1
ကျမ်း တိုက် ၍ မေး သော သက် သေ ခံ သူ သည် သိ မြင် ရာ ကို မ ဖော် ပြ ဘဲ ပြစ် မှား သ ဖြင့် ဝ စီ ဒု စ ရိုက် ဝန် ထမ်း သော် လည်း ကောင်း၊
2
လူ တစ် ဦး သည် မ သန့် သော သား ယဉ် သား ရဲ အ သေ ကောင် ကို ဖြစ် စေ၊ မ သန့် သော ပိုး မွှား အ ကောင် အ လောင်း ကို ဖြစ် စေ၊ မ သိ ဘဲ ထိ မိ၍ မ သန့် ရာ ရောက် သ ဖြင့် အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊ လူ ဆိုင် သော မ သန့် ရာ တစ် စုံ တစ် ခု ကို မ သိ ဘဲ ထိ မိ၍၊
3
သိ သော အ ခါ အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊
4
လူ တစ် ဦး သည် အ ကောင်း အ ဆိုး ကို ပြု မည် ဟု အ ကျိုး အ ပြစ် မ မျှော် မြင် ဘဲ ကျိန် ဆို မိ၍ သိ သော အ ခါ ဆို ခဲ့ ရာ အ တွက် အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊
5
ပြစ် မှား မိ ၍ ဒဏ် ခံ ထိုက် သော အ ရာ ရာ ကို ဖော် ပြ ပြီး လျှင်၊
6
ပြစ် မှား မိ သော အ ပြစ် အ တွက် ဒဏ် ပြေ စေ ရန် ထာ ဝ ရ ဘု ရား ထံ၊ သိုး သား ငယ် မ၊ ဆိတ် မ တစ် ကောင် ကောင် ကို အုပ် မှ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် ဆောင် သွင်း ရာ ပ ရော ဟိတ် သည် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။
7
သိုး ဆိတ် လက် ဝယ် မ ရှိ လျှင် ပြစ် မှု အ တွက် ဒဏ် ပြေ စေ ရန် အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ ချိုး နှစ် ကောင် ဖြစ် စေ၊ ခို နှစ် ကောင် ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ထံ တင် သွင်း ရာ၊
8
ခံ ယူ သော ပ ရော ဟိတ် သည် အ ကောင် ကို မ ခွဲ ဘဲ ဦး ခေါင်း ကို လိမ် ဖြတ်၍ အ ပြစ် ဖြေ ရာ သ က္ကာ အ ကောင် ကို ဦး စွာ ဆက် ကပ် ပြီး လျှင်၊
9
အ သွေး အ ချို့ အ ဝက် ကို ပ လ္လင် တော် ဘေး၌ ဖျန်း ခြင်း၊ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ကျန် သော အ သွေး ကို ပ လ္လင် တော် ခြေ ရင်း သို့ ညှစ် ချ ခြင်း ပြု ရ မည်။
10
တစ် ကောင် ကို ကား မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဖြင့် ဆုံး ဖြတ် တော် မူ ချက် အ ရ စီ ရင် လျက် ပြစ် မှား မိ သော အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ မည်။
11
ချိုး နှစ် ကောင်၊ ခို နှစ် ကောင် လက် ဝယ် မ ရှိ လျှင် ပြစ် မှု အ တွက် မုန့် ညက် တစ် စ ရွတ် ကို အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် တင် သွင်း လှူ ဒါန်း စေ။ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ဆီ လောင်း ခြင်း၊ လော ဗန် တင် ခြင်း မ ပြု ရ။
12
ခံ ယူ သော ပ ရော ဟိတ် သည် မှတ် သား တော် မူ ဖွယ် အ ဖြစ် တစ် လက် ဆွန်း ကို သဲ့ ယူ၍၊ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ အ ပေါ် တွင် ပ လ္လင် တော် ထက် ပူ ဇော် လျက်၊
13
ပြစ် မှား မိ သော အ ရာ ရာ အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။ အ ကျန် ကား ဘော ဇဉ် သ က္ကာ နည်း တူ၊ ပ ရော ဟိတ် ပိုင် ရာ ဖြစ် သ တည်း ဟု မိန့် တော် မူ၏။
14
တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊
15
လူ တစ် ဦး သည် ထာ ဝ ရ ဘု ရား ပိုင် ရာ တော် နှင့် စပ် လျဉ်း၍ မ တော် တ ဆ လွန် ကျူး ပြစ် မှား မိ လျှင် ကျပ် ချိန် တော် အ လိုက် သင် ပြတ် သော တန် ဖိုး အ တိုင်း ကြန် အင် စုံ သော သိုး ထီး ကို ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ အုပ် မှ ဆောင် သွင်း သည့် ပြင်၊
16
ပိုင် ရာ တော် ကို ပြစ် မှား ယုတ် လျော့ သည့် အ စား ပ ရော ဟိတ် အား ဆပ် ပေး ရာ ငါး ဖို့ တစ် ဖို့ တိုး၍ ပေး စေ။ ပ ရော ဟိတ် လည်း ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး ထီး ဖြင့် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။
17
လူ တစ် ဦး သည် မ ပြု ရ ဟု ထာ ဝ ရ ဘု ရား ပ ညတ် တော် မူ သော အ ရာ ရာ ကို ပြု ကျင့် မိ ၍ ပြစ် မှား မှန်း မ သိ သော် လည်း ဒု စ ရိုက် ဝန် ထမ်း သ ဖြင့် ပြစ် ဒဏ် ခံ ထိုက် သည် နှင့်၊
18
ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် သင် ပြတ် သည့် အ လျောက် ကြန် အင် စုံ သော သိုး ထီး ကို ပ ရော ဟိတ် ထံ အုပ် မှ ဆောင် သွင်း စေ။ ပ ရော ဟိတ် သည် ပြစ် မှား မှန်း မ သိ ဘဲ မ တော် တ ဆ ပြု မိ ခြင်း အ ဖို့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။
19
ထာ ဝ ရ ဘု ရား ရှေ့ ပစ် ဒဏ် ခံ ထိုက် သည် မု ချ ဖြစ် သည် နှင့် အ ညီ ပြစ် ဒဏ် ပြေ ရာ သ က္ကာ ဖြစ် သ တည်း ဟု မိန့် တော် မူ ၏။