၁ ကော-3

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ညီ အစ် ကို တို့၊ ငါ လည်း သင် တို့ အား ဝိ ညာဉ် သက် ဝင် သူ များ အ ဖြစ် မ ကြား မ ပြော ရ ဘဲ ရုပ် စွဲ သူ ခ ရစ် တော်၌ နု သူ များ အ ဖြစ် ကြား ပြော ရ ၏။
  • 2 ခဲ ဖွယ် ကို သင် တို့ မ ကျေ ကျက် နိုင် သော ကြောင့် ကျွေး ခွင့် မ ရ ဘဲ နို့ ရည် သာ ငါ တိုက် ရ ၏။
  • 3 ရုပ် စွဲ လျက် ရှိ သေး သော ကြောင့် ယ ခု တိုင် အောင် မ ကျေ ကျက် နိုင် ချေ။ သင် တို့ ဘောင် တွင် ပြိုင် ဆိုင် ခြင်း ခိုက် ရန် ဖြစ် ခြင်း များ ရှိ စဉ် ရုပ် စွဲ သူ ပု ထု ဇဉ် အ လိုက် ကျင့် ကြံ ပြု မူ သူ ဖြစ် ကြ သည် မ ဟုတ် လော။
  • 4 တစ် ယောက် က ငါ သည် ပေါ လု တ ပည့်၊ တစ် ယောက် က ငါ ကား အာ ပေါ လု တ ပည့် ဟု ဆို သော် သင် တို့ သည် ပု ထု ဇဉ် ဖြစ် ကြ သည် မ ဟုတ် လော။
  • 5 အာ ပေါ လု သည် မည် သို့ သော သူ နည်း။ ပေါ လု လည်း မည် သို့ သော သူ နည်း။ အ သီး အ သီး အ ရှင် ဘု ရား အ ထံ တော် မှ အ ခွင့် ရ သည့် အ တိုင်း သင် တို့ ယုံ ကြည် စေ ခြင်း ငှာ အ မှု တော် ဆောင် မျှ ဖြစ် ကြ ၏။
  • 6 ငါ သည် စိုက် ပျိုး ခြင်း၊ အာ ပေါ လု သည် ရေ လောင်း ခြင်း ပြု သည် မှန်၏။ ကြီး ပွား ခွင့် မူ ကား ဘု ရား သ ခင် ပေး တော် မူ၏။
  • 7 သို့ ဖြစ်၍ စိုက် ပျိုး သူ၊ ရေ လောင်း သူ၊ ပ ဓာ န မ ဟုတ်။ ကြီး ပွား စေ တော် မူ သော ဘု ရား သ ခင် သာ ပ ဓာ န ဖြစ်၏။
  • 8 စိုက် ပျိုး သူ နှင့် ရေ လောင်း သူ အ တူ အ ညီ ဖြစ် သော် လည်း ကိုယ် စီ အား ထုတ် သည့် အ လျောက် အ ကျိုး ဆက် ခံ ရ လိမ့် မည်။
  • 9 ငါ တို့ သည် ဘု ရား သ ခင်၏ လုပ် ဖော် ဆောင် ဖက် များ ဖြစ် လျက် သင် တို့ လည်း ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ဘုရား သ ခင်၏ အ ဆောက် အ ဦး တော် ဖြစ် ၏။
  • 10 ငါ ခံ စား ရ သော ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် အ ညီ လက် မြောက် သော ဗိ သု ကာ အ ဖြစ် ငါ ချ ထား သော တိုက် မြစ် ပေါ် တွင် သူ တစ် ထူး တို့ တည် ဆောက်၏။ အ သီး အ သီး မည် သို့ တည် ဆောက် သည် ကို အ လေး ဂ ရု ပြု ပါ စေ။
  • 11 ယေ ရှု ခ ရစ် တည်း ဟူ သော ချ ထား ပြီး တိုက် မြစ် မှ တစ် ပါး မည် သူ မျှ မ ချ နိုင်။
  • 12 သို့ ရာ တွင် ထို တိုက် မြစ် ပေါ်၌ ရွှေ၊ ငွေ၊ ကျောက် မျက်၊ သစ်၊ ဝါး၊ မြက်၊ ကောက် ရိုး များ နှင့် တည် ဆောက် အံ့။
