1
တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် အား ဆင့် ဆို ရ မည့် အ ချက် ဟူ မူ ကား သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သန့် ရှင်း သည် နှင့် အ ညီ သင် တို့ လည်း သန့် ရှင်း ကြ ရ မည်။
2
3
အ သီး အ သီး တို့ သည် ကိုယ့် မိ ဘ ကို ခန့် ညား ခြင်း၊ ငါ့ ဥ ပုသ် နေ့ ကို စောင့် ခြင်း ပြု ကြ လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
4
ရုပ် ပွား ဆင်း တု များ သို့ မ လွှဲ ရ။ ဘု ရား ရုပ် များ ကို မ သွန်း မ လုပ် ကြ ရ။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
5
ထာ ဝ ရ ဘု ရား ထံ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို ဆက် ကပ် သော် စိတ် တော် နှင့် တွေ့ ရန် ပူ ဇော် နည်း ဟူ မူ ကား၊
6
ပူ ဇော် သော နေ့ ချင်း နှင့် နောက် နေ့ ၌ စား ခွင့် ရ လျက် တ တိ ယ နေ့ တိုင် ကျန် သ မျှ ကို ကျွမ်း လောင် စေ။
7
တတိ ယ နေ့၌ စား လျှင် ရွံ ရှာ ဖွယ် ဖြစ် သည့် အ လျောက် စိတ် တော် နှင့် တွေ့ မည် မ ဟုတ် ချေ။
8
စား မိ သော သူ တိုင်း ထာ ဝ ရ ဘု ရား ၏ သီး သန့် ရာ ကို ညှိုး ပုပ် စေ သ ဖြင့် ဒု စ ရိုက် ဝန် ကို ထမ်း လျက် အ မျိုး မှ ပယ် ရှား ခံ ရ မည်။
9
သင် တို့ နေ ပြည် တွင် စ ပါး ရိတ် သိမ်း ကြ သည့် ကာ လ၊ လယ် လုံး ကျွတ် အ စွန်း ပါ ရိတ် ခြင်း၊ ကောက် သင်း ကောက် ခြင်း မ ပြု ရ။
10
စ ပျစ် ခြံ ၌ လည်း ကောက် သင်း ကောက် ခြင်း၊ အ သီး ကြွေ ကို ကောက် ခြင်း မ ပြု ဘဲ ဆင်း ရဲ သား နှင့် ဝင် နေ သူ တို့ အ ဖို့ ချန် ထား လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
11
အ ချင်း ချင်း ခိုး ယူ ခြင်း၊ လှည့် ဖြား ခြင်း၊ မု သာ သုံး ခြင်း မ ပြု ရ။
12
သင့် ဘု ရား သ ခင်၏ နာ မ ညှိုး ပုပ် အောင် နာ မ တော် ကို တိုင် တည် လျက် မု သာ မ ကျိန် မ ဆို ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
13
သူ တစ် ပါး မှ လု ယက် ခြင်း၊ အ တင်း ယူ ခြင်း မ ပြု ရ။ သူ ရင်း ငှါး ခ ကို နံ နက် တိုင် မ ဆိုင်း ရ။
14
နား ပင်း သူ့ ကို ဆဲ ဆို ခြင်း၊ မျက် မ မြင် ရှေ့ ခ လုတ် ထား ခြင်း မ ပြု ရ။ သင့် ဘု ရား သ ခင် ကြောင့် ကြောက် ရွံ့ လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
15
တ ရား မ လွဲ ရ။ နွမ်း ပါး သူ့ မျက် နှာ ကို မ ညှာ၊ ကြီး မြင့် သူ့ မျက် နှာ ကို မ ငဲ့ ဘဲ သူ့ အ မှု ကို တ ရား နှင့် အ ညီ စီ ရင် လော့။
16
သင့် အ မျိုး အ တွင်း လှည့် လည် ကုန်း ချော ခြင်း၊ သူ တစ် ပါး အ ပေါ် တွင် သေ ဘေး သင့် စေ ခြင်း မ ပြု ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
17
ညီ အစ် ကို ချင်း ကို မုန်း ထား စိတ် မ ရှိ ရ။ အ ပေါင်း အ ဖော်၏ အ ပြစ် မ ကူး စက် စေ ရန် ဆုံး မ လော့။
18
အ မျိုး သား ချင်း တို့ ကို လက် စား မ ချေ၊ အ ညှိုး မ ထား ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
19
ငါ့ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် ကြ လော့။ တိ ရိ စ္ဆာန် မျိုး ခြား ကို မိတ် လိုက် စေ ခြင်း၊ လယ် တွင် မျိုး နှစ် မျိုး ကြဲ ခြင်း၊ ကိုယ်၌ ချည် နှစ် မျိုး ရက် ထည် ကို ဝတ် ခြင်း မ ပြု ရ။
20
