1
သို့ ဖြစ်၍ ခ ရစ် တော် ကြောင့် နှိုး ဆော် ခြင်း၊ မေ တ္တာ တ ရား ကြောင့် တိုက် တွန်း ခြင်း၊ ဝိ ညာဉ် တော် နှင့် ပေါင်း သင်း ဆက် ဆံ ခြင်း၊ အ သည်း စွဲ သ နား ခြင်း အ ရာ ရာ ကို ရ ရှိ လျင်၊
2
တစ် သ ဘော တည်း၊ တစ် မေတ္တာ တည်း၊ တစ် စိတ် တည်း၊ တစ် ညီ တစ် ညွတ် တည်း နှင့် ငါ့ ရွှင် လန်း ခြင်း အ ကြောင်း ကို စုံ လင် ကြ စေ လော့။
3
ဖီ ဆန် ဝါ ကြွား လို သော သ ဘော နှင့် မည် သည် ကို မျှ မ ပြု ဘဲ တစ် ယောက် ကို တစ် ယောက် ကိုယ့် ထက် ကောင်း သည် ဟု စိတ် နှိမ့် ချ စွာ မှတ် ယူ လော့။
4
ကိုယ့် အ မှု အ ရေး များ ကို သာ ဂ ရု မ ပြု ဘဲ တစ် ပါး သူ့ အ မှု အ ရေး များ ကို လည်း ဂ ရု ပြု ကြ လော့။
5
ခ ရစ် တော် ယေ ရှု၌ ရှိ သော သ ဘော မျိုး ကို သင် တို့၌ လည်း ရှိ ကြ စေ လော့။
6
ထို အ ရှင် သည် ဘု ရား သ ခင့် သ ဏ္ဌာန် တော် ရှိ လျက် ဘု ရား သ ခင် နှင့် ဂုဏ် ရည် တူ ခြင်း ကို ခင် မင် ရာ ဟု မ မှတ် ဘဲ ထို သ ဏ္ဌာန် တော် ကို ပယ် ပြီး လျင်၊
7
ကျွန်၏ သ ဏ္ဌာန်၊ လူ၏ ပုံ ကို ဆောင် လျက် လူ့ အ သွင် နှင့် နေ တော် မူ ရာ၊
8
ကိုယ် ကို နှိမ့် ချ၍ ကား တင် ခြင်း သေ ဒဏ် ခံ သည့် တိုင် အောင် လိုက် နာ တော် မူ ၏။
9
ထို အ ကြောင်း ကြောင့် ပင် ဘု ရား သ ခင် သည် ယေ ရှု၏ နာ မ တော် အား ဖြင့် မိုး မြေ နှင့် မြေ အောက် ရှိ သ တ္တ ဝါ တိုင်း ဒူး ထောက် စေ ခြင်း ငှါ လည်း ကောင်း၊ ခ မည်း တော် ဘု ရား သ ခင့် ဘုန်း တော် ထင် ပေါ် စေ ရန် ယေ ရှု ခ ရစ် သည် အ ရှင် ဖြစ် တော် မူ ကြောင်း နှုတ် ဖြင့် ဝန် ခံ ရ ခြင်း ငှါ လည်း ကောင်း၊ ကိုယ် တော် ကို ချီး မြှောက် လျက် ဘွဲ့ နာ မ ရှိ သ မျှ ထက် မြတ် သော ဘွဲ့ နာ မ ကို ပေး သ နား တော် မူ ပြီ။
10
11
12
သို့ ဖြစ်၍ ချစ် သူ တို့၊ အ ခါ ခပ် သိမ်း လိုက် နာ တတ် ကြ သည့် အ တိုင်း ပင် ငါ ပါ ရှိ သည် ဟု မှတ်၍ မ ဟုတ်။ ယ ခု ကွာ လျက် ရှိ သော် လည်း ကိုယ့် ကယ် တင် ရေး ကို ကြောက် ရွံ့ တုန် လှုပ် စွာ ကြိုး စား ပြု ပြင် ကြ လော့။
13
သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
14
သင် တို့ သည် အ ပြစ် မဲ့ ရာ၊ ရန် ကင်း ရာ ရောက် လျက် ကောက် ကျစ် စဉ်း လဲ သော လူ့ ဘောင် တွင် ဘု ရား သ ခင်၏ စင် ကြယ် သော သား သ မီး များ အ ဖြစ် နှင့် အ သက် ဆိုင် ရာ တ ရား တော် ကို ကိုင် ပြ လျက် ဤ လော က၌ အ လင်း အိမ် များ သ ဖွယ် ထင် ရှား ကြ သ ဖြင့် ငါ ဆောင် ရွက် ခြင်း၊ ကြိုး စား ခြင်း၊ အ ကျိုး မဲ့ မ ဖြစ် စေ ဘဲ ခ ရစ် တော်၏ နေ့ တော် တွင် ဂုဏ် တင် ခွင့် ရ စေ ခြင်း ငှာ အ ရာ ခပ် သိမ်း ကို ညည်း ညူ ခြင်း၊ ငြင်း ဆန် ခြင်း ကင်း လျက် ဆောင် ရွက် ကြ လော့။
