ထွက်​မြောက်-33

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် ထာ ဝ ရ ဘု ရား က၊ သင် မှ စ ၍ အဲ ဂုတ္တု ပြည် မှ သင် နှုတ် ဆောင် ခဲ့ သော လူ တို့၊ ဤ အ ရပ် မှ ထွက် ၍ သင် ၏ အ မျိုး အ နွှယ် အား ငါ ပေး မည် ဟု အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် ၌ ငါ ကျိန် ဆို သော ပြည် သို့ သွား ကြ လော့။
  • 2 ကောင်း ကင် တ မန် ကို လည်း သင် တို့ ရှေ့ သို့ ငါ စေ လွှတ် ၍၊ သူ သည် ခါ န နိ လူ၊ အာ မော ရိ လူ၊ ဟိတ္တိ လူ၊ ဖေ ရ ဇိ လူ၊ ဟိ ဝိ လူ၊ ယေ ဗု သိ လူ တို့ ကို နှင် ထုတ် ၍၊
  • 3 နို့ နှင့် ပျား ရည် စီး သော ပြည် သို့ သင် တို့ ကို ပို့ ဆောင် လိမ့် မည်။ သင် တို့ နှင့် အ တူ ငါ ကိုယ် တိုင် မ သွား။ သင် တို့ သည် လည် ပင်း ခိုင် မာ သော လူ မျိုး ဖြစ် သော ကြောင့်၊ လမ်း ၌ သွား စဉ် သင် တို့ ကို ငါ ဖျက် ဆီး မည် စိုး ရိမ် စ ရာ ရှိ သည် ဟု မော ရှေ အား မိန့် တော် မူ ၏။
  • 4 ထို မ ကောင်း သော သိ တင်း ကို လူ များ တို့ သည် ကြား သော အ ခါ၊ ငို ကြွေး မြည် တမ်း လျက် အ ဘယ် သူ မျှ တန် ဆာ မ ဆင် ဘဲ နေ ကြ ၏။
  • 5 အ ကြောင်း မူ ကား၊ ထာ ဝ ရ ဘု ရား က၊ သင် သည် ဣ သ ရေ လ အ မျိုး သား ကို ဆင့် ဆို ရ မည် မှာ၊ သင် တို့ သည် လည် ပင်း ခိုင် မာ သော အ မျိုး ဖြစ် ကြ ၏။ သင် တို့ အ လယ် ၌ ချက် ခြင်း ငါ ပေါ် လာ ၍ ဖျက် ဆီး မည်။ ထို ကြောင့် သင် တို့ ၌ အ ဘယ် သို့ ငါ ပြု ရ မည် ကို ငါ သိ ခြင်း ငှါ၊ သင် တို့ တန် ဆာ များ ကို ချွတ် ကြ လော့ ဟု မော ရှေ အား မိန့် တော် မူ နှင့် သ တည်း။
  • 6 ဣ သ ရေ လ အ မျိုး သား တို့ သည် ဟော ရပ် တောင် ခြေ ရင်း ၌ မိ မိ တို့ တန် ဆာ များ ကို ချွတ် ကြ ၏။
  • 7 မော ရှေ သည် တဲ တော် ကို ယူ ၍ တပ် ပြင် ၌ ခပ် ဝေး ဝေး ဆောက် ပြီး လျှင်၊ ပ ရိ သတ် စည်း ဝေး ရာ တဲ ဟူ ၍ ခေါ် ဝေါ် ၏။ ထာ ဝ ရ ဘု ရား ကို ရှာ သော သူ အ ပေါင်း တို့ သည် တပ် ပြင် ၌ ရှိ သော ပ ရိ သတ် စည်း ဝေး ရာ တဲ တော် သို့ ထွက် သွား ကြ ၏။
  • 8 မော ရှေ သည် တဲ တော် သို့ ထွက် သွား သော အ ခါ၊ လူ အ ပေါင်း တို့ သည် ထ ၍ အ သီး အ သီး မိ မိ တို့ တဲ တံ ခါး ဝ ၌ ရပ် လျက် တဲ တော် အ ထဲ သို့ မော ရှေ ဝင် သည် တိုင် အောင် ကြည့် ရှု လျက် နေ ကြ ၏။
  • 9 မော ရှေ သည် တဲ တော် အ ထဲ သို့ ဝင် ပြီး မှ၊ မိုဃ်း တိမ် တိုင် ဆင်း သက် ၍ တဲ တော် တံ ခါး ဝ ၌ ရပ် သ ဖြင့်၊ ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် နှုတ် ဆက် တော် မူ ၏။
  • 10 တဲ တော် တံ ခါး ဝ ၌ မိုဃ်း တိမ် တိုင် ရပ် နေ သည် ကို မြင် လျှင်၊ လူ အ ပေါင်း တို့ သည် ထ ၍ အ သီး အ သီး မိ မိ တို့ တဲ တံ ခါး ဝ ၌ ကိုး ကွယ် ကြ ၏။
  • 11 ထာ ဝ ရ ဘု ရား သည် အ ဆွေ ခင် ပွန်း ချင်း ကို နှုတ် ဆက် တတ် သည် နည်း တူ၊ မော ရှေ နှင့် မျက် နှာ ချင်း ဆိုင် ၍ နှုတ် ဆက် တော် မူ ၏။ မော ရှေ သည် တပ် ထဲ သို့ ပြန် ဝင် သော အ ခါ၊ သူ ၏ လက် ထောက် နုန် ၏ သား ယော ရှု မည် သော လု လင် သည်၊ တဲ တော် မှ မ ထွက် ဘဲ နေ ၏။
