၁ သက်-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 သို့ ရာ တွင် ညီ အစ် ကို တို့၊ အ ချိန် ကာ လ များ အ ကြောင်း သင် တို့ အား ရေး ရန် မ လို။
  • 2 ညဉ့် အ ခါ ခိုး သူ လာ သ ကဲ့ သို့ အ ရှင် ဘု ရား၏ နေ့ ရက် တော် ရောက် လာ မည် ကို သင် တို့ ကိုယ် တိုင် အ သေ အ ချာ သိ ကြ၏။
  • 3 ငြိမ် သက် သည်၊ လုံ ခြုံ သည် ဟု ဆို လျက် နေ ကြ စဉ် ပင် သား ဖွား သော မိန်း မ၌ ဝေ ဒ နာ သင့် ရောက် သည့် နည်း တူ လွတ် ခွင့် မ ရှိ ဘဲ ပျက် စီး ခြင်း ဘေး ရုတ် တ ရက် သင့် ရောက် မည်။
  • 4 ညီ အစ် ကို တို့၊ ထို နေ့ တော် သည် သူ ခိုး ကဲ့ သို့ သင် တို့ ကို အုပ် မိ ရန် မှောင် မိုက် တွင် မ နေ ဘဲ၊
  • 5 ရှိ သ မျှ ပင် အ လင်း ရောက် သူ၊ နေ့ ရောက် သူ များ ဖြစ် ကြ၏။ ညဉ့် နှင့် သော် လည်း ကောင်း၊ မှောင် နှင့် သော် လည်း ကောင်း၊ ငါ တို့ မ ဆိုင် သည် ဖြစ်၍၊
  • 6 အ ခြား သူ တို့ ကဲ့ သို့ မ အိပ် ဘဲ သ တိ နှင့် စောင့် နေ ကြ ကုန် အံ့။
  • 7 အိပ် သော သူ တို့ သည် ညဉ့် အ ခါ အိပ် တတ် ကြ၏။ မူး ယစ် သော သူ တို့ လည်း ညဉ့် အ ခါ မူး ယစ် တတ် ကြ၏။
  • 8 ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။
  • 9 ငါ တို့ ကို အ မျက် တော် ခံ အ ဖြစ် ဘု ရား သ ခင် ခန့် ထား တော် မူ သည် မ ဟုတ်။ နိုး ကြား သည် ဖြစ် စေ၊ အိပ် ပျော် သည် ဖြစ် စေ၊ အ ရှင် ယေ ရှု ခ ရစ် နှင့် အ တူ အ သက် ရှင် နေ စေ ရန် ငါ တို့ အ ဖို့ အ သေ ခံ တော် မူ သော ထို အ ရှင် အား ဖြင့် ကယ် တင် ခံ အ ဖြစ် ခန့် ထား တော် မူ၏။
  • 10
  • 11 သို့ ဖြစ်၍ အ ချင်း ချင်း နှစ် သိမ့် စေ လျက် တစ် ဦး ကို တစ် ဦး ဆောက် တည် ရင်း အ တိုင်း ဆောက် တည် ကြ ဦး လော့။
  • 12 သို့ ရာ တွင် ညီ အစ် ကို တို့၊ သင် တို့ ဘောင် တွင် ဆောင် ရွက် လျက် အ ရှင် ဘု ရား အား ဖြင့် အုပ် ချုပ် ပဲ့ ပြင် သူ တို့ ကို သိ မှတ်၍၊
  • 13 သူ တို့ ပြု သော အ မှု အ တွက် အ ထူး လေး မြတ် ကြည် ညို ကြ စေ ရန် ငါ တို့ တောင်း ပန် ပါ၏။ တစ် ယောက် နှင့် တစ် ယောက် အ သင့် အ တင့် နေ ကြ လော့။
  • 14 ၎င်း ပြင် ညီ အစ် ကို တို့၊ လေ လွင့် သူ တို့ ကို ပဲ့ ပြင် ခြင်း၊ စိတ် လျော့ သူ တို့ ကို တိုက် တွန်း ခြင်း၊ အား နည်း သူ တို့ ကို ထောက် မ ခြင်း၊ သူ ခပ် သိမ်း တို့ အား စိတ် ရှည် ခြင်း များ ကို ပြု ကြ မည့် အ ကြောင်း ငါ တို့ နှိုး ဆော် ပါ၏။
  • 15 မည် သူ မျှ အ ဆိုး အ တွက် အ ဆိုး မ တုံ့ ပြန် ရန် သ တိ မူ၍ အ ချင်း ချင်း တို့ ကောင်း ကျိုး၊ လူ ခပ် သိမ်း တို့ ကောင်း ကျိုး ကို သာ ရှာ ကြ လော့။
  • 16 ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
  • 17
  • 18
  • 19 ဝိ ညာဉ် တော် အ ရှိန် ကို မ သတ် ကြ နှင့်။ ဟော ပြော ဉာဏ် ကို မ ထီ လေး စား မ ပြု ကြ နှင့်။
  • 20
  • 21 အ ရာ ရာ ကို စံ ချ လျက် အ ကောင်း ကို စွဲ ကိုင်၍၊
  • 22 အ ဆိုး ဟူ သ မျှ ကို ကြဉ် ရှောင် လော့။
  • 23 ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ကို ကိုယ် တော် တိုင် လုံး လုံး သန့် ရှင်း စေ တော် မူ ပါ စေ သော။ သင် တို့ နာမ် ဝိ ညာဉ်၊ စိတ် သ ဘော၊ ကိုယ် ခ န္ဓာ သုံး ပါး လုံး ကို ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ သည့် ကာ လ အ ပြစ် မဲ့ အောင် စောင့် ထိန်း တော် မူ ပါ စေ သော။
  • 24 သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
  • 25 ညီ အစ် ကို တို့၊ ငါ တို့ အ ဖို့ ပ ဌ နာ ပြု ကြ လော့။
  • 26 ညီ အစ် ကို ရှိ သ မျှ ကို သန့် ရှင်း စွာ နမ်း ရှုပ် လျက် နှုတ် ဆက် ကြ လော့။
  • 27 ဤ စာ ကို ညီ အစ် ကို ခပ် သိမ်း တို့ အား ဖတ် ပြ ကြ ရန် အ ရှင် ဘု ရား ကို တိုင် တည်၍ ငါ တောင်း ပန်၏။
  • 28 ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။
回到本卷目录 回到本版本目录 回到首页