1
ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ဖြစ် သော ပေါ လု က ဧ ဖက် မြို့ ရှိ သီး သန့် ထား တော် မူ သူ၊ ခ ရစ် တော် ယေ ရှု၌ သ စ္စာ ရှိ သူ တို့ ထံ ရေး လိုက် သည် မှာ၊
2
ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့ ၌ တည် ရှိ ပါ စေ သော။
3
ခ ရစ် တော် အား ဖြင့် နာမ် ဝိ ညာဉ် အ ဖို့ ကောင်း ကင် ဆိုင် ရာ မင်္ဂ လာ အ မျိုး မျိုး ကို သ နား တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခရစ် ၏ ခ မည်း တော် ဘု ရား သ ခင်၌ မင်္ဂ လာ ရှိ ၏။
4
ထို အ ကြံ တော် နှင့် ကိုယ် တော် သည် စေ တ နာ သ ဘော တော် အ လျောက် မြတ် နိုး တော် မူ သော၊ သား တော် အား ဖြင့် သ နား တော် မူ သော ကျေး ဇူး တော်၏ ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ယေ ရှု ခ ရစ် အား ဖြင့် ကိုယ် တော်၏ သား အ ဖြစ် ငါ တို့ ကို မေ တ္တာ တော်၌ တင် ရင် မှတ် သား လျက် ရှေ့ တော် တွင် သန့် ရှင်း စင် ကြယ် ရာ ရောက် ကြ စေ ခြင်း ငှါ ဤ လော က မ တည် မီ ရွေး ကောက် တော် မူ လေ ပြီ။
5
6
7
သား တော်၏ အ သွေး တော် ကြောင့် ကြွယ် ဝ သော ကျေး ဇူး တော် အ လျောက် ငါ တို့ အား ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ကျူး လွန် မှု များ ပြေ လွတ် ခွင့် ကို ပေးသ နားတော် မူ သည့် ပြင်၊
8
အ ချိန် ကာ လ ပြည့် သော် ကောင်း ကင် အ ရာ၊ မြေ ကြီး အ ရာ ခပ် သိမ်း ကို ခ ရစ် တော်၌ ချုပ် ခြာ မည့် စေ တ နာ အ ကြံ တော် အ လျောက် နက် နဲ သော သ ဘော တော် ကို ဖော် ပြ တော် မူ လျက်၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် အ မျိုး မျိုး နှင့် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ သ နား တော် မူ ၏။
9
10
11
ခ ရစ် တော်၌ ဦး စွာ မျှော် လင့် လျက် နေ ခဲ့ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ကြံ ရွယ် သော သ ဘော တော် အ လိုက် အ ရာ ရာ ကို ပြု ပြင် တော် မူ သော အ ရှင်၏ အ ကြံ တော် နှင့် အ ညီ တင် ရင် မှတ် သား တော် မူ ခြင်း ခံ ပြီး လျှင် ထို အ ရှင် အား ဖြင့် ပိုင် ရာ တော် ဖြစ် ကြ လေ ပြီ။
12
13
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
14
15
ထို အ ကြောင်း ကြောင့် အ ရှင် ယေ ရှု အား သင် တို့ ယုံ ကြည် ခြင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အား သင် တို့ ချစ် ခြင်း အ ကြောင်း ကို ကြား ရ သော ငါ က လည်း၊
16
သင် တို့ ကို မ ပြတ် သ တိ ရ လျက်၊ သင် တို့ အ တွက် ကျေး ဇူး တော် ကို ချီး မွမ်း ရာ၊
17
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော အ ဘ ခ မည်း တော် သည် ခေါ် ထား တော် မူ ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း၊ သီး သန့် ထား တော် မူ သူ တို့ ခံ စား ရ သော ပိုင် စု ဆိုင် ရာ ဘုန်း အ သ ရေ ကြွယ် ဝ ခြင်း၊ ယုံ ကြည် သူ ငါ တို့ အ ပေါ်၌ တည် သော တန် ခိုး တော့် ဆိုင် ရာ ကြီး မြတ် လွန် ကဲ ခြင်း များ ကို သိ မြင် ကြ စေ ရန် မ နော စ က္ခု ပွင့် လင်း စေ လျက် ကိုယ် တော် ကို သိ ကျွမ်း ရာ၌ ဗျာ ဒိတ် တော် နှင့် ဉာဏ် ပ ညာ သ ဘော ကို ပေး သ နား တော် မူ ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ၏။
18
19
20
ဆို ခဲ့ သည့် ခွန် အား အ စွမ်း သ တ္တိ တန် ခိုး တော် ဖြင့် ခ ရစ် တော်၌ ပြု ပြင် တော် မူ လျက် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ကို လည်း ကောင်း၊ နတ် မင်း၊ အာ ဏာ ရှင်၊ တန် ခိုး ရှင်၊ အုပ် စိုး ရှင် ဟူ သ မျှ မှ စ သော၊ ယ ခု ဘ ဝ၊ နောင် ဘ ဝ၌ သ မုတ် သော ဘွဲ့ နာ မ ရှိ သ မျှ တို့ အ ထက်၊ ကောင်း ကင် ဘုံ တွင် ယာ ဘက် တော်၌ စံ နေ ခြင်း ကို လည်း ကောင်း၊ အ ရာ ခပ် သိမ်း ကို ခြေ တော့် အောက် ချ ထား ခြင်း ကိုလည်း ကောင်း၊ ရှိ သ မျှ၏ ဦး ထိပ် အ ဖြစ် အ သင်း တော် အား သ နား ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ၏။
21
22
23
အ သင်း တော် မူ ကား ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ သော အ ရှင်၏ အ ဖြည့် အ စွက်၊ ကိုယ် တော်၏ ကိုယ် ခ န္ဓာ ဖြစ် သ တည်း။