ဧ​ဖက်-6

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 သား သ မီး ဖြစ် သူ တို့၊ သင့် လျော် သည့် အ တိုင်း အ ရှင် ဘု ရား အ လို တော် နှင့် အ ညီ မိ ဘ စ ကား ကို နား ထောင် ကြ လော့။
  • 2 က တိ တော် ပါ သော ပ ထ မ ပ ညတ် တော် အ လိုက် မြေ ကြီး ပေါ် တွင် တာ ရှည် ကောင်း စား အံ့ သော ငှါ မိ ဘ ကို ရို သေ သ မှု ပြု လော့။
  • 3
  • 4 အ ဘ ဖြစ် သူ တို့၊ သား သ မီး ကို အ မျက် မ တိုက် ဘဲ အ ရှင် ဘု ရား နှင့် အ ညီ ဆုံး မ ပဲ့ ပြင် လျက် မွေး မြူ ကြ လော့။
  • 5 ကျွန် ဖြစ် သူ တို့၊ လူ စိတ် နှင့် တွေ့ လို သူ တို့ နည်း တူ မျက် မှောက်၌ သာ မ ဟုတ်။ စိတ် ပါ ကိုယ် ရောက် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သော ခ ရစ် တော်၏ ကျွန် များ အ ဖြစ် အ မိန့် တော် ကို နား ထောင် သ ကဲ့ သို့ ရုပ် ခ န္ဓာ အ လျောက် အ ရှင် ဖြစ် သူ တို့ အ မိန့် ကို ကြောက် ရွံ့ တုန် လှုပ် စွာ ရိုး ဖြောင့် သော စိတ် နှ လုံး နှင့် နား ထောင် ကြ လော့။
  • 6
  • 7 ကျွန် ဖြစ် စေ၊ လူ လွတ် ဖြစ် စေ၊ အ သီး အ သီး ဆောင် ရွက် သော ကောင်း မှု အ တိုင်း အ ရှင် ဘု ရား ထံ အ ကျိုး ခံ စား ရ မည် ကို သိ လျက် လူ့ အ မှု မ ဟုတ်၊ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ ကောင်း သော စေ တ နာ နှင့် ဆောင် ရွက် ကြ လော့။
  • 8
  • 9 အ ရှင် ဖြစ် သူ တို့၊ ကောင်း ကင် ဘုံ စံ နေ သော သင် တို့ နှင့် သူ တို့ အ ရှင် သည် မျက် နှာ ရွေး တော် မ မူ ကြောင်း သိ ကြ သည့် အ လျောက် ကျွန် တို့ အား မ ခြိမ်း ချောက် ဘဲ ထို သို့ စေ တ နာ ရှိ ကြ လော့။
  • 10 အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊
  • 11 ဘု ရား သ ခင်၏ လက် နက် စုံ ကို ဝတ် ဆင် ကြ လော့။
  • 12 ငါ တို့ တိုက် လှန် ရ သည် မှာ အ သွေး အ သား ဖြစ် သူ တို့ နှင့် မ ဟုတ်။ နတ် မင်း များ၊ အာ ဏာ ရှင် များ၊ ဤ မှောင် မိုက်၏ ဧ က ရာဇ် များ၊ ကောင်း ကင် နတ် ဆိုး များ နှင့် တိုက် လှန် ရ ကြ သည် ဖြစ်၍၊
  • 13 ဆိုး သွမ်း သော ထို နေ့ ရက်၌ ခံ ရ အံ့ သော ငှါလည်း ကောင်း၊ တာ၀န် မ ပြီး မ ချင်း ရပ် ခံ ရ အံ့ သော ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ လက် နက် စုံ ကို စွဲ ကိုင် ကြ လော့။
  • 14 ထို သို့ သ စ္စာ စောင့် ခြင်း ကို ခါး စည်း လျက်၊ ဖြောင့် မတ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊
  • 15 ရန် ငြိမ်း ရာ သ တင်း တော် မြတ် ကြောင့် အ သင့် ရှိ ခြင်း ဖိ နပ် ကို စီး လျက်၊
  • 16 မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
  • 17 ကယ် တင် ခြင်း မောက် ရူ နှင့် ဘု ရား သ ခင့် ဗျာ ဒိတ် တော် တည်း ဟူ သော ဝိ ညာဉ် တော် ဓား ကို ဆောင် လျက်၊
  • 18 ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
  • 19
  • 20
  • 21 ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် မှ စ၍ မည် သို့ ရှိ နေ ကြောင်း သင် တို့ သိ ကြ စေ ရန် အ ရာ ရာ ကို ကြား ပြော လိမ့် မည်။
  • 22 ငါ တို့ အ ဖြစ် အ နေ ကို သိ ကြ သ ဖြင့် စိတ် နှစ် သိမ့် စေ အံ့ သော ငှါ ထို သူ့ ကို သင် တို့ ထံ ငါ စေ လွှတ် ပြီ။
  • 23 ခ မည်း တော် ဘု ရား သ ခင်မှ စ၍ အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ငြိမ် သက် ခြင်း၊ ချစ် ခြင်း၊ ယုံ ကြည် ခြင်း သည် ညီ အစ် ကို တို့၌ တည် ရှိ ပါ စေ သော။
  • 24 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တော် ကို နိ ယာ မ ချစ် ခြင်း ရှိ သူ တို့ နှင့် အ တူ ကျေး ဇူး တော် တည် ရှိ စေ သ တည်း။
回到本卷目录 回到本版本目录 回到首页