ဇေဖနိ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အာ မုန် မင်း သား တော်၊ ယု ဒ ဘု ရင် ယော ရှိ မင်း လက် ထက်၊ ဟေ ဇ ကိ တီ၊ အာ မ ရိ မြစ်၊ ဂေ ဒ လိ မြေး၊ ကု ရှိ သား ဇေ ဖ နိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား။
  • 2 ငါ သည် မြေ မျက် နှာ ပြင် ရှိ ရှိ သ မျှ ကို သိမ်း ရုံး မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
  • 3 လူ သူ တိ ရ စ္ဆာန် မှ စ၍၊ လေ သ တ္တ ဝါ၊ ရေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ လူ ဆိုး တို့ နှင့် မှောက် မှား ရန် အ ကြောင်း များ ကို လည်း ကောင်း သိမ်း ရုံး လျက်၊ လူ သ တ္တ ဝါ တို့ ကို မြေ မျက် နှာ ပြင် မှ ပယ် ရှား မည်။
  • 4 ငါ သည် ယု ဒ ပြည် သူ နှင့် ယေ ရု ရှ လင် မြို့ သား တို့ အ ပေါ် တွင်၊ လက် ရုံး တော် ကို ဆန့် တန်း ၍၊ ဤ ဒေ သ ရှိ ဗာ လ နတ် ရုပ် ကြွင်း ကျန် သ မျှ ကိုလည်း ကောင်း၊ ယဇ် ပ ရော ဟိတ် တို့ နှင့် ပ ဆန်း တို့ အ မည် ကိုလည်း ကောင်း၊
  • 5 အ မိုး ပျဉ် တွင်၊ က မ္ဘာ့ တန် ဆာ အား ရှိ ခိုး ကြ သော သူ တို့ ကိုလည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား ထံ သ စ္စာ တော် ခံ လျက် ပင်၊ မိ လ ခုံ အား တိုင် တည်၍ သ စ္စာ ဆို ခြင်း၊ ရှိ ခိုး ခြင်း ပြု ကြ သော သူ တို့ ကို လည်း ကောင်း၊
  • 6 ငါ ထာ ဝ ရ ဘု ရား ထံ မ ရှာ မ ဖွေ၊ မ မေး မ လျှောက် ဘဲ ဆုတ် ခွာ ကြ သော သူ တို့ ကို လည်း ကောင်း၊ ပယ် ရှား မည် ဟု ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။
  • 7 နေ့ ရက် တော် သည် ရောက် လု ပြီ ဖြစ်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဆိတ် ဆိတ် နေ ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည် ယဇ် ပွဲ ကို ယင် လျက်၊ ခေါ် ဖိတ် သူ တို့ ကို သီး သန့် ထား လေ ပြီ။
  • 8 ထို ယဇ် ပွဲ တော် နေ့၌၊ မင်း ညီ မင်း သား များ၊ မှူး မတ် များ နှင့် တိုင်း ရင်း အ ဝတ် မ ဆင် သူ တို့ ကို၊ ငါ ဒဏ် စီ ရင် မည်။
  • 9 အိမ် ကို ဖောက် ထွင်း၍၊ ကြမ်း ကြုတ် မှု၊ လိမ် လည် မှု နှင့် ကိုယ့် သ ခင့် တိုက် ပြည့် စေ သူ တို့ ကို လည်း၊ ထို နေ့ ရက်၌ ဒဏ် စီ ရင် မည်။
  • 10 ထို နေ့ ရက်၌၊ ငါး တံ ခါး အ ရပ် တွင် ဟစ် သံ၊ ဒု တိ ယ အ ရပ် တွင် အော် သံ၊ ကုန်း အ ရပ် တွင် ပျက် စီး ပယ် ရှား သံ ကို ကြား ရ ကြ လိမ့် တ ကား။
  • 11 အို ဈေး တန်း သား တို့၊ ကုန် သည် ရှိ သ မျှ သည် သုတ် သင် ခြင်း၊ ပွဲ စား ရှိ သ မျှ လည်း ပယ် ရှား ခြင်း ခံ ရ သော ကြောင့်၊ အော် ကြ လော့။
  • 12 ထို ကာ လ၌ ငါ သည်၊ ယေ ရု ရှ လင် မြို့ ကို မီး ရှူး များ နှင့် လိုက် စစ်၍၊ ကောင်း ကျိုး ကို လည်း ကောင်း၊ မ ကောင်း ကျိုး ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မ ပေး နိုင် ဟု အောက် မေ့ လျက်၊ လက် ဟောင်း စ ပျစ် ရည် သ ဖွယ် ပြစ် ချွဲ သော သူ တို့ ကို ဒဏ် စီ ရင် မည့် အ လျောက်၊
  • 13 ချင်း တို့ စည်း စိမ် သည် လု ယူ ရာ၊ အိမ် များ လည်း ဆိတ် ညံ ရာ ရောက် သည့် ပြင်၊ အိမ် သစ် များ ကို တည် ဆောက် သော် လည်း နေ ထိုင် ခွင့်၊ စ ပျစ် ခြံ များ ကို စိုက် ပျိုး သော် လည်း သုံး သောက် ခွင့် ရ ကြ တော့ မည် မ ဟုတ်။
  • 14 ငါ ထာ ဝ ရ ဘု ရား၏ နေ့ တော် ကြီး သည်၊ ရှောင် တ ခင် ရောက် အံ့ ဆဲ ဖြစ်၍ နီး ကပ် လေ ပြီ။ ထို နေ့ ရက်၌၊ စွမ်း ရည် ကောင်း သူ သည်၊ ပြင်း ထန် စွာ အော် ဟစ် ရ သည် တ ကား။
  • 15 ထို နေ့ တော် သည်၊ အ မျက် ဒဏ် သင့် ရာ နေ့၊ ညှဉ်း ပန်း နှိပ် စက် ရာ နေ့၊ ဖျက် ဆီး ပယ် ရှား ရာ နေ့၊ မိုး ပိတ် လျက် မှောင် အ တိ နေ့၊ မိုး အုံ့ ၍ မှောင် ကျ ရာ နေ့၊
  • 16 မြင့် သော ခံ တပ်၊ ခံ မြို့ များ တစ် ဘက်၊ တံ ပိုး မှုတ်၍ အောင် သံ လွှင့် ရာ နေ့ ဖြစ် သည့် အ တိုင်း၊
  • 17 ငါ ထာ ဝ ရ ဘု ရား အား ပြစ် မှား သော လူ သ တ္တ ဝါ တို့ အ ပေါ်၌၊ ဒု က္ခ ကို ငါ သင့် ရောက် စေ သ ဖြင့်၊ ထို သူ တို့ သည် မျက် မ မြင် တို့ ကဲ့ သို့ သွား လာ ရ လျက်၊ မြေ မုန့် သ ဖွယ် သွေး သွန်း ခြင်း၊ ဘင် ပုပ် သ ဖွယ် အ လောင်း ပစ် ခြင်း ကို ခံ ရ ကြ လ တ္တံ့။
  • 18 မြေ ပ ထ ဝီ၌ နေ ထိုင် သူ အ ပေါင်း တို့ ကို၊ အ လန့် တ ကြား ကုန် ဆုံး စေ မည့် အ လျောက်၊ ငါ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ရာ နေ့၌၊ ရွှေ ငွေ အား ဖြင့် ဘေး မ လွတ် ရ ဘဲ၊ မြေ တစ် ပြင် လုံး သည်၊ ရှု စိတ် တော် မ မူ ခြင်း အ ရှိန် ကြောင့်၊ ကျွမ်း လောင် ခံ ရ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页