ဆာ​လံ-122

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ငါ တို့ သည် ထာ ဝ ရ ဘု ရား ၏ အိမ် တော် သို့ သွား ကြ ကုန် အံ့ ဟု သူ တ ပါး တို့ သည် ပြော ကြ သော အ ခါ၊ ငါ သည် ဝမ်း မြောက် ခြင်း ရှိ ၏။
  • 2 အို ယေ ရု ရှ လင် မြို့၊ သင် ၏ တံ ခါး တို့ အ တွင်း ၌ ငါ တို့ သည် ရပ် ၍ နေ ကြ လိမ့် မည်။
  • 3 ယေ ရု ရှ လင် မြို့ သည် စေ့ စပ် သော မြို့ ကဲ့ သို့ တည် ၏။
  • 4 အ မျိုး အ နွှယ် တို့ သည် ထို မြို့ သို့ တက် ကြ ၏။ ဣ သ ရေ လ အ မျိုး ထုံး စံ ရှိ သည် အ တိုင်း၊ ထာ ဝ ရ ဘု ရား ၏ အ မျိုး အ နွှယ် တို့ သည် ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ချီး မွမ်း ခြင်း ငှါ တက် သွား ကြ ၏။
  • 5 ထို မြို့ ၌ တ ရား စီ ရင် ရာ ပလ္လင်၊ ဒါ ဝိဒ် မင်း မျိုး ၏ ရာ ဇ ပလ္လင် တို့ သည် တည် ကြ ၏။
  • 6 ယေ ရု ရှ လင် မြို့ ငြိမ် ဝပ် မည် အ ကြောင်း ဆု တောင်း ကြ လော့။ ထို မြို့ ကို မြတ် နိုး စုံ မက် သော သူ တို့ သည် ချမ်း သာ ရ ကြ ပါ စေ သော။
  • 7 သင် ၏ မြို့ ရိုး အ တွင်း ၌ ငြိမ် ဝပ် ခြင်း၊ သင် ၏ ဘုံ ဗိ မာန် တို့ ၌ ချမ်း သာ ခြင်း ရှိ ပါ စေ သော။
  • 8 သင် ၌ ငြိမ် ဝပ် ခြင်း ရှိ ပါ စေ သော ဟု ငါ သည် ညီ အစ် ကို အ တွက်၊ အ ဆွေ ခင် ပွန်း တို့ အ တွက် ပြော ဆို ပါ မည်။
  • 9 ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ အိမ် တော် ကို ထောက် ၍၊ သင် ၏ အ ကျိုး ကို ရှာ ပါ မည်။
回到本卷目录 回到本版本目录 回到首页