ဖိ​လိပ္ပိ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ခ ရစ် တော် ယေ ရှု၏ ကျွန် ပေါ လု နှင့် တိ မော သေ တို့ က သင်း အုပ်၊ သင်း ထောက် နှင့် တ ကွ ခ ရစ် တော် ယေ ရှု၌ တည် သော ဖိ လိ ပ္ပိ မြို့ ရှိ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ ထံ ရေး လိုက် သည် မှာ၊
  • 2 ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော၊
  • 3 သင် တို့၌ ကောင်း သော အ မှု ကို အ စ ပြု သော အ ရှင် သည် ယေ ရှု ခ ရစ်၏ နေ့ တော် မ တိုင် မ ချင်း စုံ လင် အောင် ပြု ပြင် တော် မူ လိမ့် မည် ဟု ယုံ ကြည် စိတ် ချ သည် နှင့် အ ညီ ငါ သည် သင် တို့ ကို အောက် မေ့ လေ ရာ ရာ၌ တောင်း လျှောက် သည့် အ ခါ တိုင်း ရွှင် လန်း စွာ ပ ဌ နာ ပြု လျက် ပ ဌ မ နေ့ ရက် မှ စ၍ ယ ခု တိုင် သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု၌ ဆက် ဆံ ပေါင်း သင်း ကြ သော သင် တို့ ရှိ သ မျှ အ ဖို့ ငါ့ ဘု ရား သ ခင် ကျေး ဇူ တော် ကို အ စဉ် ချီး မွမ်း ပါ ၏။
  • 4
  • 5
  • 6
  • 7 သင် တို့ ရှိ သ မျှ နှင့် စပ် လျဉ်း ၍ ထို သို့ ငါ သ ဘော ထား အပ် သည့် အ ကြောင်း ကား ငါ သည် အ ကျဉ်း ခံ ရာ၌ လည်း ကောင်း၊ သ တင်း တော် မြတ် ကို ထောက် ခံ တည် စေ ရာ၌ လည်း ကောင်း၊ ငါ နှင့် အ တူ ကျေး ဇူး တော် ကို ဆက် ဆံ သူ ဖြစ် ကြ သော သင် တို့ အ ပေါင်း ကို ငါ အောက် မေ့ သော ကြောင့် တည်း။
  • 8 သင် တို့ အ ပေါင်း ကို ခ ရစ် တော် ယေ ရှု၏ မေ တ္တာ က ရု ဏာ တော် အ လျောက် မည် မျှ ငါ လွမ်း ဆွတ် ကြောင်း ဘု ရား သ ခင် သိ မြင် တော် မူ ၏။
  • 9 ငါ ပ ဌ နာ ပြု သည် မှာ ဘု ရား သ ခင့် ဘုန်း တော် ထင် ရှား စေ ခြင်း နှင့် ချီး မွမ်း စေ ခြင်း အ လို့ ငှာ ယေ ရှု ခ ရစ် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း အ သီး နှင့် သင် တို့ သည် ပြည့် စုံ၍ ခ ရစ် တော်၏ နေ့ တော် အ ဖို့ စိတ် ကြည် ဖြူ လျက် တိုက် လဲ ရန် အ ကြောင်း နှင့် ကင်း လွတ် စေ ခြင်း ငှာ အ ထူး အ မြတ် ကို သ ဘော ကျ အောင် အ သိ ပ ညာ နှင့် သ ညာ အ မျိုး မျိုး ၌ ချစ် ခြင်း မေ တ္တာ တိုး ပွား ကြွယ် ဝ မည့် အ ကြောင်း တည်း။
  • 10
  • 11
  • 12 ညီ အစ် ကို တို့၊ ငါ၌ ဖြစ် ပျက် ရာ များ သည် သ တင်း တော် မြတ် ကို မ မြစ် တား ဘဲ တိုး ပွား စေ သ ဖြင့်၊
  • 13 ကိုယ် ရံ တော် တစ် တပ် လုံး မှ စ၍ အ ခြား သော သူ အ ပေါင်း တို့ တွင် အ ကျဉ်း ခံ ရ ခြင်း သည် ခ ရစ် တော် နှင့် စပ် ဆိုင် ကြောင်း ထင် ရှား သည့် ပြင်၊
  • 14 ညီ အစ် ကို များ တို့ လည်း ငါ အ ကျဉ်း ခံ ရ ခြင်း ကြောင့် အ ရှင် ဘု ရား ကို ယုံ ကြည် စိတ် ချ၍ ကြောက် ရွံ ခြင်း မ ရှိ ဘဲ ဘု ရား သ ခင် တ ရား တော် ကို သာ၍ ဟော ပြော ဝံ့ ကြ ကြောင်း ငါ သိ စေ လို၏။
  • 15 အ ချို့ တို့ သည် ငြူ စူ ရန် လို သော စိတ် နှင့် လည်း ကောင်း၊ အ ချို့ တို့ သည် စေ တ နာ စိတ် နှင့် လည်း ကောင်း၊ ခ ရစ် တော့် အ ကြောင်း ကို ဟော ပြော ကြ ၏။
  • 16 ဤ သူ တို့ ကား ငါ သည် သ တင်း တော် မြတ် ကို ထောက် ခံ ရန် ခန့် ထား တော် မူ သူ ဖြစ် ကြောင်း သိ၍ မေ တ္တာ အ လျောက် ခ ရစ် တော့် အ ကြောင်း ကို ကြော် ငြာ ကြ ၏။
