၁ သက်-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ညီ အစ် ကို တို့၊ သင် တို့ အ တွင်း ငါ တို့ ဝင် ရောက် ကြ သည် မှာ လွယ် လင့် တ ကူ မ ဟုတ်။ သင် တို့ သိ ကြ သည့် အ တိုင်း၊
  • 2 ဖိ လိ ပ္ပိ မြို့ တွင် ညှဉ်း ပန်း ခြင်း၊ အ နာ တ ရ ပြု ခြင်း ခံ ရ ပြီး နောက် ငါ တို့ ဘု ရား သ ခင် အား ဖြင့် ရဲ ရင့်၍ ကြိုး စား အား ထုတ် လျက် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို သင် တို့ အား ကြား ပြော ကြောင်း ကိုယ် တိုင် မှတ် မိ ကြ ၏။
  • 3 ငါ တို့ နှိုး ဆော် ချက် သည် ယောင် မှား ခြင်း၊ ညစ် ညူး ခြင်း မှ မ ဖြစ်၊ လှည့် ဖြား ခြင်း နှင့် လည်း မ ဆိုင်။
  • 4 သ တင်း တော် မြတ် ကြား ပြော ခွင့် လွှဲ အပ် ရန် ဘု ရား သ ခင့် သ ဘော တော် ရှိ သည့် အ တိုင်း ငါ တို့ သည် လူ စိတ် နှင့် မ ဟုတ်။ ငါ တို့ နှ လုံး များ ကို စစ် ဆေး တော် မူ သော ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ ရန် ကြား ပြော ကြ၏။
  • 5 သင် တို့ သိ ကြ သည့် အ တိုင်း မြှောက် ပင့် သော စ ကား နှင့် လည်း ကောင်း၊ ဘု ရား သ ခင် သက် သေ ဖြစ် တော် မူ သည့် အ တိုင်း လော ဘ ရှိ၍ ဟန် ဆောင် သော စိတ် နှင့်လည်း ကောင်း၊ မည် သည့် အ ခါ မျှ မ ရောက်။
  • 6 ခ ရစ် တော်၏ တ မန် တော် များ အ ဖြစ် သြ ဇာ ရှိ သော် လည်း သင် တို့ ဖြစ် စေ၊ အ ခြား သူ တို့ ဖြစ် စေ၊ လူ့ ထံ မှ ဘုန်း အ သ ရေ ကို မ ရှာ။ နို့ စို့ သူ ငယ် တို့ ကို မိ ခင် မွေး မြူ သည့် နည်း တူ သင် တို့ ဘောင် တွင် သိမ် မွေ့ စွာ နေ လျက် သင် တို့ ကို ချစ် ခင် စုံ မက် သ ဖြင့်၊
  • 7
  • 8 ဘု ရား သ ခင့် သ တင်း တော် မြတ် ကို သာ မ က ကိုယ့် အ သက် ကို လည်း ဝေ ပေး လို သော ဆ န္ဒ ရှိ ကြ ၏။
  • 9 ညီ အစ် ကို တို့၊ သင် တို့ အ နက် မည် သူ့ အ ပေါ် တွင် မျှ ဝန် မ ဖြစ် စေ ရန် ငါ တို့ သည် နေ့ ညဉ့် မ ပြတ် လုပ် ကိုင် လျက် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို ကြား ပြော စဉ် ငါ တို့ ကြိုး စား ပင် ပန်း ခံ ခြင်း ကို သင် တို့ သ တိ ရ ကြ ၏။
  • 10 ယုံ ကြည် သော သင် တို့ နှင့် စပ်၍ ငါ တို့ သည် မည် မျှ အ ပြစ် မဲ့ လျက် သန့် ရှင်း ဖြောင့် မတ် စွာ ကျင့် ကြံ ပြု မူ ခဲ့ ကြောင်း သင် တို့ နှင့် ဘု ရား သ ခင် သက် သေ ဖြစ် သည့် အ လျောက်၊
