1
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ဝင် ရောက်၌ အ ပိုင် ရ ကြ မည့် ပြည် သို့ သင် တို့ ကို ဆောင် သွင်း တော် မူ ပြီး လျှင်၊ သင် တို့ ထက် ခွန် အား တန် ခိုး ကြီး သော ဟိ တ္တိ၊ ဂိ ရ ဂါ ရှိ၊ အာ မော ရိ၊ ခါ န နိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ၊ လူ ခု နစ် မျိုး အ များ အ ပြား ကို
2
သင် တို့ ရှေ့ အပ် နှင်း၍ ပယ် ရှင်း တော် မူ သည့် အ တိုင်း သင် တို့ လုပ် ကြံ ကြ ရာ၊ မိတ် သ ဟာ ယ ဖွဲ့ ခြင်း၊ က ရု ဏာ ပြ ခြင်း၊ သင် တို့ သား သ မီး များ ကို ချင်း တို့ သား သ မီး များ နှင့် ပေး စား ထိမ်း မြား၍ အိမ် ထောင် ဘက် ပြု ခြင်း များ ကို မ ပြု ရ ဘဲ၊ မြေ လှန် ကြ ရ မည်။
3
4
အ ဘယ် ကြောင့် ဆို သော်၊ ထို လူ မျိုး တို့ သည် သင် တို့ သား များ ကို အ ခြား ဘု ရား များ အား ဝတ် ပြု စေ ခြင်း ငှါ၊ နောက် တော် မှ လွှဲ ဖယ် သ ဖြင့်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ အ ပေါ် တွင် အ မျက် တော် ထား လျက်၊ အ ဆော တ လျင် ပယ် ရှား တော် မူ လိမ့် မည်။
5
ချင်း တို့၌ စီ ရင် ရ မည့် နည်း ကား၊ ယဇ် ပ လ္လင် များ ကို ဖြို လှဲ ခြင်း၊ ကျောက် တိုင် များ ကို ချိုး ဖဲ့ ခြင်း၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ခြင်း၊ ရုပ် ပွား ဆင်း တု များ ကို မီး တိုက် ခြင်း ပြု ကြ ရ မည်။
6
အ သို့ ဆို သော်၊ မြေ ကြီး ပေါ် ရှိ လူ မျိုး တ ကာ ထက်၊ ပိုင် ဆိုင် ရာ လူ မျိုး တော် အ ဖြစ်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ တိုင်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သော လူ မျိုး ဖြစ် ကြ သည် တ ကား၊
7
လူ မျိုး တ ကာ ထက် များ ပြား သော ကြောင့် ထာ ဝ ရ ဘု ရား စွဲ လမ်း၍ ရွေး ချယ် တော် မူ သည် မ ဟုတ်။ သင် တို့ သည် လူ မျိုး တ ကာ ထက် အ သေး အ နုပ် ပါ တ ကား။
8
ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မြတ် နိုး ၍၊ ဘိုး ဘေး တို့ အား ထား ခဲ့ သော သ စ္စာ တော် ကို စောင့် တော် မူ လို သော ကြောင့်၊ ကျွန် ခံ နေ ရာ မှ လည်း ကောင်း၊ အိ ဂျစ် ဘု ရင် ဖာ ရော မင်း လက် မှလည်း ကောင်း၊ လက် ရုံး တော် တန် ခိုး ဖြင့် ရွေး နုတ် ထုတ် ဆောင် တော် မူ ခဲ့ ပြီး။
9
သို့ နှင့် အ ညီ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကိုယ် တော် ကို ချစ် ကြည် မြတ် နိုး၍၊ ပ ညတ် တော် များ ကို လည်း စောင့်ရှောက် သူ တို့၏ အ မျိုး အ စဉ်၊ အ ထောင် အ သောင်း အ ဆက် တိုင် အောင်၊ ပ ဋိ ညာဉ် နှင့် က ရု ဏာ တော် ကို စောင့် သ ဖြင့် သ စ္စာ တော် မဖျက် သော ဘု ရား၊
10
ကိုယ် တော် အား မုန်း ထား သော သူ တို့ ကို ကား၊ မ ဆိုင်း မ လင့် ဘဲ၊ ဆပ် ပေး ဖျက် ဆီး တော် မူ သော ဘု ရား မှန် ကြောင်း သိ မှတ် လျက်၊
11
ယ နေ့ ငါ ဆင့် ဆို သော ပ ညတ် တော် နှင့် ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် လိုက် နာ ကြ လော့။
12
နောင် ကာ လ၊ ဤ ဆုံး ဖြတ် ချက် များ အ တိုင်း သင် တို့ နား ထောင် စောင့် ရှောက် လိုက် နာ ကြ သည် ကို ထောက်၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သော ပ ဋိ ညာဉ် နှင့် က ရု ဏာ တော် ကို စောင့် လျက်၊
13
သင် တို့ ကို မြတ် နိုး၍ များ ပြား အောင် ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ သည့် ပြင်၊ သင် တို့ သို့ ပေး သ နား ရန် ဘိုး ဘေး များ အား သ စ္စာ ဆို ခဲ့ သော ပြည် တွင် သား သ မီး တို့ ကိုလည်း ကောင်း၊ မြေ အ သီး အ နှံ၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ များ ကို လည်း ကောင်း၊ နွား၊ သိုး၊ ဆိတ်၊ သား ငယ် များ ကို လည်း ကောင်း၊ ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ဦး မည်။
