ ရှိ သ မျှ တို့ ကို သန့် ရှင်း စေ ရ မည်။ ထို သို့ တဲ တော် သည် သန့် ရှင်း ရ လိမ့် မည်။
  • 10 ယဇ် ကောင် ရှို့ ရာ ပလ္လင် နှင့် တန် ဆာ ရှိ သ မျှ တို့ ကို လိမ်း ၍ သန့် ရှင်း စေ သ ဖြင့်၊ ထို ပလ္လင် သည် အ လွန် သန့် ရှင်း သော ပလ္လင် ဖြစ် ရ မည်။
  • 11 အင် တုံ နှင့် ခြေ ထောက် ကို လည်း လိမ်း ၍ သန့် ရှင်း စေ ရ မည်။
  • 12 အာ ရုန် နှင့် သူ ၏ သား တို့ ကို၊ ပ ရိ သတ် စည်း ဝေး ရာ တဲ တော် တံ ခါး နား သို့ ခေါ် ခဲ့ ၍ ရေ ချိုး ရ မည်။
  • 13 အာ ရုန် သည် ငါ့ ရှေ့ ၌၊ ယဇ် ပု ရော ဟိတ် အ မှု ကို ဆောင် ရွက် မည် အ ကြောင်း၊ သန့် ရှင်း သော အ ဝတ် နှင့် ဝတ် စေ ၍ ဆီ လိမ်း သ ဖြင့် သန့် ရှင်း စေ ရ မည်။
  • 14 သူ ၏ သား တို့ သည် လည်း ငါ့ ရှေ့ ၌ ယဇ် ပု ရော ဟိတ် အ မှု ကို ဆောင် ရွက် မည် အ ကြောင်း၊ သူ တို့ ကို ခေါ် ခဲ့ ၍ အင်္ကျီ ကို ဝတ် စေ လျက်၊ သူ တို့ အ ဘ ကို ဆီ လိမ်း သ ကဲ့ သို့၊ သူ တို့ ကို ဆီ လိမ်း ရ မည်။
  • 15 အ ကယ် စင် စစ် သူ တို့ ဆီ လိမ်း ခြင်း ဘိ သိက် သည် သား စဉ် မြေး ဆက် ပတ် လုံး၊ ထာ ဝ ရ ယဇ် ပု ရော ဟိတ် အ ရာ ဖြစ် သ တည်း ဟု၊
  • 16 ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ အ တိုင်း မော ရှေ ပြု လေ ၏။
  • 17 သက္က ရာဇ် နှစ် ခု၊ ပ ဌ မ လ၊ ပ ဌ မ နေ့ ၌ မော ရှေ သည် တဲ တော် ကို ဆောက် လေ ၏။
  • 18 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ ခြေ စွပ် များ ကို နေ ရာ ချ ၍၊ ပျဉ် ပြား များ ကို ထောင် ပြီး လျှင်၊ ကန့် လန့် ကျင် များ ကို လျှို ၍၊ တိုင် တို့ ကို ထူ လေ ၏။
  • 19 တဲ တော် အ ပေါ် မှာ တဲ ကို ဖြန့် မိုး ၍ ထို တဲ အ ပေါ် မှာ လည်း အ ထပ် ထပ် မိုး ပြန် လေ ၏။
  • 20 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ သက် သေ ခံ ချက် ကို သေတ္တာ ထဲ မှာ သွင်း ထား ၍၊ သေတ္တာ ကွင်း တို့ ၌ ထမ်း ဘိုး ကို လျှို ၍၊ သေတ္တာ ပေါ် အ ဖုံး ကို တင် ပြီး မှ၊
  • 21 သေတ္တာ ကို တဲ တော် ၌ သွင်း ၍ ကွယ် ကာ ရာ အ တွင်း ကု လား ကာ ကို ကာ ထား သ ဖြင့်၊ သက် သေ ခံ ချက် သေတ္တာ ကို ကွယ် ကာ လေ ၏။
  • 22 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ စား ပွဲ ကို လည်း ပ ရိ သတ် စည်း ဝေး ရာ တဲ တော် အ တွင်း မြောက် ဘက် နား ကု လား ကာ ပြင် မှာ ထား ၍၊
  • 23 စား ပွဲ ပေါ် မှာ ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ မုန့် ကို ပြင် ဆင် လေ ၏။
  • 24 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ မီး ခုံ ကို လည်း ပ ရိ သတ် စည်း ဝေး ရာ တဲ တော် အ တွင်း၊ တောင် ဘက် နား စား ပွဲ ဆိုင် ရာ တွင် ထား ၍၊