  • 12 မော ရှေ က လည်း၊ ဤ လူ တို့ ကို ပို့ ဆောင် လော့ ဟု ကိုယ် တော် မိန့် တော် မူ သည် တွင်၊ အ ကျွန်ုပ် နှင့် အ တူ အ ဘယ် သူ ကို စေ လွှတ် တော် မူ သည် ကို အ ကျွန်ုပ် မ သိ ရ။ သို့ သော် လည်း ကိုယ် တော် က၊ သင့် ကို သင် ၏ နာ မ ဖြင့် ငါ သိ ၏။ သင် သည် ငါ့ ရှေ့ ၌ မျက် နှာ ရ ပြီ ဟု အ ကျွန်ုပ် အား မိန့် တော် မူ ပြီ။
  • 13 သို့ ဖြစ် ၍ အ ကျွန်ုပ် သည် ရှေ့ တော် ၌ မျက် နှာ ရ လျှင်၊ မျက် နှာ ရ ကြောင်း ကို အ ကျွန်ုပ် သိ ပါ မည် အ ကြောင်း၊ ကိုယ် တော် ၏ လမ်း ကို ပြ တော် မူ ပါ။ ဤ လူ မျိုး သည် ကိုယ် တော် ၏ လူ ဖြစ် ကြောင်း ကို ဆင် ခြင် တော် မူ ပါ၊ အ ကျွန်ုပ် တောင်း ပန် ပါ ၏ ဟု ထာ ဝ ရ ဘု ရား အား လျှောက် ဆို ၏။
  • 14 ငါ ကိုယ် တိုင် သွား ၍ ငြိမ် ဝပ် ခြင်း ချမ်း သာ ကို ပေး မည် ဟု မိန့် တော် မူ ၏။
  • 15 တ ဖန် မော ရှေ က၊ ကိုယ် တော် တိုင် မ သွား လျှင် အ ကျွန်ုပ် တို့ ကို ဤ အ ရပ် မှ ပို့ တော် မ မူ ပါ နှင့်။
  • 16 အ ကျွန်ုပ် နှင့် ကိုယ် တော် ၏ လူ တို့ သည် ရှေ့ တော် ၌ မျက် နှာ ရ သော အ ကြောင်း သည် အ ဘယ် သို့ ထင် ရှား ပါ မည် နည်း။ အ ကျွန်ုပ် တို့ နှင့် ကြွ သွား တော် မူ သော အား ဖြင့် သာ ထင် ရှား ပါ မည် မ ဟုတ် လော။ ထို သို့ အ ကျွန်ုပ် နှင့် ကိုယ် တော် ၏ လူ တို့ သည် မြေ ကြီး ပေါ် မှာ ရှိ သ မျှ သော လူ တို့ နှင့် ခြား နား ရ ပါ မည် ဟု လျှောက် ဆို လျှင်၊
  • 17 ထာ ဝ ရ ဘု ရား က၊ သင် လျှောက် သည် အ တိုင်း ငါ ပြု မည်။ သင် သည် ငါ့ ရှေ့ ၌ မျက် နှာ ရ ပြီ။ သင့် ကို သင် ၏ နာ မ ဖြင့် ငါ သိ ၏ ဟု မော ရှေ အား မိန့် တော် မူ ၏။
  • 18 တ ဖန် တုံ၊ ကိုယ် တော် ၏ ဘုန်း ကို အ ကျွန်ုပ် အား ပြ တော် မူ ပါ။ အ ကျွန်ုပ် တောင်း ပန် ပါ ၏ ဟု လျှောက် လျှင်၊
  • 19 ထာ ဝ ရ ဘု ရား က ငါ ၏ ကောင်း မွန် ခြင်း ရှိ သ မျှ ကို သင့် ရှေ့ ၌ ငါ ရှောက် သွား စေ မည်။ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို လည်း၊ သင့် ရှေ့ ၌ ငါ ကြွေး ကြော် မည်။ ငါ သည် ကျေး ဇူး ပြု လို သော သူ ကို ကျေး ဇူး ပြု မည်။ သ နား လို သော သူ ကို လည်း သ နား မည်။
  • 20 သို့ ရာ တွင် သင် သည် ငါ့ မျက် နှာ ကို မ မြင် နိုင် ရာ။ ငါ့ မျက် နှာ ကို မြင် လျှင် အ သက် ရှင် ရ သော လူ တ စုံ တ ယောက် မျှ မ ရှိ ဟူ ၍ ၎င်း၊
  • 21 ငါ့ အ နား မှာ နေ ရာ တ ခု ရှိ ၏။ သင် သည် ကျောက် ပေါ် မှာ ရပ် ရ မည်။
  • 22 ငါ့ ဘုန်း ရှောက် သွား သော အ ခါ၊ သင့် ကို ကျောက် ကြား ၌ ငါ သွင်း ထား ၍ ငါ ကြွ သွား သည် အ ခိုက်၊ သင့် ကို ငါ့ လက် နှင့် ဖုံး အုပ် မည်။
  • 23 ငါ့ လက် ကို သိမ်း ရုပ် သော အ ခါ၊ ငါ့ ကျော ကို သာ မြင် ရ မည်၊ ငါ့ မျက် နှာ ကို မ မြင် ရ ဟူ ၍ ၎င်း မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页