14
သင် တို့ သည် လူ မျိုး တ ကာ ထက် ကောင်း ကြီး မင်္ဂ လာ ခံ ရ သည့် အ လျောက်၊ လူ ဖြစ် စေ၊ တိ ရ စ္ဆာန် ဖြစ် စေ၊ မြုံ သော ကျား၊ မ၊ ရှိ မည် မ ဟုတ်။
15
ထာ ဝ ရ ဘု ရား သည် သင် တို့ မှ ရော ဂါ အ မျိုး မျိုး ကို ပယ် လျက်၊ အိ ဂျစ် ပြည်၌ သိ မြင် ခဲ့ ကြ သော ရော ဂါ ဆိုး တစ် စုံ တစ် ရာ ကို မျှ သင့် စေ မည် မ ဟုတ်။ သင် တို့ အား မုန်း ထား သော သူ တို့ အ ပေါ်၌ သာ သင့် စေ တော် မူ လိမ့် မည်။
16
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ အံ့ သော လူ အ မျိုး မျိုး ကို မျက် စောင်း နှင့် မ ညှာ တာ ဘဲ ကုန် ဆုံး စေ ရ မည်။ ချင်း တို့ ဘု ရား များ နှင့် စပ် လျဉ်း ၍၊ ကျော့ ကွင်း သ ဖွယ် မ ဖြစ် စေ ရန်၊ ဝတ် မ ပြု ကြ လင့်။
17
ဤ လူ မျိုး ခြား တို့ တွင် ငါ တို့ ထက် များ ပြား လှ ကြ၏။ မည် သို့ နှင် ထုတ် နိုင် အံ့ နည်း ဟု သင် တို့ အောက် မေ့ ကြ ရာ တွင်
18
ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဖာ ရော မင်း နှင့် အိ ဂျစ် တစ် ပြည် လုံး၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည့် အ တိုင်း
19
ဒိ ဋ္ဌ မြင် ရ ကြ သော မ ဟာ စုံ စမ်း ခြင်း များ ကို လည်း ကောင်း၊ သင် တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ရာ သက် သေ နိ မိတ် လ က္ခ ဏာ များ နှင့် အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း များ ကို လည်း ကောင်း၊ သ တိ ရ ကြ လော့။ ထို နည်း တူ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ကြောက် ရွံ သော လူ မျိုး ရှိ သ မျှ ၌ စီ ရင် တော် မူ မည့် ပြင်၊
20
ပုန်း ရှောင် ရ သော ကျန် ကြွင်း သူ တို့ ပင် သင် တို့ ရှေ့ မ ပျက် မ ချင်း၊ ပျား တူ ဘေး ကို လည်း စေ လွှတ် တော် မူ မည်။
21
သင် တို့ အ လယ် တွင် ရှိ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကြောက် ရွံ့ ဖွယ် ကောင်း သော မ ဟာ ဘု ရား ဖြစ် တော် မူ သော ကြောင့်၊ ထို လူ မျိုး တို့ အ တွက် အံ့ အား မ သင့် ကြ နှင့်။
22
တော သား ရဲ တိုး ပွား မည် ကို စိုး၍၊ ထို လူ မျိုး များ ကို ရှောင် တ ခင် ကုန် ဆုံး စေ ခွင့် မ ပေး သော် လည်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် တ ရွေ့ ရွေ့ ပယ် ရှင်း တော် မူ လိမ့် မည်။
23
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး များ ကို သင် တို့ ရှေ့ အပ် နှင်း တော် မူ သည့် အ တိုင်း ကောင်း ကင် အောက် မှ၊ ချင်း တို့ အ မည် ပါ ချေ ဖျောက် ကြ သည့် တိုင် အောင် ပယ် ရှား တော် မ မူ မ ချင်း၊ လုပ် ကြံ ကွပ် မျက် လျက်၊ ချင်း တို့ မင်း များ ကို လည်း သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ မည် ဖြစ်၍၊ သင် တို့ ရှေ့ မည် သူ မျှ ခံ ရပ် နိုင် မည် မ ဟုတ်။
24
25
ချင်း တို့ ရုပ် တု ဘု ရား များ ကို မီး တိုက် လျက်၊ ကျော့ မိ ရာ မ ရောက် ခြင်း ငှာ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ် သော မွမ်း မံ သည့် ရွှေ ငွေ ကို တပ် မက် ၍ မ သိမ်း မ ယူ ကြ နှင့်။
26
မြေ လှန် ဖွယ် ရာ ဖြစ် သော ကြောင့်၊ လုံး လုံး စက် ဆုပ် ရွံ ရှာ လျက်၊ ထို ရွံ ရှာ ဖွယ် ကဲ့ သို့ မြေ လှန် ရာ ကိုယ် တိုင် မ ပါ မ ရောက် အောင်၊ အိမ် တွင်း သို့ မ သွင်း ကြ ရ။