ဇေဖနိ-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မျက် နှာ ပြောင် တိုက် သော အို လူ မျိုး၊ ဆုံး ဖြတ် တော် မူ ချက် အ တည် မ ပြု သေး သည့် အ တွင်း၊ ဖွဲ ကဲ့ သို့ အ မြန် ကုန် သော ကာ လ မ လွန်၊ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် မ သင့်၊ အ မျက် ဒဏ် ထား ရာ နေ့ မ တိုင် မီ စု ရုံး ကြ လော့။
  • 2
  • 3 စိတ် နှိမ့် ချ စွာ တ ရား စောင့် သော၊ အို ပြည် သူ ပြည် သား တို့၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဖြောင့် မတ် ခြင်း တ ရား၊ စိတ် နှိမ့် ချ ခြင်း တ ရား ကို လည်း ကောင်း၊ ရှာ တွေ့ ကြ လော့။ ထာ ဝ ရ ဘု ရား အ မျက် ဒဏ် ထား ရာ နေ့ ၌၊ သင် တို့ သည်၊ ပုန်း ရှောင် ခွင့် ရ ကောင်း ရ ကြ လိမ့် မည်။
  • 4 ဂါ ဇ မြို့ သည် လက် လွှတ် ရာ၊ အာ ရှ ကေ လုန် မြို့ သည် ဆိတ် ညံ ရာ ရောက် လိမ့် မည်။ အာ ဇုတ် မြို့ သည် မွန်း တည့် အ ချိန်၌ နှင် ထုတ် ခြင်း၊ ဧ ကြုန် မြို့ သည် ဆွဲ နုတ် ခြင်း ခံ ရ လ တ္တံ့။
  • 5 သ မု ဒ္ဒ ရာ ကမ်း ခြေ ခ ရိုင် ရှိ၊ ခေ ရ သိ လူ မျိုး သည် အ မင်္ဂ လာ ရှိ ကြ၏။ ဖိ လိ တ္တိ လူ မျိုး နေ ထိုင် ရာ အို ခါ နာန် ပြည်၊ သင့် ကို ရည် ၍ ထာ ဝ ရ ဘု ရား ထုတ် သော အ မိန့် တော် ကား။ တိုင်း ရင်း သား မ ရှိ သည့် တိုင် အောင်၊ ငါ ဖျက် ဆီး မည့် အ လျောက်၊
  • 6 သ မု ဒ္ဒ ရာ ကမ်း ခြေ ခ ရိုင် သည်၊ စား ကျက် များ၊ သိုး ထိန်း တို့ တဲ များ၊ သိုး ခြံ များ ဖြစ် လိမ့် မည်။
  • 7 သုံ့ ဘမ်း ခံ ရ သော ယု ဒ အ မျိုး သား အ ကြွင်း အ ကျန် တို့ ကို၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ကြည့် အ ရှု ကြွ လာ လျက်၊ ပြန် လာ စေ တော် မူ သည့် အ တိုင်း၊ ထို ခ ရိုင် သည် သူ တို့ ထိန်း ကျောင်း ရာ၊ အာ ရှ ကေ လုန် မြို့ ရှိ အိမ် များ လည်း သူ တို့ ညဉ့် အိပ် ရာ အ ရပ် ဖြစ် လ တ္တံ့ ဟူ၍ တည်း။
  • 8 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ ငါ့ လူ မျိုး တော် ကို ကဲ့ ရဲ့၍ ပြည် တော် ကို စော် ကား သော၊ မော ဘ လူ မျိုး တို့ ကဲ့ ရဲ့ ခြင်း၊ အ မ္မုန် အ မျိုး သား တို့ ဆဲ ရေး ခြင်း ကို၊ ငါ ကြား သိ လေ ပြီ။ သို့ ဖြစ်၍၊ မော ဘ ပြည် သည်၊ သော ဒုံ မြို့၊ အမ္မုန် ပြည် သည်၊ ဂေါ မော ရ မြို့ ကဲ့ သို့၊ ရှား စောင်း ပေါက် ရာ၊ ဆား ထွက် ရာ ဖုန်း ဆိုး ကုန်း တည် မြဲ လျက်၊ လူ မျိုး တော် အ ကြွင်း အ ကျန် တို့ လက် ရ သိမ်း ယူ ရာ ဖြစ် လ တ္တံ့ ဟု၊ အ သက် တော် ကို တိုင် တည်၍ ငါ မိန့် ဆို ၏။
  • 9
  • 10 ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ကို၊ ကဲ့ ရဲ့၍ စော် ကား ကြ သော ကြောင့်၊ ဂုဏ် အ သ ရေ အစား၊ ထို သို့ ခံ ရ ကြ လတ္တံ့။
  • 11 လော က ဘု ရား ဟူ သ မျှ ကို ပိန် ကြုံ စေ မည့် ငါ ထာ ဝ ရ ဘု ရား သည်၊ ထို လူ မျိုး တို့ အား ကြောက် ရွံ့ ဖွယ် အ ဖြစ် ထင် ရှား လျက်၊ ကျွန်း ကြီး ကျွန်း ငယ် ရှိ လူ မျိုး ခြား အ ပေါင်း တို့ သည်၊ နေ ရင်း အ ရပ် မှ ပင်၊ ငါ့ ကို ရှိ ခိုး ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
  • 12 အို ကု ရှ လူ မျိုး၊ သင် တို့ လည်း ဓား တော် ဖြင့် လုပ် ကြံ ခံ ရ ကြ လ တ္တံ့။
  • 13 ကိုယ် တော် သည်၊ မြောက် ပိုင်း အာ ရှု ရိ ပြည် ကို၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ဖျက် ဆီး ပြီး လျှင်၊ နိ န ဝေ မြို့ တော် ကို လည်း သဲ က န္တာ ရ ကဲ့ သို့၊ သွေ့ ခြောက် သော မြို့ ဆိုး ကုန်း ဖြစ် စေ တော် မူ သည့် အ တိုင်း၊
  • 14 သား ရိုင်း အ မျိုး မျိုး တို့ သည်၊ ထို မြို့ ပျက် တွင် စု ရုံး အိပ် ၀ပ် ခြင်း၊ ၀ံ ပို နှင့် ဗျိုင်း တို့ သည် တိုင် ထိပ် များ၌ နား၍၊ လေ သာ ပေါက် များ၌ မြည် ခြင်း ကို ပြု စဉ်။ အ ခင်း အ ကာ ကို ဖျက် တော် မူ ပြီး သော၊ တိုက် အိမ် များ သည်။ ဆိတ် ဆိတ် ညံ ညံ ဖြစ် လိမ့် မည်။
  • 15 ငါ မှ တစ် ပါး အ ခြား မြို့ မ ရှိ ဟု အောက် မေ့ လျက်၊ ပျော် မွေ့ လျစ် လျူ စွာ နေ ထိုင် သော မြို့ တော် ကား၊ ထို မြို့ တည်း။ လူ တို့ ဆိတ် ညံ ရာ၊ သား ရိုင်း တို့ အိပ် ဝပ် ရာ ဖြစ် ပြီ တ ကား။ သီ သွား သူ တိုင်း လက် ညှိုး ညွှန် လျက် ပြက် ရယ် ပြု ကြ လ တ္တံ့။
回到本卷目录 回到本版本目录 回到首页