လူ တစ် ဦး သည် မ ရွေး မ လွတ် သေး သော၊ ကြောင်း လမ်း ပြီး ကျွန် မိန်း မ နှင့် အိပ် စက် လျှင် စစ် ဆေး စီ ရင် ခြင်း ခံ ရ မည်။ အ လွတ် မိန်း မ မ ဟုတ် သော ကြောင့် သေ ဒဏ် မ ခံ ကြ ရ။
21
ထို သူ သည် တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး၊ ထာ ဝ ရ ဘု ရား ထံ အ ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် သိုး ထီး တစ် ကောင် ကို တင် သွင်း ရာ၊
22
ပ ရော ဟိတ် သည် ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး ဖြင့် မှား မိ သော အ ပြစ် အ ဖို့ ထာ ဝ ရ ဘု ရား ရှေ့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။
23
သင် တို့ နေ ပြည် သို့ ရောက်၍ သီး စား ပင် အ မျိုး မျိုး ကို စိုက် ပြီး နောက် သုံး နှစ် ပတ် လုံး လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သေး သ ဖွယ် မှတ် လျက် အ သီး ကို မ စား ကြ ရ။
24
လေး နှစ် မြောက် သော် သီး သ မျှ သော အ သီး သည် ထာ ဝ ရ ဘု ရား အား သြ ဘာ ဆက် ရာ အ ဖြစ် သီး သန့် လိမ့် မည်။
25
ငါး နှစ် မြောက် မူ ကား သီး သော အ သီး သည် သင် တို့ ပိုင် ပင် ထွက် ဖြစ် ထိုက် သည့် အ လျောက် စား ခွင့် ရ ကြ မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
26
အ သွေး ပါ သော အ စာ ကို မ စား ရ။ ဇော် ဂ နီ အ တတ်၊ ဗေ ဒင် အ တတ် ကို မ လေ့ လာ ကြ ရ။
27
န ဖူး ထိပ် ဆံ ရိတ် ခြင်း၊ ပါး မြိုင်း ဖြတ် ခြင်း မ ပြု ကြ ရ။
28
သူ သေ တို့ အ တွက် အ သား အ ရေ ကို မ လှီး ရ။ ဆေး မင် မ ထိုး ကြ ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
29
နေ ပြည် သည် ပြည် တန် ဆာ ကြောင့် အ ဗြ ဟ္မ မှု နှင့် မ ပြည့် စေ ရန်၊ သင့် သ မီး ကို ပြည် တန် ဆာ အ ဖြစ် မ ရှုတ် ချ ရ။
30
ငါ့ ဥ ပုသ် နေ့ ကို စောင့် ရှောက် ခြင်း၊ သန့် ရှင်း ရာ ဌာ န ကို ခန့် ညား ခြင်း ပြု ကြ လော့၊ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
31
က ဝေ နှင့် မှော် ဆ ရာ များ သို့ မ လွှဲ နှင့်။ ညစ် ညူး ရာ မ ရောက် ရန် သူ တို့ ကို မ လိုက် မ ရှာ ကြ ရ။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
32
ဆံ ဖြူ သူ့ ရှေ့ ရပ် ခြင်း၊ အ သက် ကြီး သူ၏ မျက် နှာ ကို ရို သေ ခြင်း၊ သင့် ဘု ရား သ ခင် ကို ကြောက် ရွံ့ ခြင်း ပြု လော့။
33
ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ နေ ပြည် တွင် သင့် ထံ ဝင် နေ သူ လူ မျိုး ခြား ကို မ လု မ ယက် ရ။
34
သင် တို့ သည် အိ ဂျစ် ပြည် တွင် ဝင် နေ သူ အ ဖြစ် နှင့် နေ ခဲ့ ရ ဖူး သည် နှင့် အ ညီ ဝင် နေ သူ့ ကို သင် တို့ တိုင်း ရင်း သား ကဲ့ သို့ မှတ်၍ ကိုယ် နှင့် အ မျှ ချစ် ကြ ရ မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
35
စီ ရင် မှု၊ တိုင်း တာ မှု၊ ချိန် စက် မှု၊ ခင် တွယ် မှု များ၌ စဉ်း လဲ ခြင်း မ ပြု ကြ ရ။
36
မှန် သော ချိန် ခွင်၊ မှန် သော အ လေး၊ မှန် သော တင်း၊ မှန် သော ခြင့် ခွက် များ ကို သုံး ပြ ရ မည်။ ငါ သည် အိ ဂျစ် ပြည် မှ သင် တို့ ကို ထုတ် ဆောင် ခဲ့ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
37
ငါ့ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် ရှိ သ မျှ ကို စောင့် ရှောက် ပြု ကျင့် ကြ လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း ဟူ၍ ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။