1
ထာ ဝ ရ ဘု ရား ကို ခို လှုံ သော သူ တို့ သည် မ တုန် မ လှုပ်၊ အ စဉ် အ မြဲ တည် သော ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။
2
တောင် ရိုး တို့ သည် ယေ ရု ရှ လင် မြို့ ကို ဝန်း ရံ သ ကဲ့ သို့၊ ထာ ဝ ရ ဘု ရား သည် မိ မိ လူ တို့ ကို ယ ခု မှ စ ၍၊ ကာ လ အ စဉ် မ ပြတ် ဝန်း ရံ တော် မူ ၏။
3
ဖြောင့် မတ် သော သူ တို့ သည် ဒု စ ရိုက် ကို ပြု သော အ ခွင့် မ ရှိ စေ ခြင်း ငှါ၊ မ တ ရား သော သူ တို့ ၏ လှံ တံ သည် ဖြောင့် မတ် သော သူ တို့ ၏ အ မွေ ခံ ရာ အ ဘို့ အ ပေါ် မှာ မ တည် မ နေ ရ။
4
အို ထာ ဝ ရ ဘု ရား၊ ကောင်း သော သူ၊ သ ဘော ဖြောင့် သော သူ တို့ အား ကျေး ဇူး ပြု တော် မူ ပါ။
5
ကောက် သော လမ်း များ သို့ လွှဲ သွား သော သူ တို့ ကို ကား၊ ထာ ဝ ရ ဘု ရား သည် မ တ ရား သ ဖြင့် ပြု သော သူ တို့ နှင့် အ တူ ထုတ် သွား တော် မူ မည်။ ဣ သ ရေ လ အ မျိုး ၌ ငြိမ် ဝပ် ခြင်း ရှိ ပါ စေ သော။