15
16
17
သင် တို့ ဝတ် ပြု၍ ပူ ဇော် ရာ ယုံ ကြည် ခြင်း အ ပေါ် တွင် သွန်း လောင်း ရာ အ ဖြစ် ပူ ဇော် ခံ ရ လျှင် ငါ သည် ဝမ်း မြောက် လျက် သင် တို့ နှင့် အ တူ ရွှင် လန်း မည်။
18
သင် တို့ လည်း ဝမ်း မြောက် လျက် ငါ နှင့် အ တူ ရွှင် လန်း ကြ လော့။
19
သို့ ရာ တွင် သင် တို့၏ အ ဖြစ် အ နေ ကို ငါ သိ သ ဖြင့် စိတ် သက် သာ ခွင့် ရ ခြင်း ငှာ တိ မော သေ ကို မ ကြာ မီ လွှတ် လိုက် မည် ဟု အ ရှင် ယေ ရှု ၌ ငါ အောက် မေ့ ၏။
20
တိ မော သေ မှ တစ် ပါး သင် တို့ အ ဖြစ် အ နေ အ တွက် စင် စစ် ကြောင့် ကြ သော သ ဘော ရှိ သူ တစ် ယောက် မျှ ငါ၌ မ ရှိ။
21
သူ တစ် ထူး တို့ သည် ခ ရစ် တော် ယေ ရှု၏ အ ကျိုး တော် ကို မ ရှာ။ ကိုယ့် အ ကျိုး ကို သာ ရှာ ကြ၏။
22
တိ မော သေ မူ ကား သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု ၌ သား အ ဘ ကဲ့ သို့ ငါ နှင့် အ တူ ဆောင် ရွက် လျက် သ ဘော ထင် ရှား ကြောင်း သင် တို့ သိ ၏။
23
သို့ ဖြစ်၍ ငါ၌ မည် သို့ ဖြစ် ပျက် မည် ကို သိ လျှင် သိ ချင်း သူ့ ကို လွှတ် လိုက် မည် ဟု အောက် မေ့ ၏။
24
ငါ ကိုယ် တိုင် လည်း မ ကြာ မီ ရောက် လာ မည် ဟု အ ရှင် ဘု ရား၌ စိတ် ချ လျက် ရှိ ၏။
25
ငါ့ ကို ထောက် ပံ့ ရန် သင် တို့ တ မန်၊ ငါ့ ညီ အစ် ကို၊ ငါ့ လုပ် ဖော် ဆောင် ဘက်၊ ငါ စစ် သည် ချင်း ဖြစ် သူ ဧ ပ ဖြော ဒိတ် သည် နာ လျက် ရှိ နေ ခဲ့ ကြောင်း သင် တို့ ကြား သိ ကြ သည့် အ တွက် နှ လုံး မ သာ၍ သင် တို့ ရှိ သ မျှ ကို တ သ သ ဖြင့် ပြန် လွှတ် သင့် သည် ဟု ငါ သ ဘော ရှိ ၏။
26
27
သေ လု အောင် နာ လျက် ရှိ နေ ခဲ့ သည် မှန် သော် လည်း ဘု ရား သ ခင် သည် သူ့ အ ပေါ် တွင် သာ မ ဟုတ်။ ငါ့ အ ပေါ် တွင် လည်း ထပ် ဆင့် ပူ ပန် ခြင်း မ ရှိ စေ ရန် က ရု ဏာ သက် တော် မူ ၏။
28
သို့ ဖြစ်၍ သူ့ ကို တွေ့ မြင် ရ ပြန် သော် သင် တို့ ရွှင် လန်း ကြ သ ဖြင့် ငါ အ ပူ လျော့ စေ ရန် ဂ ရု စိုက် လျက် ပြန် လွှတ် လိုက်၏။
29
ခပ် သိမ်း သော ဝမ်း မြောက် ခြင်း နှင့် အ ရှင် ဘု ရား အား ဖြင့် လက် ခံ လျက် ထို သို့ သော သူ တို့ ကို ရို သေ ထောက် ထား ကြ လော့။
30
သူ သည် ငါ့ အ ဖို့ သင် တို့ ထောက် ပံ့ မှု တွင် လို သ မျှ ကို ဖြည့် စွက် ရာ၌ ခ ရစ် တော်၏ အ မှု တော် ကြောင့် သေ ခြင်း သို့ ရောက် လု သည့် တိုင် အောင် ကိုယ့် အ သက် ကို စွန့် စား လေ ပြီ။