  • 17 ထို သူ တို့ မူ ကား ကြည် လင် သော စိတ် မ ရှိ။ ငါ အ ကျဉ်း ခံ ရ သည် တွင် စိတ် ဒု က္ခ ထပ် ရောက် စေ ရန် အ ကြံ နှင့် ဖီ ဆန် လို သော စိတ် အ လျောက် ကြော် ငြာ ကြ၏။ သို့ ဖြစ် လျင် မည် သို့ နည်း။
  • 18 ပ ရိ ယာယ် နှင့် ဖြစ် စေ၊ သ စ္စာ နှင့် ဖြစ် စေ၊ အ နည်း နည်း အား ဖြင့် ခ ရစ် တော်၏ အ ကြောင်း ကို ကြော် ငြာ ခြင်း ရှိ ပြီ ဖြစ်၍ ငါ ရွှင် လန်း ၏။ နောင်၌ လည်း ရွှင် လန်း ဦး မည်။
  • 19 အ သို့ ဆို သော် ငါ သည် မည် သည့် အ ရာ၌ မျှ အ ရှက် မ ကွဲ ရ ဘဲ အ ခါ ခပ် သိမ်း နည်း တူ ယ ခု လည်း ရဲ ရင့် ခြင်း နှင့် ပြည့် စုံ၍ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ ငါ့ ကိုယ် ခ န္ဓာ ဖြင့် ခ ရစ် တော်၏ ဘုန်း တော် ကို ထင် ရှား စေ မည် ဟု အား ကြီး စွာ တောင့် တ မျှော် လင့် သည် နှင့် အ ညီ သင် တို့ တောင်း လျှောက် ခြင်း၊ ယေ ရှု ခ ရစ် ၏ ဝိ ညာဉ် တော် မ စ ခြင်း များ ကြောင့် ဆို ခဲ့ သော အ ကြောင်း အ ရာ သည် ငါ့ ကို ကယ် တင် သော အ ကြောင်း အ ရာ ဖြစ် မည် ဟု ငါ သိ ၏။
  • 20
  • 21 ငါ အ သက် ရှင် သည့် အ ရာ မှာ ခ ရစ် တော် ဖြစ်၏။ သေ သည့် အ ရာ မှာ အ မြတ် အ စွန်း ဖြစ် ၏။
  • 22 သို့ ရာ တွင် ကိုယ် ခ န္ဓာ၌ အ သက် ရှင် ခြင်း သည် ငါ့ အ လုပ်၏ အ သီး ဖြစ် မည် ဆို လျှင် မည် သည် ကို ရွေး ယူ ရ မည် ဟု ငါ မ သိ။
  • 23 ငါ့ ဆ န္ဒ အ လျောက် ထွက် သွား၍ ခ ရစ် တော် နှင့် အ တူ နေ သော် အ လွန် သာ ယာ မည် ကို သော် လည်း ကောင်း၊ ရုပ် ခ န္ဓာ၌ ရှိ နေ သော် သင် တို့ အ ကျိုး မြတ် မည် ကို လည်း ကောင်း ထောက် ၍ ဒွိ ဟ၌ ကျဉ်း ကျပ် လျက် နေ စဉ်၊
  • 24
  • 25 ငါ သည် သင် တို့ နှင့် အ တူ နေ ပြန် ခွင့် ရ သည့် အ လျောက် ငါ့ အ တွက် ကြောင့် ခ ရစ် တော် ယေ ရှု အား ဖြင့် ကြွယ် ဝ စွာ ဂုဏ် တင် ရ ကြ စေ ခြင်း ငှာ လည်း ကောင်း၊ ယုံ ကြည် ခြင်း တ ရား၌ သင် တို့ တိုး ပွား၍ ရွှင် လန်း ရ ခြင်း ငှာ လည်း ကောင်း၊ ငါ ရှင် သေး လျက် သင် တို့ နှင့် အ တူ တည် နေ မည် ဟု စိတ် ချ စွာ သိ လေ ၏။
  • 26
  • 27 သို့ ရာ တွင် သင် တို့ ထံ ငါ လာ၍ တွေ့ မြင် ရ သည် ဖြစ် စေ၊ ကွဲ ကွာ လျက် ကြား ရ သည် ဖြစ် စေ၊ သင် တို့ သည် တစ် စိတ် တည်း ၌ တည် ကြည် လျက် သ တင်း တော် မြတ် ကို ယုံ ကြည် ခြင်း တ ရား အ ဖို့ တစ် သ ဘော တည်း နှင့် လုံ့ လ ထုတ် လျက် ဆန့် ကျင် ဘက် ပြု သူ တို့ အား ကြောက် ရွံ ခြင်း အ လျဉ်း မ ရှိ ဘဲ နေ ကြ ကြောင်း ငါ သိ ရ အံ့ သော ငှာ ပြည် တော် သား ချင်း တို့ အ ဖြစ် ခ ရစ် တော်၏ သ တင်း တော် မြတ် နှင့် ထိုက် လျော် စွာ ပြု မူ ကြ လော့။ ထို သို့ သော သ ဘော သည် ရန် သူ တို့၌ ပျက် စီး ခြင်း၊ သင် တို့၌ ကယ် တင် ခြင်း အ ကြောင်း ဘု ရား သ ခင့် အ ထံ တော် မှ သက် သေ ဖြစ် ၏။
  • 28
  • 29 အ သို့ ဆို သော် ခ ရစ် တော် ကို ယုံ ကြည် ခွင့် သာ မ ဟုတ်။ ငါ၌ မြင် ရ ဖူး သည့်၊ ယ ခု လည်း ကြား ရ သည့် တိုက် လှန် ခြင်း မျိုး ကို တွေ ကြုံ လျက် ခ ရစ် တော် အ တွက် ကြောင့် ဒု က္ခ ခံ ခွင့် ကို သင် တို့ အား ပေး သ နား တော် မူ လေ ပြီ။
  • 30
回到本卷目录 回到本版本目录 回到首页