1
လူ မျိုး ခြား တို့ ပင် ကင်း သော မေ ထုန် မှု ကို သင် တို့ ဘောင် တွင် လူ တစ် ယောက် သည် ကိုယ့် နှောင်း မိ နှင့် ပြု ကြောင်း မု ချ ကြေ ငြာ ရှိ လျက် နှင့်၊
2
သင် တို့ သည် ထို သို့ ပြု ကျင့် သူ့ ကို ဝမ်း နည်း စွာ မ နှင် ထုတ် ဘဲ ဝင့် ဝါ လျက် ရှိ ကြ လေ စွ။
3
ကိုယ် ခ န္ဓာ ဝေး ကွာ လျက် စိတ် ဝိ ညာဉ် ရောက် ရှိ သော ငါ မူ ကား ကိုယ် တိုင် ရောက် ဘိ သ ကဲ့ သို့ ထို သို့ ပြု သော သူ့ ကို စီ ရင် သည် မှာ၊
4
ငါ တို့ အ ရှင် ယေ ရှု၏ နာ မ တော် ကို ထောက်၍ ငါ့ စိတ် ဝိ ညာဉ် နှင့် သင် တို့ စည် ဝေး ကြ ပြီး လျှင် အ ရှင် ဘုရား၏ နေ့ ရက် တော်၌ နာမ် ခ န္ဓာ ဘေး လွတ် ခြင်း အ ကျိုး ငှာ ရုပ် ခ န္ဓာ အ ပျက် ခံ စေ ရန် စာ တန့် လက် သို့ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ အ ခွင့် တန် ခိုး အား ဖြင့် အပ် သင့် ကြောင်း တည်း။
5
6
သင် တို့ ဝါ ကြွား ခြင်း မှာ သင့် လျော် သည် မ ဟုတ်၊ တ ဆေး အ နည်း ငယ် သည် တ ပေါင်း လုံး ပေါက် စေ တတ် ကြောင်း မ သိ ကြ လော။
7
သင် တို့ သည် တ ဆေး ကင်း ပြီး ဖြစ် ကြ သည် နှင့် အ ညီ၊ အ သစ် ပေါင်း ဖြစ် ရန် တ ဆေး ဟောင်း ကို ပယ် ရှင်း ကြ လော့။ ခ ရစ် တော် တည်း ဟူ သော ငါ တို့၏ ပ သ ခါ သိုး သား ငယ် ကို ပူ ဇော် ပြီး ဖြစ်၍၊
8
တ ဆေး ဟောင်း သော် လည်းကောင်း၊ ယုတ် မာ ခြင်း၊ ဆိုး သွမ်း ခြင်း တ ဆေး သော် လည်း ကောင်း မ ပါ ဘဲ တ ဆေး ကင်း သော ကြည် လင် ခြင်း၊ သ စ္စာ စောင့် ခြင်း ဖြင့် ထို ပွဲ ကို ခံ ကြ ကုန် အံ့။
9
မ တ ရား သော မေ ထုန် ပြု သူ တို့ နှင့် မ ပေါင်း ဖော် ကြ စေ ရန် အ ထက် စာ တွင် ငါ ရေး လိုက် သည် မှာ၊
10
ဤ လော က ရှိ မ တ ရား မေ ထုန် ပြု သူ၊ လော ဘ ရှိ၍ လု ယက် သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ တို့ ကို ငါ မ ဆို လို။ ထို သို့ ဆို လျှင် သင် တို့ သည် ဤ လော က မှ ထွက် သွား ရန် ရှိ တော့ သည်။
11
ယ ခု မှာ ညီ အစ် ကို အ ခေါ် ခံ ရ သူ သည် မ တ ရား မေ ထုန် ပြု သူ၊ လော ဘ ရှိ သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ၊ ကဲ့ ရဲ့ သူ၊ သောက် ကြူး သူ၊ လု ယက် သူ ဖြစ် လျင် ထို သို့ သော သူ နှင့် မ ပေါင်း ဖော် ရ၊ အ တူ မ စား မ သောက် ရ ဟု ငါ ရေး လိုက်၏။
12
သာ သ နာ ပ တို့ ကို စီ ရင် ဆုံး ဖြတ် ခြင်း သည် ငါ နှင့် မည် သို့ ဆိုင် သ နည်း။ သာ သ နာ ဝင် တို့ ကို သင် တို့ စီ ရင် ဆုံး ဖြတ် ရ သည် မ ဟုတ် လော။
13
သာ သ နာ ပ တို့ ကို ကား ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ၏။ ထို လူ ဆိုး ကို သင် တို့ ဘောင် မှ နှင် ထုတ် ကြ လော့။