  • 11 နိုင် ငံ တော် နှင့် ဘုန်း တော် ထဲ သို့ ခေါ် ထား တော် မူ သော ဘု ရား သ ခင် နှင့် ထိုက် တန် အောင် ကျင့် ကြံ ပြု မူ ကြ စေ ရန် အ ဘ နှင့် သား သ မီး ကဲ့ သို့ သင် တို့ အ သီး အ သီး အား ငါ တို့ မည် သို့ နှိုး ဆော် တိုက် တွန်း၍ သ တိ ပေး ကြောင်း ကိုယ် တိုင် သိ ကြ၏။
  • 12
  • 13 ၎င်း ပြင် သင် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ငါ တို့ ထံ မှ ကြား နာ ကြ သည့် ကာ လ လူ့ တ ရား အ ဖြစ် မ ဟုတ်။ ဘု ရား သ ခင့် တ ရား တော် မှန် သည့် အ တိုင်း တ ရား တော် အ ဖြစ် ခံ ယူ ကြ သော ကြောင့် ငါ တို့ လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ကို မ ပြတ် ချီး မွမ်း ကြ၏။ ယုံ ကြည် သော ညီ အစ် ကို တို့၊ သင် တို့၌ ထို တ ရား တော် ပြု ပြင် သည် နှင့် အ ညီ၊
  • 14 ခ ရစ် တော် ယေ ရှု၌ တည် နေ သော ယု ဒ ပြည် ရှိ ဘု ရား သ ခင့် အ သင်း တော် များ သည် ယု ဒ လူ မျိုး ချင်း တို့ လက် တွင် ခံ ရ သော ဒု က္ခ မျိုး ကို သင် တို့ လည်း ကိုယ့် လူ မျိုး ချင်း တို့ လက် တွင် ခံ ရ ကြ သည် နှင့်၊ ထို အ သင်း တော် တို့ ပုံ စံ ကို လိုက် ကြ လေ ပြီ။
  • 15 ထို ယု ဒ လူ မျိုး တို့ သည် အ ရှင် ယေ ရှု မှ စ၍ ပ ရော ဖက် တို့ ကို သတ် လျက် ငါ တို့ ကို နှင် ထုတ် သ ဖြင့် ဘု ရား သ ခင် နှစ် သက် တော် မ မူ သူ၊ လူ ခပ် သိမ်း တို့ ကို ဆန့် ကျင် ဘက် ပြု သူ များ ဖြစ် ကြ သည့် ပြင်၊
  • 16 လူ မျိုး ခြား တို့ ကို ကယ် တင် အံ့ သော ငှာ မ ဟော မ ပြော ရ ဟု ငါ တို့ အား မြစ် တား ကြ သ ဖြင့် ကိုယ့် ဒု စ ရိုက် အ စဉ် ဖြည့် လျက် ကိုယ့် အ ပေါ် သို့ အ မျက် တော် ဒဏ် အ ကုန် သင့် ရောက် လေ ပြီ။
  • 17 ညီ အစ် ကို တို့၊ ငါ တို့ သည် စိတ် နှ လုံး အား ဖြင့် မ ဟုတ်။ ကိုယ် ခ န္ဓာ အား ဖြင့် ကာ လ အ နည်း ငယ် သင် တို့ နှင့် ကွဲ ကွာ ရ သော ကြောင့် သင် တို့ မျက် နှာ ကို မြင် ရန် လွန် ကဲ စွာ စိတ် စေ တ နာ ထက် သန် ကြ ၏။
  • 18 ငါ ပေါ လု သည် သင် တို့ ထံ တစ် ကြိမ် နှစ် ကြိမ် ရောက် လို သော် လည်း ငါ တို့ ကို စာ တန် ကန့် ကွက် ၏။
  • 19 ငါ တို့ မျှော် လင့် ရာ အ ကြောင်း၊ ရွှင် လန်း ရာ အ ကြောင်း၊ ဂုဏ် တင် ရာ သ ရ ဖူ မှာ အ သို့ နည်း။ ငါ တို့ အ ရှင် ယေ ရှု ကြွ လာ တော် မူ သည့် ကာ လ ရှေ့ တော် တွင် သင် တို့ ပင် မ ဟုတ် လော။
  • 20 ငါ တို့ အ သ ရေ ရှိ ရန် အ ကြောင်း၊ ရွှင် လန်း ရန် အ ကြောင်း ကား သင် တို့ တည်း။
回到本卷目录 回到本版本目录 回到首页