1
ကူး ရောက်၍ အ ပိုင် ရ မည့် ပြည် တွင်၊ သင် တို့ မှ စ သော သား မြေး တို့ ပါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ ထုံး ဖွဲ့ မိန့် မှာ တော် မူ ချက် ဟူ သ မျှ ကို တစ် သက် ပတ် လုံး စောင့် ရှောက် သ ဖြင့်၊ တာ ရှည် ခွင့် ရ ကြ အံ့ သော ငှါ၊ ငါ သွန် သင် သည့် အ တိုင်း သင် တို့ လိုက် နာ ကြ ရန်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော ပ ညတ် တော် နှင့် ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို ဆင့် ဆို ဦး အံ့။
2
3
အို ဣ သ ရေ လ လူ မျိုး၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က တိ ထား တော် မူ သည့် အ တိုင်း၊ နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် တွင် အ လွန် တိုး ပွား လျက် ကောင်း စား ကြ အံ့ သော ငှါ၊ နား ထောင် စောင့် ရှောက် လိုက် နာ ကြ ဦး လော့။
4
အို ဣ သ ရေ လ လူ မျိုး၊ နား ထောင် ကြ ဦး။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် တစ် ဆူ တည်း သော ထာ ဝ ရ ဘု ရား ပေ တည်း။
5
သင် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့၊ ချစ် ကြည် မြတ် နိုး ကြ လော့။
6
ယ နေ့ ငါ ဆင့် ဆို သော ထို အ ချက် ကို ပင်၊ နှ လုံး သွင်း သည့် ပြင်၊ သား သ မီး တို့ အား လည်း အာ ဂုံ ဆောင် စေ ၍၊
7
အိမ် မှာ ထိုင် နေ စဉ်၊ လမ်း လျှောက် စဉ်၊ အိပ် ရာ ဝင် စဉ်၊ နိုး ထ စဉ်၊
8
ဆွေး နွေး လျက်၊ လက် တွင် လ က္ခ ဏာ သက် သေ အ ဖြစ် မျက် မှောင် ကြား တွင် သင်း ကျစ် အ ဖြစ်၊ ဆောင် ထား ခြင်း၊
9
ဝင်း အိမ် တံ ခါး တိုင် များ၌ အ က္ခ ရာ တင် ခြင်း များ ကို ပြု ကြ လော့။
10
သင် တို့ မ တည် မ ဆောက် ဘဲ မြို့ ကြီး မြို့ မြတ် များ နှင့်လည်း ကောင်း၊ သင် တို့ မ ထည့် ဘဲ ဘဏ္ဍာ အ မျိုး မျိုး ပြည့် သော တိုက် အိမ် များ နှင့် လည်း ကောင်း၊ သင် တို့ မ တူး ဘဲ ဖော် ပြီး ရေ ကန် များ နှင့်လည်း ကောင်း၊ သင် တို့ မ စိုက် ဘဲ စ ပျစ် သံ လွင် ခြံ များ နှင့်လည်း ကောင်း၊ ပြန့် ပြော သော ပြည်၊ သင် တို့ သို့ ပေး သ နား ရန်၊ ဘိုး ဘေး ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို ခဲ့ သော ပြည် သို့ ဆောင် သွင်း တော် မူ သည့် အ တိုင်း၊
11
12
ဝ စွာ စား သောက် ကြ သည့် ကာ လ၊ ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ထာ ဝ ရ ဘု ရား ကို မ မေ့ မ လျော့ စေ ခြင်း ငှာ၊
13
သ တိ မူ လျက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ခန့် ညား စွာ ဝတ် ပြု၍၊ နာ မ တော် ကို သာ တိုင် တည် လျက် သ စ္စာ ဆို ကြ ရ မည်။
14
လူ မျိုး ဘောင် တွင် စံ နေ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မ ရှု ဆိတ် သော ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ အ မျက် တော် ထား လျက် မြေ ပြင် မှ ပယ် ရှား တော် မူ မည် ကို စိုး ၍၊ သင် တို့ ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ဘု ရား များ အ နက်၊ အ ခြား ဘု ရား များ နောက် သို့ မ လျှောက် မ လိုက် ကြ ရ။
15
16
မဿာ အ ရပ်၌ ပြု သ ကဲ့ သို့၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ဘဲ
17
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော စီ ရင် ချက်၊ သက် သေ ခံ ချက်၊ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် ထိန်း သိမ်း လျက်၊
18
ရန် သူ ရှိ သ မျှ ကို သင် တို့ ရှေ့ မောင်း နှင် တော် မူ မည့် အ ကြောင်း ထာ ဝ ရ ဘု ရား က တိ တော် အ တိုင်း၊ ဘိုး ဘေး တို့ အား သစ္စာ ဆို ခဲ့ သော ပြည် ကောင်း ကို ဝင် ရောက် ပိုင် ရ၍ ကောင်း စား ကြ အံ့ သော ငှါ၊ မျက် မှောက် တော် တွင် ဖြောင့် မှန် သင့် လျော် စွာ ပြု ကျင့် ကြ လော့။
19
20
နောင် ၌ လည်း သင် တို့ သား များ က၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော သက် သေ ခံ ချက်၊ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ ကား၊ မည် သို့ ပါ နည်း ဟု မေး မြန်း ကြ သော်၊
21
သင် တို့ က၊ ထာ ဝ ရ ဘု ရား သည်၊ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း ထံ ကျွန် ခံ ရ ဘူး သော ငါ တို့ ကို၊ လက် ရုံး တော် တန် ခိုး ဖြင့် ထုတ် ဆောင် ရာ၊
22
အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ဖာ ရော မင်း နှင့် တစ် နန်း တော် လုံး ၌ လည်း ကောင်း၊ ပြင်း ထန် သော သက် သေ နိ မိတ် လ က္ခ ဏာ ကြီး များ ကို ငါ တို့ ရှေ့ ဖော် ပြ ပြီး လျှင်၊
23
ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သော ပြည် ကို ပေး သ နား ၍ ပို့ သွင်း ရန် ထုတ် ဆောင် တော် မူ သည် နှင့် အ ညီ၊
24
ယ ခု ဖြစ် သည့် အ တိုင်း၊ အ စဉ် ကောင်း စား လျက် အ သက် ချမ်း သာ ရ စေ ခြင်း ငှါ ထုံး ဖွဲ့ ချက် များ ကို လိုက် နာ၍၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ခန့် ညား ကြ မည့် အ ကြောင်း မိန့် မှာ တော် မူ၏။
25
ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ထို ပ ညတ် အ လုံး စုံ ကို မျက် မှောက် တော် တွင် စောင့် ရှောက် လိုက် နာ ကြ လျှင်၊ ငါ တို့ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ဖြစ် လ တ္တံ့ ဟု ပြန် ပြော ကြ လေ ကုန်။