  • 13 အ သီး အ သီး၏ အ လုပ် သည် ပေါ် ရ လ တ္တံ့။ အ သီး အ သီး ၏ အ လုပ် ကို မည် သည့် အ ရည် ဖြစ် ကြောင်း နေ့ တော် မီး စံ ချ သည့် အ လျောက် မီး၌ ထင် ရှား မည့် နေ့ ရက် တော် သည် ဖော် ပြ လိမ့် မည်။
  • 14 တည် ဆောက် ထား သူ၏ အ လုပ် တည် တံ့ လျှင် ထို သူ သည် အ မြတ် ရ လိမ့် မည်။
  • 15 ကျွမ်း လောင် လျှင် မူ ကား အ ရှုံး ခံ ရ လိမ့် မည်။ သို့ ရာ တွင် မီး ထဲ က လွတ် မြောက် သ ကဲ့ သို့ ကိုယ် တိုင် ဘေး လွတ် ရ လိမ့် မည်။
  • 16 သင် တို့ သည် ဘု ရား သ ခင်၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို လည်း ကောင်း၊ သင် တို့၌ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် ကိန်း ဝပ် တော် မူ သည် ကို လည်း ကောင်း မ သိ ကြ လော။
  • 17 မည် သူ မ ဆို ဘု ရား သ ခင်၏ ဗိ မာန် တော် ကို ဖျက် ဆီး လျှင် ထို သူ့ ကို ဘု ရား သ ခင့် ဖျက် ဆီး တော် မူ လိမ့် မည်။ ဘု ရား သ ခင်၏ ဗိ မာန် တော် ဖြစ် သော သင် တို့ ကား သီး သန့် ထား တော် မူ သော အ ရာ ပေ တည်း။
  • 18 မည် သူ မျှ ကိုယ် ကို မ လှည့် ဖြား စေ နှင့်။ ဘု ရား သ ခင့် ရှေ့ တော်၌ လော ကီ ပ ညာ သည် အ မိုက် ဖြစ် သော ကြောင့် မည် သူ မ ဆို ယ ခု ကာ လ ဆိုင် ရာ ပ ညာ ရှိ သည် ဟု ထင် မှတ် လျှင် ပ ညာ မှန် ရှိ စေ ရန် လူ မိုက် ဖြစ် ပါ စေ။ အ သို့ ဆို သော် ကိုယ် တော် သည် ပ ညာ ရှိ တို့ ကို ကိုယ့် စဉ်း လဲ ခြင်း အား ဖြင့် ဖမ်း ဆီး တော် မူ သည် ဟူ၍လည်းကောင်း၊ ပ ညာ ရှိ တို့ အ ကြံ အ စည် များ သည်၊
  • 19
  • 20 အ ချည်း အ နှီး ဖြစ် ကြောင်း ထာ ဝ ရ ဘု ရား သိ တော် မူ သည် ဟူ၍လည်းကောင်း ကျမ်း ချက် ရှိ၏။
  • 21 သို့ ဖြစ်၍ လူ ကြောင့် မည် သူ မျှ ကိုယ် ကို ဂုဏ် မ တင် စေ နှင့်။ ရှိ ရှိ သ မျှ သည် သင် တို့ ပိုင် ဖြစ်၏။
  • 22 ပေါ လု၊ အာ ပေါ လု၊ ကေ ဖ တို့ သော်လည်းကောင်း၊ ဤ လော က သော်လည်းကောင်း၊ ရှင် ခြင်း နှင့် သေ ခြင်း သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာ ဂတ် အ ရာ သော်လည်းကောင်း ရှိ ရှိ သ မျှ သည် သင် တို့ ပိုင်။
  • 23 သင် တို့ လည်း ခ ရစ် တော် ပိုင် ဖြစ်၏။ ခ ရစ် တော် ကား ဘု ရား သ ခင် ပိုင် ဖြစ် တော် မူ သ တည်း။
回到本卷目录 回到本版本目录 回到首页