1
ထို နောက်၊ ငါ နှင့် မြွက် ဆို သော စေ တ မန် တော် သည် ပြန် လာ လျက်၊ အိပ် ပျော် သူ့ ကို နှိုး သည့် နည်း တူ၊ ငါ့ ကို နှိုး ပြီး လျှင်၊
2
မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး သော်၊ ငါ က၊ ရှု ကြည့် ရ သည့် အ တိုင်း၊ ရွှေ သား မီး ခုံ တော် အ ထက်၊ ဆီ အိုး နှင့် မီး ခု နစ် ခွက် ကို လည်း ကောင်း၊ ထို ခု နစ် ခွက် သို့ ဆင်း ရာ ပြွန် တစ် သွယ် စီ ကို လည်း ကောင်း၊
3
ဆီ အိုး ဝဲ ယာ ၌ သံ လွင် ပင် တစ် ပင် စီ ကို လည်း ကောင်း၊ မြင် ရ ပါ သည် ဟု ပြန် လျှောက် ၏။
4
ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ အို အ ရှင် ဘု ရား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု ဆက် လက် မေး ပြန် သော်၊
5
ထို စေ တ မန် တော် က၊ ဤ အ ရာ ကို မ သိ လော ဟု ပြန် ဆို လျှင်၊ မ သိ ပါ အ ရှင် ဘု ရား ဟု ငါ လျှောက် ပြန် ၏။
6
ထို အ ခါ၊ ငါ့ အား စေ တ မန် တော် က၊ ဤ အ ရာ ကား၊ အ လုံး အ ရင်း ကြောင်း မ ဟုတ်၊ အ စွမ်း သ တ္တိ ကြောင့် လည်း မ ဟုတ်၊ ငါ့ ဝိညာဉ် တော် ကြောင့် သာ အ ကြံ မြောက် မည် ဟု၊ ဇေ ရု ဗ ဗေ လ အား ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် တော် တည်း။
7
အို ကျောက် တောင် ကြီး၊ သင် အ ဘယ် နည်း။ ဇေ ရု ဗ ဗေ လ ရှေ့ တွင် လွင် ပြင် ဖြစ် ရ မည့် အ လျောက်၊ သာ ဓု၊ သာ ဓု၊ ဟု အ နု မော ဒ နာ သံ နှင့် တ ကွ၊ တိုက် ထွဋ် ကျောက် ကို၊ ထို မင်း ယူ တင် လိမ့် မည် ဟု မိန့် ဆို ပြီး လျှင်၊
8
ဇေ ရု ဗ ဗေ လ သည်၊ ဤ ဗိ မာန် တိုက် မြစ် ကို ချ သည့် အ တိုင်း၊ အ ပြီး သတ် တည် ဆောက် ရ လိမ့် မည်။ ပ ရော ဖက် ကို ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား စေ လွှတ် ကြောင်း သင် တို့ သိ ရ ကြ လ တ္တံ့။
9
10
အ မှု ငယ် နေ့ ကို မ ထီ လေး စား ပြု သူ ရှိ သ လော။ ထို သူ တို့ သည်၊ ဇေ ရု ဗ ဗေ လ စွဲ ကိုင် သော မှန် ထုပ် ကို မြင် ရ လျက်၊ ရွှင် လန်း ကြ ရ လ တ္တံ့။ ထို ခု နစ် ခွက် မှာ မူ၊ မြေ တစ် ပြင် လုံး နှံ့ လှည့် လှည် ကြည့် ရှု သော၊ ထာ ဝ ရ ဘု ရား၏ စ က္ခု တော် တည်း ဟု၊ ငါ တို့ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရောက် ပြန် ၏။
11
ထို့ နောက် ငါ က၊ မီး ခုံ ဝဲ ယာ ရှိ သံ လွင် နှစ် ပင် ကား၊ မည် သို့ ပါ နည်း ဟူ၍ လည်း ကောင်း၊
12
ရွှေ ဆီ ကို သွန်း လောင်း သော ရွှေ ပြွန် နှစ် သွယ် နှင့် ပူး ကပ် သော သံ လွင် နှစ် လက် ကား၊ မည် သို့ ပါ နည်း ဟူ၍ လည်း ကောင်း၊
13
ဆက် လက် မေး ပြန် သည့် အ တိုင်း၊ စေ တ မန် တော် က၊ ဤ အ ရာ ကို မ သိ လော ဟု ပြန် ဆို လျှင်၊
14
မ သိ ပါ၊ အ ရှင် ဘု ရား ဟု ငါ လျှောက် ပြန် သော်၊ မြေ တစ် ပြင် လုံး ပိုင် ရှင့် ရှေ့ တော် တွင် ခ စား ရ သော၊ ဆီ ဘိ သိက် ခံ သူ နှစ် ဦး တို့ တည်း ဟု မိန့် ဆို ၏။