  • 25 ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ မီး ခွက် များ ကို ထွန်း လေ ၏။
  • 26 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ ရွှေ ပလ္လင် ကို လည်း ပ ရိ သတ် စည်း ဝေး ရာ တဲ တော် အ တွင်း၊ ကု လား ကာ ပြင် မှာ ထား ၍၊
  • 27 ထို ပလ္လင် ပေါ် ၌ မွှေး သော နံ့ သာ ပေါင်း ကို မီး ရှို့ လေ ၏။
  • 28 တဲ တော် တံ ခါး ဝ ၌ လည်း၊ ကု လား ကာ ကို ဆွဲ ကာ လေ ၏။
  • 29 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ မီး ရှို့ ရာ ယဇ် ပလ္လင် ကို လည်း၊ ပ ရိ သတ် စည်း ဝေး ရာ တဲ တော် တံ ခါး ရှေ့ မှာ ထား ၍၊ ထို ပလ္လင် ပေါ် ၌ မီး ရှို့ ရာ ယဇ် ကို ၎င်း၊ ဘော ဇဉ် ပူ ဇော် သက္ကာ ကို ၎င်း ပူ ဇော် လေ ၏။
  • 30 အင် တုံ ကို လည်း ပ ရိ သတ် စည်း ဝေး ရာ တဲ တော် နှင့် ယဇ် ပလ္လင် စပ် ကြား မှာ ထား ၍၊ ဆေး စ ရာ ရေ ကို အင် တုံ ၌ ထည့် လေ ၏။
  • 31 ထာ ဝ ရ ဘု ရား မှာ ထား တော် မူ သည် အ တိုင်း၊ မော ရှေ နှင့် အာ ရုန် မှ စ ၍ သူ ၏ သား တို့ သည် ပ ရိ သတ် စည်း ဝေး ရာ တဲ တော် အ ထဲ သို့ ဝင် သော် ၎င်း၊
  • 32 ယဇ် ပလ္လင် အ နီး သို့ ချဉ်း ကပ် သော် ၎င်း၊ လက် ခြေ တို့ ကို ဆေး ရ ကြ ၏။
  • 33 တဲ တော် နှင့် ယဇ် ပလ္လင် ပတ် လည် ဝင်း ကို ထူ ၍၊ ဝင်း တံ ခါး ဝ ၌ ကာ သော ကု လား ကာ ကို ဆွဲ လေ ၏။ ထို သို့ မော ရှေ သည် အ လုပ် ကို ပြီး စီး စေ သ တည်း။
  • 34 ထို အ ခါ မိုဃ်း တိမ် သည် ပ ရိ သတ် စည်း ဝေး ရာ တဲ တော် ကို လွှမ်း မိုး ၍၊ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် သည် တဲ တော် ကို ဖြည့် လေ ၏။
  • 35 ထို သို့ မိုဃ်း တိမ် သည် ပ ရိ သတ် စည်း ဝေး ရာ တဲ တော် အ ပေါ် ၌ နေ သော ကြောင့်၊ မော ရှေ သည် အ ထဲ သို့ မ ဝင် ရ။ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် သည် တဲ တော် ကို ဖြည့် လျက် နေ ၏။
  • 36 ဣ သ ရေ လ အ မျိုး သား တို့ သည် ခ ရီး သွား လေ ရာ ရာ တွင်၊ မိုဃ်း တိမ် သည် တဲ တော် အ ပေါ် မှ ကွာ မြောက် သော အ ခါ ခ ရီး သွား ကြ ၏။
  • 37 မိုဃ်း တိမ် မ ကွာ မ မြောက် လျှင်၊ မ ကွာ မ မြောက် မှီ နေ့ တိုင် အောင်၊ ခ ရီး မ သွား ဘဲ နေ ကြ ၏။
  • 38 ခ ရီး သွား လေ ရာ ရာ တွင် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ရှေ့ မှောက် ၌ ထာ ဝ ရ ဘု ရား ၏ မိုဃ်း တိမ် သည် နေ့ အ ခါ တဲ တော် အ ပေါ် မှာ တည် နေ ၏။ ညဉ့် အ ခါ မီး လျှံ ဖြစ် လျက် တည် နေ လေ သ တည်း။ရှင် မော ရှေ စီ ရင် ရေး ထား သော ထွက် မြောက် ရာ ကျမ်း ပြီး ၏။
回到本卷目录 回到本版本目录 回到首页